အမျိုးသားများ သွေးဆုံးခြင်း (Andropause)

  • 07 Feb, 2020
  • မျိုးဆက်ပွားကျန်းမာ‌ရေး

အမျိုးသားများ သွေးဆုံးခြင်း ဆိုတာကတော့ အမျိုးသမီးများနည်းတူ အသက်ကြီးလာတာနဲ့အမျှ ဟေ်မုန်း ပြောင်းလဲမှုများကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း (Testosterone) ပမာဏ နည်းပါးသွားခြင်းကြောင့် သွေးဆုံးခြင်းကို ခံစားရတာ ဖြစ်ပါတယ်။

အမျိုးသားများ သွေးဆုံးခြင်း ဆိုတာကတော့ အမျိုးသမီးများနည်းတူ အသက်ကြီးလာတာနဲ့အမျှ ဟေ်မုန်း ပြောင်းလဲမှုများကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း (Testosterone) ပမာဏ နည်းပါးသွားခြင်းကြောင့် သွေးဆုံးခြင်းကို ခံစားရတာ ဖြစ်ပါတယ်။

အမျိုးသားများ သွေးဆုံးခြင်းကို အသက် (၅၀) နဲ့ အထက် အမျိုးသားတွေ အနေနဲ့ ပိုမို ခံစားနေရလေ့ ရှိကြပါတယ်။ အမျိုးသားများ သွေးဆုံးခြင်းကို ခံစားရတဲ့ အခါမှာ -

  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ဓာတ်ကျခြင်း
  • ကြေကွဲဝမ်းနည်းလွယ်ခြင်း
  • စိတ်ဓာတ်တက်ကြွမှု ကျဆင်းခြင်း
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းခြင်း
  • အာရုံစူးစိုက်၍မရခြင်း
  • အသားအရေ ခြောက်သွေ့ခြင်း
  • ချွေးထွက်လွန်ခြင်း
  • အိပ်မပျော်ခြင်း
  • အဝလွန်ခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • ရင်သားကြီးထွားလာခြင်း
  • အရိုးသိပ်သည်းဆ ကျဆင်းခြင်း
  • လိင်စိတ်ဆန္ဒ လျော့နည်းခြင်း
  • ပန်းသေပန်းညှိုးခြင်း
  • မျိုးပွားနိုင်စွမ်း ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

အမျိုးသားများ သွေးဆုံးခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း လျော့နည်းလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ အသက် (၃၀) ကျော်လွန်လာတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း ထုတ်လွှတ်မှု တဖြည်းဖြည်းနဲ့ လျော့နည်းလာတာကို စတင် ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ခံစားနေရခြင်း၊ အဝလွန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း အမျိုးသားများ သွေးဆုံးခြင်းကို ခံစားရနိုင်ပါတယ်။

အမျိုးသားများ သွေးဆုံးခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်မှု နည်းပါးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း
  • အိပ်ချိန်မမှန်ခြင်း
  • စိတ်ဖိစီးမှု များပြားခြင်း

အမျိုးသားများ သွေးဆုံးခြင်းကို ကုသချင်တယ် ဒါမှမဟုတ် ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း
  • ကောင်းမွန်စွာ အိပ်စက် အနားယူခြင်း
  • စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.