ရေယုန်ကြီးရောဂါ (Shingles) အကြောင်း သိကောင်းစရာများ
- 29 Jan, 2020
- အဖြစ်များသောရောဂါများ
ရေယုန်ကြီးရောဂါ ဆိုတာကတော့ ရေကျောက်ရောဂါကို ဖြစ်ပွားစေတဲ့ (Varicella Zoster Virus) ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ရေကျောက်ရောဂါ ခံစားရပြီး သက်သာ ပျောက်ကင်းသွားပေမယ့် အဆိုပါ ဗိုင်းရပ်စ် အနေနဲ့ အာရုံကြောစနစ် အတွင်းမှာ နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိနေလေ့ရှိပြီး တစ်ခါတရံမှာ ရေယုန်ကြီးရောဂါ အဖြစ် ပြောင်းလဲ ခံစားရနိုင်ပါတယ်။
ရေယုန်ကြီးရောဂါ ဆိုတာကတော့ ရေကျောက်ရောဂါကို ဖြစ်ပွားစေတဲ့
(Varicella
Zoster Virus) ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
ရေကျောက်ရောဂါ ခံစားရပြီး သက်သာ ပျောက်ကင်းသွားပေမယ့် အဆိုပါ ဗိုင်းရပ်စ် အနေနဲ့
အာရုံကြောစနစ် အတွင်းမှာ နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိနေလေ့ရှိပြီး တစ်ခါတရံမှာ
ရေယုန်ကြီးရောဂါ အဖြစ် ပြောင်းလဲ ခံစားရနိုင်ပါတယ်။
ရေယုန်ကြီးရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို
လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း၊
အသက်အရွယ် ကြီးမြင့်ခြင်း၊ ကင်ဆာရောဂါ ခံစားနေရခြင်း၊ စိတ်ဖိစီးခြင်းစတဲ့
အကြောင်းအရင်းများကြောင့် ခံစားရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက
သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် (Varicella Zoster) ဗိုင်းရပ်စ်ပိုးကို ရေယုန်ကြီးရောဂါ
ခံစားနေရသူရဲ့ အနာတွေကို ထိတွေ့မိရာကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ရေယုန်ကြီးရောဂါကို ခန္ဓာကိုယ်နေရာ အနှံ့အပြားမှာ
ခံစားရနိုင်ပေမယ့် များသောအားဖြင့် ရင်ဘတ်ပေါ်မှာ အရည်ကြည်ဖုများ အတန်းလိုက်
ပေါ်လာခြင်း အဖြစ် ခံစားရလေ့ ရှိကြပါတယ်။ ရေယုန်ကြီးရောဂါကို ခံစားရတဲ့အခါမှာ ယေဘူယျအားဖြင့်
နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ အထိမခံနိုင်ခြင်း၊ အနီရောင် အဖုအပိမ့်များထွက်ခြင်း၊
အရည်ကြည်ဖုများထွက်ခြင်း၊ ယားယံခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊
မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
ရေယုန်ကြီးရောဂါကို ပါးစပ်မှာ ခံစားရတဲ့ အခါမှာ အရေပြား
တင်းမာခြင်း၊ ပါးစပ်တွင်း နာကျင်ခြင်း၊ သွားကိုက်ခြင်း၊ အစာစားရခက်ခဲခြင်း၊
အာခေါင်ပျော့၊ အာခေါင်မာအတွင်း အနာများ ထွက်ပေါ်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
တကယ်လို့ ရေယုန်ကြီးရောဂါကို မျက်စိမှာ ခံစားနေရမယ်ဆိုရင်
မျက်လုံးအနီတစ်ဝိုက် အနီရောင် အဖုအပိမ့်များထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခဏတာ
အမြင်အာရုံ ကွယ်ပျောက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ရေယုန်ကြီးရောဂါကို
နားအနီးတစ်ဝိုက်မှာ ခံစားနေရမယ်ဆိုရင် အကြားအာရုံ ချို့တဲ့ခြင်း၊
ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
သင့်အနေနဲ့ ရေယုန်ကြီးရောဂါကို မျက်စိနဲ့ နားမှာ
ခံစားနေရပြီး သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အမြင်အာရုံ
ကွယ်ပျောက်ခြင်း၊ နားမကြားခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့်
အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။
ရေယုန်ကြီးရောဂါကို ခန္ဓာကိုယ် ပြင်ပ အစိတ်အပိုင်းတွေမှာ
ခံစားရနိုင်သလို ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေမှာလည်း ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေမှာ ရေယုန်ကြီးရောဂါကို ခံစားရတဲ့ အခါမှာ အနာများ
ထွက်ပေါ်ခြင်းကို ခံစားရမှာ မဟုတ်ပေမယ့် ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊
ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
တကယ်လို့ ရေယုန်ကြီး ရောဂါကို သက်သာပျောက်ကင်းအောင်
ကုသခဲ့ခြင်းမရှိဘူးဆိုရင် အာရုံကြော နာကျင်မှုကို ဖြစ်ပွားစေနိုင်တဲ့ ရောဂါ (Postherpetic
Neuralgia)၊ ဦးနှောက်ရောင်ရမ်းခြင်း၊ အာရုံကြောရောင်ရမ်းခြင်း၊
လေဖြတ်ဝေဒနာ၊ အမြင်အာရုံ ကွယ်ပျောက်ခြင်း၊ အကြားအာရုံကွယ်ပျောက်ခြင်း၊
သွေးကြောများ ပျက်စီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် ရေယုန်ကြီး
ရောဂါကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတာနဲ့ အမြန်ဆုံး
သက်သာပျောက်ကင်းအောင် ကုသသင့်ပါတယ်။
REF: MayoClinic, MedicalNewsToday