ဦးနှောက်စား အမီးဘားကောင် (Brain-Eating Amoeba) အကြောင်း သိကောင်းစရာများ

  • 07 Feb, 2020
  • အဖြစ်များသောရောဂါများ

အမီးဘားကောင် ဆိုတာကတော့ ဆဲလ်တစ်ခုတည်းသာ ပါရှိတဲ့ သက်ရှိသတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်စား အမီးဘားကောင်တွေကို (Naegleria Fowleri) လို့ ခေါ်ဆိုလေ့ ရှိကြပြီး အဆိုပါ အမီဘားကောင်ကို သြစတျေးလျ နိုင်ငံမှာ စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ (Naegleria) မျိုးနွယ်ဝင် အမီဘားကောင်ပေါင်း များစွာ တည်ရှိလျက် ရှိပေမယ့် (Fowleri) မျိုးနွယ် တစ်ခုတည်းကသာ လူသားတွေကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။

အမီးဘားကောင် ဆိုတာကတော့ ဆဲလ်တစ်ခုတည်းသာ ပါရှိတဲ့ သက်ရှိသတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်စား အမီးဘားကောင်တွေကို (Naegleria Fowleri) လို့ ခေါ်ဆိုလေ့ ရှိကြပြီး အဆိုပါ အမီဘားကောင်ကို သြစတျေးလျ နိုင်ငံမှာ စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ (Naegleria) မျိုးနွယ်ဝင် အမီဘားကောင်ပေါင်း များစွာ တည်ရှိလျက် ရှိပေမယ့် (Fowleri) မျိုးနွယ် တစ်ခုတည်းကသာ လူသားတွေကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။

ဦးနှောက်စား အမီးဘားကောင်လို့ လူအများစုက ခေါ်ဆိုကြပေမယ့်လည်း အဆိုပါ အမီဘားကောင်တွေ အနေနဲ့ ဦးနှောက်ကို တကယ် စားသုံးခြင်း မရှိပါဘူး။ ဦးနှောက်စား အမီးဘားကောင် ကူးစက်ခြင်းခံရတဲ့ အခါမှာ ဦးနှောက် ပျက်စီးခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာဖြစ်ပြီး တစ်ခါတရံမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဦးနှောက်စား အမီးဘားကောင်တွေကို ရေချိုအိုင်တွေ၊ အပူပိုင်းဒေသတွေ၊ ကျောက်ဆောင်တွေ၊ ရွှံ့နွံတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ သန့်စင်ထားခြင်းမရှိတဲ့ ရေတွေ၊ ရေပူစမ်းတွေ၊ ဖုန်မှုန့်တွေ အတွင်းမှာ မြင်တွေ့နိုင်ပါတယ်။

ဦးနှောက်စား အမီးဘားကောင်တွေ အနေနဲ့ မသန့်ရှင်းတဲ့ရေတွေ၊ ဖုန်မှုန့်တွေကနေ တစ်ဆင့် နှာခေါင်းအတွင်း ဝင်ရောက်လာလေ့ရှိပြီး ဦးနှောက်ကို ကူးစက်သွားလေ့ရှိကြပါတယ်။ ဦးနှောက်စား အမီးဘားကောင် ကူးစက်ခြင်းကြောင့် လူအများစု အနေနဲ့ ရောဂါဝေဒနာတွေ ခံစားရလေ့ မရှိပေမယ့် တစ်ခါတရံမှာ -

  • ဖျားနာခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • အိပ်မပျော်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေ အပြင် လည်ပင်းနာခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိမ်းနိုင်ခြင်း၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဦးနှောက်စား အမီးဘားကောင် ကူးစက်ခြင်းခံရခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။

ဦးနှောက်စား အမီးဘားကောင် ကူးစက်ခံရတဲ့ အခါမှာ မှိုပိုးသတ်ဆေးတွေကို ကျောရိုးမအတွင်း ထိုးသွင်းခြင်း နည်းလမ်းဖြင့် ကုသနိုင်မှာ ဖြစ်ပေမယ့် အသက်ရှင်သူ ရာခိုင်နှုန်းကတော့ လက်ရှိအချိန်ထိ နည်းပါးနေစဲပဲ ဖြစ်ပါတယ်။

ဦးနှောက်စား အမီးဘားကောင် ကူးစက်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ 

  • မြစ်ချောင်းအင်းအိုင်တွေမှာ ရေချိုးခြင်းကို ရှောင်ကြဥ်ခြင်း
  • သန့်စင်ထားသော ရေများကိုသာ သောက်သုံးခြင်း
  • ဖုန်ထူထပ်သော နေရာများ သွားလာမှုကို ရှောင်ကြဥ်ခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.