ချစ်တင်းနှောဖို့ ဆန္ဒမရှိခြင်းရဲ့ ဆိုးကျိုးများ

  • 29 Jan, 2020
  • မျိုးဆက်ပွားကျန်းမာ‌ရေး

ချစ်တင်းနှောဖို့ အလွန်အမင်း စိတ်ပါနေရာကနေ လုံးဝ စိတ်မပါတော့တဲ့ အခြေအနေကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ အလုပ်တွေများနေတဲ့ အခါမျိုးတွေမှာ၊ စိတ်ဖိစီးမှုတွေ များနေတဲ့ အခါမှာ၊ ကျန်းမာရေး မကောင်းတဲ့ အခါမှာ ချစ်တင်းနှောရန် ဆန္ဒတွေ လုံးဝ ကွယ်ပျောက်သွားလေ့ ရှိကြပါတယ်။

ချစ်တင်းနှောဖို့ အလွန်အမင်း စိတ်ပါနေရာကနေ လုံးဝ စိတ်မပါတော့တဲ့ အခြေအနေကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ အလုပ်တွေများနေတဲ့ အခါမျိုးတွေမှာ၊ စိတ်ဖိစီးမှုတွေ များနေတဲ့ အခါမှာ၊ ကျန်းမာရေး မကောင်းတဲ့ အခါမှာ ချစ်တင်းနှောရန် ဆန္ဒတွေ လုံးဝ ကွယ်ပျောက်သွားလေ့ ရှိကြပါတယ်။

ပုံမှန် ချစ်တင်နှောပေးခြင်း မရှိဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့်လည်း စိတ်ကျန်းမာရေးဆိုင်ရာ၊ ကိုယ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုး အနည်းငယ်ကိုတော့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောဖို့ ဆန္ဒမရှိခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • စိတ်ပျော်ရွှင်ဟော်မုန်း (Endorphin) ထုတ်လွှတ်မှု ကျဆင်းခြင်း

လိင်စိတ်ဆန္ဒ ထကြွအောင် နှိုးဆွနေတဲ့ အချိန်မှာ၊ ပြီးမြောက်သွားတဲ့ အချိန်မှာ ခန္ဓာကိုယ်တွင်း စိတ်ပျော်ရွှင် ဟော်မုန်းတွေ ထွက်ရှိလာလေ့ ရှိကြပါတယ်။ အဆိုပါ စိတ်‌ပျော်ရွှင်ဟော်မုန်း အနေနဲ့ နာကျင်မှုတွေကို သက်သာစေသလို ကောင်းမွန်တဲ့ စိတ်ခံစားချက်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်လို့ ချစ်တင်းနှောခြင်း မရှိတော့ဘူးဆိုရင် စိတ်ပျော်ရွှင်ဟော်မုန်း ထွက်ရှိမှု နည်းပါးသွားမှာဖြစ်ပြီး စိတ်ဖိစီးခြင်း၊ ခန္ဓာကိုယ်အနှံ့ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း

လေ့လာတွေ့ရှိချက်တွေအရ ချစ်တင်းနှောဖို့ ဆန္ဒမရှိတော့တဲ့ အခါမှာ ကိုယ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေထက် စိတ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ပိုမိုခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။ အချိန် ကြာမြင့်စွာ ချစ်တင်းနှောမှု မရှိခြင်းကြောင့်ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းခြင်း၊ ရှက်ရွံ့အားငယ်ခြင်း၊ သိမ်ငယ်ခြင်းစတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းခြင်း

အထက်မှာ ဖော်ပြထားတဲ့အတိုင်း လိင်စိတ်ဆန္ဒ ထကြွအောင် နှိုးဆွနေတဲ့ အချိန်မှာ၊ ပြီးမြောက်သွားတဲ့ အချိန်မှာ ထွက်ရှိလာတဲ့ စိတ်ပျော်ရွှင်ဟော်မုန်းများကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေမှာ ဖြစ်ပါတယ်။ အခုလို စိတ်ဖိစီးမှုတွေ ပြေလျော့သွားခြင်းက ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကို များစွာသော အ‌ထောက်အကူ ဖြစ်စေသလို ဖျားနာခြင်း၊ ရောဂါပိုးကူးစက်ခြင်းစတဲ့ ဝေဒနာတွေ ခံစားရမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ချစ်တင်းနှောဖို့ ဆန္ဒ မရှိတော့ဘူး ဆိုရင်တော့ ခန္ဓာကိုယ် ခုခံအားစနစ်လည်း ကျဆင်းသွားမှာဖြစ်ပြီး ရောဂါပိုး အလွယ်တကူ ကူးစက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • မအင်္ဂါခြောက်သွေ့ခြင်း

အမျိုးသမီးတွေ အနေနဲ့လိင်စိတ်ဆန္ဒ ထကြွလာတဲ့ အခါမှာ မအင်္ဂါ တစ်ဝိုက် စိုစွတ်လာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ ချစ်တင်းနှောဖို့ ဆန္ဒမရှိတော့ဘူး ဆိုရင်တော့ မအင်္ဂါ တစ်ဝိုက် စိုစွတ်ခြင်းကို ခံစားရတော့မှာ မဟုတ်တဲ့ အပြင် မအင်္ဂါခြောက်သွေ့ခြင်းကို ခံစားရနိုင်ပါတယ်။ မအင်္ဂါခြောက်သွေ့ခြင်းကြောင့် မအင်္ဂါတစ်ဝိုက် ယားယံခြင်း၊ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • ပန်းသေပန်းညှိုးခြင်း (Erectile Dysfunction)

အမျိုးသားတွေ အနေနဲ့ ပုံမှန် ချစ်တင်းနှောခြင်း မရှိတဲ့ အခါမှာ ပန်းသေပန်းညှိုးခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေ့အရ တစ်ပတ်ကို တစ်ကြိမ်ခန့် ပုံမှန် ချစ်တင်းနှောသူတွေထက် တစ်လကို တစ်ကြိမ်ခန့်သာ ချစ်တင်းနှောသူတွေဟာ ပန်းသေပန်းညှိုးခြင်းကို ပိုမို ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။ ပန်းသေပန်းညှိုးခြင်းကို ခံစားရတဲ့ အခါမှာ ယခင်ထက် လိင်စိတ်ဆန္ဒတွေ ပိုမို လျော့နည်းသွားမှာ ဖြစ်တာကြောင့် ချစ်သူ ရည်းစား၊ လင်မယားတွေ အကြားမှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

REF: Leaf

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.