စတီဗင်ဂျွန်ဆင်ရောဂါ (Stevens-Johnson Syndrome) အကြောင်း သိကောင်းစရာများ

  • 05 Feb, 2020
  • အဖြစ်များသောရောဂါများ

စတီဗင်ဂျွန်ဆင်ရောဂါ ဆိုတာကတော့ အရေပြားဆဲလ်နဲ့ အကျိအချွဲ အမြှေးပါးတွေ ပျက်စီးပြီး အရည်ကြည်ဖုများ ထွက်လာခြင်းကို ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စတီဗင်ဂျွန်ဆင်ရောဂါဆိုတာ အဖြစ်နည်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပေမယ့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်တာကြောင့် စတီဗင်ဂျွန်ဆင် ရောဂါနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

စတီဗင်ဂျွန်ဆင်ရောဂါ ဆိုတာကတော့ အရေပြားဆဲလ်နဲ့ အကျိအချွဲ အမြှေးပါးတွေ ပျက်စီးပြီး အရည်ကြည်ဖုများ ထွက်လာခြင်းကို ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စတီဗင်ဂျွန်ဆင်ရောဂါဆိုတာ အဖြစ်နည်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပေမယ့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်တာကြောင့် စတီဗင်ဂျွန်ဆင် ရောဂါနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

စတီဗင်ဂျွန်ဆင်ရောဂါကို များသေားအားဖြင့် ဆေးဝါးများနဲ့ ဓာတ်မတည့်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ အထူးသဖြင့် ဂေါက်ရောဂါကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေ၊ ကင်ဆာဆေးတွေ၊ စိတ်ရောဂါကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ကူးစက်ရောဂါကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေ သောက်သုံးခြင်းကြောင့် စတီဗင်ဂျွန်ဆင်ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။

ဒါ့အပြင် ရေယုန်ရောဂါ၊ နမိုးနီးယားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ အသည်းရောင်အသားဝါ အေ ရောဂါ၊ ကင်ဆာရောဂါစတဲ့ ဝေဒနာတွေ ဖြစ်ပွားခြင်းကြောင့်လည်း စတီဗင်ဂျွန်ဆင် ရောဂါကို ခံစားရနိုင်သလို ကိုယ်ခံအားနည်းခြင်း၊ မျိုးရိုးလိုက်ခြင်း၊ HLA-B*1502 မျိုးဗီဇဖြစ်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း စတီဗင်ဂျွန်ဆင် ရောဂါကို ခံစားရနိုင်ပါတယ်။

စတီဗင်ဂျွန်ဆင် ရောဂါကို ခံစားရတဲ့ အခါမှာ -

  • ဖျားနာခြင်း
  • အကြောင်းပြချက်မရှိ အရေပြားအနှံ့ နာကျင်ခြင်း
  • အနီရောင်၊ ခရမ်းရောင် အကွက်များ အရေပြားအနှံ့ ပေါ်ပေါက်လာခြင်း
  • အရေပြား၊ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်လုံးနဲ့ လိင်အင်္ဂါတွေမှာ အရည်ကြဖုများ ထွက်ပေါ်လာခြင်း
  • အရေပြားများ ကွာကျခြင်း
  • ဖျားနာခြင်း
  • ဆီးသွားစဥ် နာကျင်ခြင်း
  • ချောင်းဆိုးခြင်း
  • သွားရည်ကျခြင်း
  • လည်ချောင်းနာခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ချောင်းဆိုးခြင်း
  • မျက်စိနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

စတီဗင်ဂျွန်ဆင်ရောဂါကို ခံစားနေရပြီး သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အရေပြားပိုးဝင်ခြင်း၊ အမြင်အာရုံကွယ်ပျောက်ခြင်း၊ သွေးဆိပ်သင့်ခြင်း၊ အရေပြား ပျက်ဆီးခြင်း၊ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများ ကောင်းမွန်စွာ အလုပ်မလုပ်တော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

စတီဗင်ဂျွန်ဆင်ရောဂါကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • စတီဗင်ဂျွန်ဆင်ရောဂါကို ဖြစ်ပွားစေတဲ့ ဆေးဝါးသောက်သုံးမှုကို ရပ်တန့်ပစ်ခြင်း
  • ကယ်လိုရီဓာတ် ပါဝင်မှု များပြားတဲ့ အစားအစာများ စားသုံးပေးခြင်း
  • ရောဂါပိုး ဝင်ရောက်မှုများ မရှိစေရန် အတွက် ပဋိဇီဝဆေးဝါးများ သောက်သုံးခြင်း
  • အနာများကို ဂရုတစိုက် သန့်ရှင်းရေး လုပ်ဆောင်ပေးခြင်း
  • အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
REF: MayoClinicWebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.