နှလုံးကွဲခြင်း (Broken Heart Syndrome) အကြောင်း သိကောင်းစရာများ

  • 29 Jan, 2020
  • အဖြစ်များသောရောဂါများ

နှလုံးကွဲခြင်းဆိုတာကတော့ စိတ်ဖိစီးခြင်း၊ စိတ်ခံစားမှုလွန်ကဲခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးကွဲခြင်းကို အသက် ၆၁ နှစ်နဲ့ ၇၆ နှစ်ကြား အမျိုးသမီးတွေ အနေနဲ့ အဓိက ခံစားရလေ့ရှိကြသလို နှလုံးကွဲခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် နှလုံးကွဲခြင်းအကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

နှလုံးကွဲခြင်းဆိုတာကတော့ စိတ်ဖိစီးခြင်း၊ စိတ်ခံစားမှုလွန်ကဲခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးကွဲခြင်းကို အသက် ၆၁ နှစ်နဲ့ ၇၆ နှစ်ကြား အမျိုးသမီးတွေ အနေနဲ့ အဓိက ခံစားရလေ့ရှိကြသလို နှလုံးကွဲခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် နှလုံးကွဲခြင်းအကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

နှလုံးကွဲခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို လက်ရှိအချိန်ထိ အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် လေ့လာတွေ့ရှိချက်တွေအရ ခန္ဓာကိုယ်တွင်း စိတ်ဖိစီးမှု ဟော်မုန်းတွေ များပြားလာပြီး နှလုံးကို ထိခိုက်တဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။

နှလုံးကွဲခြင်းရောဂါဟာ စိတ်ခံစားချက်နဲ့ အဓိက ဆက်နွယ်နေတဲ့ ရောဂါတစ်ခု ဖြစ်တာနဲ့အညီ ချစ်ရသူတစ်ဦး သေဆုံးခြင်း၊ ငွေအမြောက်အများ ဆုံးရှုံးခြင်း၊ ငွေအမြောက်အများ ရရှိခြင်း၊ အပြင်းအထန် ငြင်းခုံခြင်း၊ အလုပ်ထုတ်ခံရခြင်း၊ အိမ်ထောင်ကွဲခြင်း၊ အကြောက်လွန်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့် နှလုံးကွဲခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

ဒါ့အပြင် နှလုံးခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊ ဦးခေါင်းအကျိတ်ဖြစ်ခြင်း၊ နာတာရှည်ဖျားနာခြင်း၊ ပန်းနာရင်ကျပ်ထခြင်း၊ အရိုးကျိုးခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း နှလုံးကွဲခြင်းကို ခံစားရနိုင်သလို အချို့သော ဆေးဝါးများ သုံးစွဲခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အသက်အရွယ်ကြီးမြင့်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ အာရုံကြောဆိုင်ရာ ရောဂါများ ခံစားဖူးခြင်းတို့ကြောင့်လည်း နှလုံးကွဲခြင်းကို ခံစားရနိုင်ပါတယ်။

နှလုံးကွဲခြင်းကို ခံစားရတဲ့ အခါမှာ -

  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • အသက်ရှူမဝခြင်း
  • သတိလစ်ခြင်း
  • နှလုံးခုန်စည်းချက် မူမမှန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

နှလုံးကွဲခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အောက်ပါရောဂါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • သွေးပေါင်ကျခြင်း
  • သွေးခဲခြင်း
  • နှလုံးအလုပ်မလုပ်တော့ခြင်း
  • နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါများ ခံစားရခြင်း

ဒါ့အပြင် နှလုံးကွဲခြင်းကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် သင့်အနေနဲ့ စိတ်ဖိစီးစရာ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရပြီး နောက်ပိုင်းမှာ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရမယ်ဆိုရင် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်ကုသမှုတွေ ခံယူသင့်ပါတယ်။

နှလုံးကွဲခြင်းကို တစ်ကြိမ် ခံစားခဲ့ရမယ်ဆိုရင် နောက်တစ်ကြိမ် ခံစားရဖို့ ရာခိုင်နှုန်း နည်းပါပေမယ့် တစ်ခါတရံမှာ နှလုံးကွဲခြင်းကို ထပ်မံ ခံစားရလေ့ ရှိကြပါတယ်။ နှလုံးကွဲခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသချင်တယ် ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း၊ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ချခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောက်ရွက်သင့်ပါတယ်။

REF: MayoClinicMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.