ပါကင်ဆန်ရောဂါ (Parkinson Disease) ဆိုတာ ဘာလဲ

  • 13 Feb, 2020
  • အဖြစ်များသောရောဂါများ

ပါကင်ဆန်ရောဂါ ဆိုတာကတော့ ဒိုပါမင်းဟော်မုန်းကို ထုတ်လွှတ်ပေးလျက်ရှိတဲ့ အာရုံကြောဆဲလ်များကို ပျက်စီးစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ အာရုံကြောဆဲလ်တွေ ပျက်စီးသွားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ဒိုပါမင်းဟော်မုန်း ပမာဏလည်း ကျဆင်းသွားမှာဖြစ်ပြီး ခန္ဓာကိုယ် လှုပ်ရှားမှုဆိုင်ရာ နှောင့်နှေးခြင်းတွေ၊ စိတ်ခံစားမှုဆိုင်ရာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပါကင်ဆန်ရောဂါ ဆိုတာကတော့ ဒိုပါမင်းဟော်မုန်းကို ထုတ်လွှတ်ပေးလျက်ရှိတဲ့ အာရုံကြောဆဲလ်များကို ပျက်စီးစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ အာရုံကြောဆဲလ်တွေ ပျက်စီးသွားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ဒိုပါမင်းဟော်မုန်း ပမာဏလည်း ကျဆင်းသွားမှာဖြစ်ပြီး ခန္ဓာကိုယ် လှုပ်ရှားမှုဆိုင်ရာ နှောင့်နှေးခြင်းတွေ၊ စိတ်ခံစားမှုဆိုင်ရာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပါကင်ဆန်ရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် လေ့လာတွေ့ရှိချက်များအရ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေများကြောင့် ခံစားရလေ့ ရှိကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်းကြောင့်လည်း ပါကင်ဆန်ရောဂါကို ခံစားရနိုင်ပါတယ်။ ပါကင်ဆန်ရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အမျိုးသားဖြစ်ခြင်း

အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေထက် ပါကင်ဆန်ရောဂါကို နှစ်ဆခန့် ပိုမို ခံစားရလေ့ ရှိကြပါတယ်။

  • လူဖြူဖြစ်ခြင်း

ဥရောပတိုက်သားတွေဟာ ပါကင်ဆန်ရောဂါကို အာရှတိုက်သားတွေ၊ အာဖရိကတိုက်သားတွေ၊ အမေရိကတိုက်သားတွေထက် ပိုမို ခံစားရလေ့ ရှိကြပါတယ်။

  • အသက်အရွယ် ကြီးမြင့်ခြင်း

အသက် (၅၀) အထက် လူပုဂ္ဂိုလ်တွေ အနေနဲ့ ပါကင်ဆန်ရောဂါကို အသက် (၅၀) အောက် လူပုဂ္ဂိုလ်တွေထက် ပိုမို ခံစားရမှာ ဖြစ်ပါတယ်။

  • မျိုးရိုးလိုက်ခြင်း

တကယ်လို့ မိဘဆွေမျိုးတွေ အထဲမှာ ပါကင်ဆန်ရောဂါ ခံစားခဲ့ဖူးသူ ရှိနေခဲ့မယ် ဆိုရင်လည်း သင့်အနေနဲ့ ပါကင်ဆန်ရောဂါကို ခံစားရနိုင်ပါတယ်။

  • အဆိပ်မိခြင်း

ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ကို ဖြစ်စေနိုင်တဲ့ ဓာတုဗေဒ လုပ်ငန်းခွင်တွေမှာ ကာလရှည် အလုပ် လုပ်ကိုင်ခဲ့မယ် ဆိုရင်လည်း ပါကင်ဆန်ရောဂါကို ခံစားရနိုင်ပါတယ်။

ပါကင်ဆန်ရောဂါကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါဝေဒနာတွေ တစ်ဦးနဲ့ တစ်ဦး တူညီနိုင်မှာ မဟုတ်သလို ပါကင်ဆန်ရောဂါကို စတင် ခံစားရစဥ် အချိန်မှာ များသောအားဖြင့် ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အနံ့ခံအာရုံ ပျက်စီးခြင်း
  • ဝမ်းချုပ်ခြင်း
  • အသံပြောင်းလဲခြင်း
  • လှုပ်ရှားရ ခက်ခဲခြင်း
  • ခန္ဓာကိုယ်ဟန်ချက် ထိန်းညှိနိုင်စွမ်း မရှိခြင်း
  • မျက်နှာအမူအရာ ပြောင်းလဲခြင်း
  • စာရေးရခက်ခဲခြင်း
  • စိတ်ကျခြင်း
  • အစာစားရ ခက်ခဲခြင်း
  • ဆီးသွားရ ခက်ခဲခြင်း
  • အ‌ရေပြားဆိုင်ရာ ရောဂါများ ခံစားရခြင်း
  • ခြေလက်များ တုန်ရီခြင်း
  • ခြေလက်များ နာကျင်ခြင်း
  • အိပ်မပျော်ခြင်း
  • စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်း
  • အမြင်အာရုံဝေဝါးခြင်း

ပါကင်ဆန်ရောဂါကို အရှင်း ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းတွေ လက်ရှိအချိန်ထိ ပေါ်ပေါက်ခြင်း မရှိသေးဘူး ဆိုပေမယ့် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းအောင်၊ ရောဂါဝေဒနာတွေ ထပ်မံ တိုးပွားလာခြင်း မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းပေါင်း များစွာတော့ တည်ရှိလျက် ရှိပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို စတင် ခံစားလာရပြီဆိုရင် ပါကင်ဆန်ရောဂါ ဖြစ်ပွားနေခြင်း ရှိမရှိ သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပြီး ဆေးဝါးကုသမှုတွေ အမြန်ဆုံး ခံယူသင့်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.