ခြေသည်း၊ လက်သည်း မှိုစွဲခြင်း အကြောင်း သိကောင်းစရာများ

  • 30 Jan, 2020
  • အဖြစ်များသောရောဂါများ

မှိုပိုးတွေ အနေနဲ့ ခန္ဓာကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ ဘက်တီးရီးယားတွေနဲ့ အတူတကွ ယှဥ်တွဲနေထိုင်လျက် ရှိကြပါတယ်။ တကယ်လို့ ခန္ဓာကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ တည်ရှိနေတဲ့ မှိုပိုးတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ မှိုပိုးကူးစက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို စတင် ခံစားရစဥ် အချိန်မှာ မှိုပိုးကူးစက်ခံရတဲ့ ခြေသည်း၊ လက်သည်း အပေါ်မှာ အဝါရောင် ဒါမှမဟုတ် အဖြူရောင် အကွက်လေးတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

မှိုပိုးတွေ အနေနဲ့ ခန္ဓာကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ ဘက်တီးရီးယားတွေနဲ့ အတူတကွ ယှဥ်တွဲနေထိုင်လျက် ရှိကြပါတယ်။ တကယ်လို့ ခန္ဓာကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ တည်ရှိနေတဲ့ မှိုပိုးတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ မှိုပိုးကူးစက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို စတင် ခံစားရစဥ် အချိန်မှာ မှိုပိုးကူးစက်ခံရတဲ့ ခြေသည်း၊ လက်သည်း အပေါ်မှာ အဝါရောင် ဒါမှမဟုတ် အဖြူရောင် အကွက်လေးတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို မည်သူမဆို ခံစားရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို အသက်ကြီးရင့်သူတွေ၊ အမျိုးသားတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ သက်ကြီးရွယ်အိုတွေ အနေနဲ့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှုန်းထားကျဆင်းလာတာကြောင့် ခြေသည်း၊ လက်သည်း ထွက်ရှိမှု နိမ့်ကျသွားမှာ ဖြစ်သလို သွေးလည်ပတ်မှုလည်း ကျဆင်းသွားတာကြောင့် ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။

ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးလည်ပတ်မှု နည်းပါးခြင်း
  • ခြေသည်း၊ လက်သည်း ထွက်ရှိမှု နိမ့်ကျခြင်း
  • မျိုးရိုးလိုက်ခြင်း
  • ချွေးထွက်လွန်ခြင်း
  • စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်း
  • လက်သည်းတု၊ ခြေသည်းတုများ ဝတ်ဆင်ခြင်း
  • လေဝင်လေထွက်ကို ပိတ်ဆို့စေတဲ့ ခြေအိတ်၊ လက်အိတ်များ ဝတ်ဆင်ခြင်း
  • လူထူထပ်တဲ့နေရာတွေမှာ ခြေဗလာဖြင့် သွားလာခြင်း
  • ဆီးချိုရောဂါ ဖြစ်ပွားခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရခြင်း
  • ခြေသည်း၊ လက်သည်းမှာ ထိခိုက်ဒဏ်ရာရခြင်း

ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ခံစားရတဲ့ အခါမှာ -

  • ခြေသည်း၊ လက်သည်း ထူလာခြင်း
  • အဖြူရောင် ဒါမှမဟုတ် အဝါရောင် အကွက်များ ပေါ်လာခြင်း
  • ခြေသည်း၊ လက်သည်း ကျိုးလွယ်ခြင်း
  • ခြေသည်း၊ လက်သည်းမှ အနံ့ဆိုးထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ခံစားနေရတဲ့ အပြင် ခြေချောင်း၊ လက်ချောင်းများ နာကျင်ခြင်း၊ ခြေသည်း၊ လက်သည်းများ အမည်းရောင် အဖြစ် အရောင် ပြောင်းသွားခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် ကုသမှုတွေ ခံယူသင့်ပါတယ်။

ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ခြေလက်များကို နေ့စဥ် ပုံမှန် ဆေးကြောသန့်စင်ခြင်း
  • ခြေသည်း၊ လက်သည်း ပုံမှန် ညှပ်ပေးခြင်း
  • ချွေးစုပ်လွယ်တဲ့ ခြေအိတ်၊ လက်အိတ်များကိုသာ ဝတ်ဆင်ခြင်း
  • ရေချိုးပြီးတဲ့ အခါတိုင်း ခြေလက်များကို ခြောက်သွေ့အောင် ထားရှိခြင်း
  • ဖိနပ်ဟောင်းများကို မဝတ်ဆင်ခင် မှိုစွဲခြင်း မရှိအောင် ဂရုတစိုက် သန့်စင်ခြင်း
  • လူထူထပ်တဲ့ နေရာတွေကို သွား‌ရောက်တဲ့ အခါမှာ ဖိနပ် ဝတ်ဆင်ခြင်း
  • ခြေသည်း၊ လက်သည်းတုများ ဝတ်ဆင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.