ဦးခေါင်းကြီးရောဂါ (Macrocephaly) အကြောင်း သိကောင်းစရာများ

  • 14 Feb, 2020
  • ကလေးကျန်းမာရေး

ဦးခေါင်းကြီးရောဂါ ဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ ဦးခေါင်းအရွယ်အစား အလွန်အမင်း ကြီးထွားနေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဦးခေါင်းကြီးရောဂါကို ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်ပွားနေခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဦးခေါင်းကြီးရောဂါကို တစ်ခါတရံမှာ မျိုးရိုးလိုက်ခြင်းကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။

ဦးခေါင်းကြီးရောဂါ ဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ ဦးခေါင်းအရွယ်အစား အလွန်အမင်း ကြီးထွားနေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဦးခေါင်းကြီးရောဂါကို ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်ပွားနေခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဦးခေါင်းကြီးရောဂါကို တစ်ခါတရံမှာ မျိုးရိုးလိုက်ခြင်းကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။

ဦးခေါင်းကြီးရောဂါကို အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမရွေး ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့် အော်တစ်ဇင် ဝေဒနာသည် ကလေးငယ်တွေ အနေနဲ့ ဦးခေါင်းကြီး ရောဂါကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ မွေးကင်းစ ကလေးငယ် အနေနဲ့ ဦးခေါင်းကြီးခြင်း သီးသန့်ကိုသာ ခံစားခဲ့ရမယ်ဆိုရင် စိုးရိမ်ပူပန်စရာ လိုအပ်မှာ မဟုတ်ပေမယ့် ဦးခေါင်းကြီးခြင်း အပြင် ဦးနှောက်တွင်း အရည်ကြည်များ စုစည်းသွားခြင်းကိုပါ တွဲဖက် ခံစားခဲ့ရမယ် ဆိုရင်တော့ အမြန်ဆုံး ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဦးခေါင်းကြီးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း
  • ဦးနှောက်အကျိတ်တည်ခြင်း
  • ဇီဝကမ္မဖြစ်စဥ် ချို့ယွင်းခြင်း
  • အချို့သော ကူးစက်ရောဂါများ ခံစားနေရခြင်း
  • အလက်ဇန်းဒါးရောဂါ ခံစားနေရခြင်း
  • (Sotos Syndrome) ရောဂါ ခံစားနေရခြင်း
  • မျိုးရိုးလိုက်ခြင်း
  • နာတာရှည် ဦးခေါင်းခွံတွင်း သွေးယိုစိမ့်ခြင်း
  • မျိုးရိုးဗီဇမူမမှန်မှုဆိုင်ရာ ရောဂါများ ခံစားနေရခြင်း

မျိုးရိုးလိုက်ခြင်းကြောင့် ဦးခေါင်းကြီးရောဂါ သီးသန့်ကို ခံစားရတဲ့ အခါမှာ အခြားသော ရောဂါ ဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အခြားသော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် ဦးခေါင်းကြီး ရောဂါကို ခံစားခဲ့ရမယ် ဆိုရင်တော့ အောက်ပါ ရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဦးခေါင်းခွံ ကြီးထွားလာခြင်း
  • အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကြီးထွားနှုန်း ကျဆင်းခြင်း
  • မျက်လုံးလှုပ်ရှားမှု မူမမှန်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • မကြာခဏ အိပ်ချင်စိတ် ဖြစ်ပေါ်ခြင်း
  • စိတ်ဝေဒနာများ ခံစားရခြင်း
  • အော့အန်ခြင်း
  • စိတ်ခံစားချက် မူမမှန်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • သွေးကြောဖောင်းခြင်း
  • ဦးခေါင်းထိပ် အဖုပေါက်ခြင်း

တကယ်လို့ ဦးခေါင်းကြီးခြင်း အပြင် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကိုပါ တွဲဖက် ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။ ဦးခေါင်းကြီးခြင်းကို ကုသရာမှာ ဦးခေါင်းကြီးခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါအခြေအနေပုံ မူတည်ပြီး ကုသမှု ပုံစံတွေလည်း တူညီမှာ မဟုတ်ပါဘူး။

ဦးခေါင်းကြီးခြင်း သီးသန့်ကိုသာ ခံစားခဲ့ရမယ်ဆိုရင် ဆေးဝါးကုသမှုတွေ ခံယူဖို့ လိုအပ်မှာ မဟုတ်ပေမယ့် မျိုးရိုးဗီဇ မူမမှန်ခြင်းကြောင့် ဦးခေါင်းကြီးခြင်းကို ခံစားခဲ့ရမယ်ဆိုရင် အလုပ်အကိုင်ကုထုံး၊ အပြုအမူကုထုံး၊ စကားပြောကုထုံး၊ ရုပ်ပိုင်းဆိုင်ရာကုထုံးစတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကြောင့် ဦးခေါင်းကြီးခြင်းကို ခံစားခဲ့ရမယ် ဆိုရင်တော့ ခွဲစိတ်ကုသမှုတွေ ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဦးနှောက်အကျိတ်ဖြစ်ခြင်းကြောင့် ဦးခေါင်းကြီးခြင်းကို ခံစားခဲ့ရမယ် ဆိုရင် ခွဲစိတ်ကုသခြင်း၊ ကီမိုဆေးသွင်းကုသခြင်း၊ ဓာတ်ကင်ကုသခြင်းစတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာ ပျောက်ကင်းအောင် ကုသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.