ပန်းသေပန်းညှိုးခြင်း (Erectile Dysfunction) အကြောင်း သိကောင်းစရာများ
- 29 Jan, 2020
- မျိုးဆက်ပွားကျန်းမာရေး
ပန်းသေပန်းညှိုးခြင်း ဆိုတာကတော့ အမျိုးသားတွေမှာ ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးခြင်းကို ခံစားရတဲ့ အခါမှာ လိင်ဆက်ဆံဖို့ အတွက် ဖိုအင်္ဂါထောင်မတ်နိုင်စွမ်း မရှိခြင်း ဒါမှမဟုတ် ထောင်မတ်မှုကို ထိန်းမထားနိုင်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ပန်းသေပန်းညှိုးခြင်း ဆိုတာကတော့ အမျိုးသားတွေမှာ
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးခြင်းကို ခံစားရတဲ့
အခါမှာ လိင်ဆက်ဆံဖို့ အတွက် ဖိုအင်္ဂါထောင်မတ်နိုင်စွမ်း မရှိခြင်း ဒါမှမဟုတ်
ထောင်မတ်မှုကို ထိန်းမထားနိုင်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။
ပန်းသေပန်းညှိုးခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- တစ်ခါတရံ ပန်းသေပန်းညှိုးခြင်း (Occasional ED)
တစ်ခါတရံ ပန်းသေပန်းညှိုးခြင်းကို စိတ်ဖိစီးမှုတွေ
များနေတဲ့ အခါမှာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းနေတဲ့ အခါမျိုးတွေမှာ
ဒါမှမဟုတ် လိင်ဆက်ဆံဖော် နှစ်ဦးအကြား ပြဿနာလေးတွေ ရှိနေတဲ့ အခါမျိုးတွေမှာ
ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံ ပန်းသေပန်းညှိုးခြင်းကို ခံစားရတဲ့ အခါမှာ
ဆေးဝါးကုသမှုတွေ ခံယူဖို့ လိုအပ်မှာ မဟုတ်ပါဘူး။
- မကြာခဏ ပန်းသေပန်းညှိုးခြင်း (Frequent ED)
မကြာခဏ ပန်းသေပန်းညှိုးခြင်းကိုတော့ ကျန်းမာရေးဆိုင်ရာ
ချို့ယွင်းချက် တစ်ခုခု ရှိနေတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့
မကြာခဏ ပန်းသေပန်းညှိုးခြင်းကို ခံစားနေရမယ် ဆိုရင်တော့ ဆေးဝါးကုသမှုတွေ ခံယူဖို့
လိုအပ်ပါတယ်။
ပန်းသေပန်းညှိုးခြင်းကို ခံစားရတဲ့ အခါမှာ လိင်အင်္ဂါ
ထောင်မတ်မှုကို ထိန်းမထားနိုင်ခြင်း၊ လိင်အင်္ဂါ ထောင်မတ်နိုင်စွမ်း မရှိခြင်း၊
လိင်စိတ်နည်းပါးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့
အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေ အပြင် သုက်ထွက်မြန်ခြင်း၊ သုက်ထွက်နောက်ကျခြင်းစတဲ့
ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး
ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
ပန်းသေပန်းညှိုးခြင်းကို -
- နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
- ဆီးချိုရောဂါဖြစ်ပွားခြင်း
- သွေးပေါင်တက်ခြင်း
- ကိုလက်စထရော ပမာဏ မြင့်တက်ခြင်း
- အဝလွန်ခြင်း
- ကျားဟော်မုန်း ပမာဏ နည်းပါးခြင်း
- ဟော်မုန်းမျှတမှု မရှိခြင်း
- ကျောက်ကပ်ရောဂါ ခံစားနေရခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- စိတ်ဖိစီးခြင်း
- စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း
- စိတ်ကျဝေဒနာ ခံစားနေရခြင်း
- အချို့သော ဆေးဝါးများ သောက်သုံးခြင်း
- မူးယစ်ဆေးဝါး သုံးစွဲခြင်း
- ဆေးရွက်ကြီး သုံးစွဲခြင်း
- ဆီးခုံတစ်ဝိုက် ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
- ပါကင်ဆန်ရောဂါ ဖြစ်ပွားဖူးခြင်းစတဲ့
အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။
ပန်းသေပန်းညှိုးရောဂါကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- စကားပြောကုထုံးခံယူခြင်း
- ခွဲစိတ်ကုသခြင်း
- လေပြွန်အသုံးပြုခြင်း
REF: MayoClinic, MedicalNewsToday