အစာချေလမ်းကြောင်း အနာပေါက်ခြင်း (Ulcerative Colitis)
- 11 Feb, 2020
- အဖြစ်များသောရောဂါများ
အစာချေလမ်းကြောင်း အနာပေါက်ခြင်း ဆိုတာကတော့ အူသိမ်အူမရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာချေလမ်းကြောင်း အနာပေါက်ခြင်းကို အူမကြီး အတွင်းသား နံရံတွေ၊ စအိုလမ်းကြောင်းတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ အစာချေလမ်းကြောင်း အနာပေါက်ခြင်းကို စအိုလမ်းကြောင်းမှာ စတင် ခံစားရလေ့ရှိပြီး အချိန် ကြာမြင့်လာတာနဲ့အမျှ အူမကြီး တစ်ခုလုံးကို ကူးစက်သွားလေ့ ရှိကြပါတယ်။
အစာချေလမ်းကြောင်း အနာပေါက်ခြင်း ဆိုတာကတော့
အူသိမ်အူမရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
အစာချေလမ်းကြောင်း အနာပေါက်ခြင်းကို အူမကြီး အတွင်းသား နံရံတွေ၊
စအိုလမ်းကြောင်းတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ အစာချေလမ်းကြောင်း
အနာပေါက်ခြင်းကို စအိုလမ်းကြောင်းမှာ စတင် ခံစားရလေ့ရှိပြီး အချိန်
ကြာမြင့်လာတာနဲ့အမျှ အူမကြီး တစ်ခုလုံးကို ကူးစက်သွားလေ့ ရှိကြပါတယ်။
အစာချေလမ်းကြောင်း အနာပေါက်ခြင်းကို များသောအားဖြင့်
ခန္ဓာကိုယ် ခုခံအားစနစ် ဖောက်ပြန်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင်
လူလတ်ပိုင်းဖြစ်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊
တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း၊ အမျိုးသားဖြစ်ခြင်းစတဲ့
အကြောင်းအရင်းများကြောင့်လည်း အစာချေလမ်းကြောင်း အနာပေါက်ခြင်းကို
ခံစားရနိုင်ပါတယ်။
အစာချေလမ်းကြောင်း အနာပေါက်ခြင်းကြောင့် အောက်ပါ
ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်ခြင်း
- သွေးဝမ်းသွားခြင်း
- ဝမ်းလျှောခြင်း
- ဖျားနာခြင်း
- စအိုဝနာကျင်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- အစာစားချင်စိတ်မရှိခြင်း
- မောပန်းနွမ်းနယ်ခြင်း
- သွေးအားနည်းခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- မကြာခဏ ဝမ်းသွားချင်စိတ် ဖြစ်ပွားခြင်း
ဒါ့အပြင် အစာချေလမ်းကြောင်း အနာပေါက်ခြင်းကြောင့်
အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ မူးဝေခြင်း၊
အရေပြားရောဂါများ ခံစားရခြင်း၊ ပါးစပ်တွင်း အနာပေါက်ခြင်း၊
မျက်လုံးရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရပြီး ရက်အနည်းငယ် ကြာမြင့်တဲ့ အထိ သက်သာ ပျောက်ကင်းခဲ့ခြင်း မရှိဘူး
ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် ကုသမှုတွေ အမြန်ဆုံး ခံယူသင့်ပါတယ်။
အစာချေလမ်းကြောင်း အနာပေါက်ခြင်းကို ကာကွယ်နိုင်မယ့်
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရေဓာတ် ပြန်လည် ဖြည့်တင်းပေးခြင်း
- အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း
- အစားအစာကို နည်းနည်းနဲ့ မကြာခဏ စားသုံးပေးခြင်း
- အဆီဓာတ် လွန်ကဲသော အစားအစာများ စားသုံးမှုကို
ရှောင်ကြဥ်ခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
REF: HealthLine, MedicalNewsToday
