သရက်ရွက်ကင်ဆာ (Spleen Cancer) အကြောင်း သိကောင်းစရာများ
- 05 Feb, 2020
- ကင်ဆာရောဂါများ
သရက်ရွက်ဆိုတာကတော့ ကျောရိုးရှိ သတ္တဝါ အများစုမှာ မြင်တွေ့နိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ သရက်ရွက် အနေနဲ့ ပျက်ဆီးသွားတဲ့ သွေးဆဲလ်များကို ဖယ်ထုတ်ပေးခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်း မရှိအောင် သွေးဖြူဥများ ထုတ်လုပ်ပေးခြင်း၊ သွေးနီဥများကို သိမ်းဆည်းပေးထားခြင်းစတဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။
သရက်ရွက်ဆိုတာကတော့ ကျောရိုးရှိ သတ္တဝါ အများစုမှာ
မြင်တွေ့နိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ သရက်ရွက် အနေနဲ့
ပျက်ဆီးသွားတဲ့ သွေးဆဲလ်များကို ဖယ်ထုတ်ပေးခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်း
မရှိအောင် သွေးဖြူဥများ ထုတ်လုပ်ပေးခြင်း၊ သွေးနီဥများကို
သိမ်းဆည်းပေးထားခြင်းစတဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။
သရက်ရွက်ကင်ဆာကို အမျိုးအစားအားဖြင့် နှစ်မျိုး ခွဲခြား
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- ပင်မ သရက်ရွက်ကင်ဆာ
ပင်မ သရက်ရွက်ကင်ဆာ ဆိုတာကတော့ ရှင်းပါတယ်။ သရက်ရွက်မှာ
ကင်ဆာကျိတ်တွေ စတင် ဖြစ်တည်လာခဲ့မယ်ဆိုရင် ပင်မ သရက်ရွက်ကင်ဆာ အဖြစ်
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- ပြန့်ပွား သရက်ရွက်ကင်ဆာ
ပြန့်ပွား သရက်ရွက်ကင်ဆာ ဆိုတာကတော့ အခြားသော ခန္ဓာကိုယ်
အစိတ်အပိုင်းတွေမှာ ဖြစ်ပွားစေတဲ့ ကင်ဆာကျိတ်တွေ သရက်ရွက် အတွင်း
ပြန့်ပွားလာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
သရက်ရွက်ကင်ဆာကို များသောအားဖြင့် လင်ဖိုးမား သွေးကင်ဆာ၊ လူကီးမီးယား
သွေးကင်ဆာစတဲ့ ကင်ဆာရောဂါများ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့ ရှိသလို တစ်ခါတရံမှာ
ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ မှဲ့ကင်ဆာစတဲ့ ကင်ဆာရောဂါများ ဖြစ်ပွားခြင်းကြောင့်လည်း
ခံစားရလေ့ ရှိပါတယ်။ သရက်ရွက်ကင်ဆာကို ဖြစ်ပွားစေတဲ့ အခြားသော
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အမျိုးသားဖြစ်ခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- ခုခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါများ ခံစားနေရခြင်း
- ဆေးလိပ်သောက်ခြင်း
- မျိုးရိုးလိုက်ခြင်း
- ဓာတ်ကင်ကုသမှု၊ ကီမိုဆေးသွင်းကုသမှု ခံယူဖူးခြင်း
- ဒေါင်းဆင်ဒရုန်း ခံစားနေရခြင်း
သရက်ရွက်ကင်ဆာကို ခံစားရတဲ့ အခါမှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊
အစာစားချင်စိတ် မရှိခြင်း၊ ဝမ်းဗိုက်အပေါ် ဘယ်ဘက်အခြမ်း နာကျင်ခြင်း၊ မကြာခဏ
ကူးစက်ရောဂါများ ခံစားရခြင်း၊ သွေးထွက်လွယ်ခြင်း၊ သရက်ရွက် ကြီးလာခြင်း၊ သွေးအားနည်းရောဂါ
ခံစားရခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ ပြန်ရည်ကျိတ်များ
ကြီးထွားလာခြင်း၊ ချွေးထွက်လွန်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ဗိုက်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်း၊
ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါ ဝေဒနာတွေကို
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သရက်ရွက်ကင်ဆာ ခံစားနေရခြင်း ရှိမရှိ
အမြန်ဆုံး စမ်းသပ် စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။
သရက်ရွက်ကင်ဆာကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
- ဓာတ်ကင်ကုသခြင်း
- ကီမိုဆေးသွင်းကုသခြင်း
- ပင်မဆဲလ်အစားထိုးကုသခြင်း
သရက်ရွက်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- အကာအကွယ် မပါဘဲ လိင်ဆံမှုကို ရှောင်ကြဥ်ခြင်း
- တစ်ကိုယ်ရေသုံး ပစ္စည်းများ မျှဝေသုံးစွဲမှုကို
ရှောင်ကြဥ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံများကို စားသုံးပေးခြင်း
- လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးခြင်း
REF: HealthLine, MedicalNewsToday
