စောစီးစွာ ဆံပင်ဖြူခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 28 Jan, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
လူသားတွေ အနေနဲ့ အသက်ကြီးလာတဲ့ အခါမှာ ဆံပင်ဖြူခြင်းကို မလွဲမသေ ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ငယ်ရွယ်စဥ် အချိန်မှာ ပုံမှန် ရှိသင့်တဲ့ ဆံပင်အရောင် ရှိမနေဘဲ ဆံပင်ဖြူခြင်းကို ခံစားနေရမယ် ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက် တစ်ခုခုကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စောစီးစွာ ဆံပင်ဖြူခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
လူသားတွေ အနေနဲ့ အသက်ကြီးလာတဲ့ အခါမှာ ဆံပင်ဖြူခြင်းကို
မလွဲမသေ ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ငယ်ရွယ်စဥ် အချိန်မှာ ပုံမှန်
ရှိသင့်တဲ့ ဆံပင်အရောင် ရှိမနေဘဲ ဆံပင်ဖြူခြင်းကို ခံစားနေရမယ် ဆိုရင်တော့
ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက် တစ်ခုခုကို ခံစားနေရပြီ ဖြစ်တယ်လို့
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စောစီးစွာ ဆံပင်ဖြူခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ဗီတာမင်ဓာတ် လုံလောက်မှု မရှိခြင်း
လေ့လာတွေ့ရှိချက်တွေအရ ခန္ဓာကိုယ် အတွင်းမှာ Vitamin B-6, Vitamin B-12, Biotin, Vitamin D ဒါမှမဟုတ် Vitamin
E ဓာတ် လုံလောက်မှု မရှိခဲ့ဘူးဆိုရင် စောစီးစွာ ဆံပင်ဖြူခြင်းကို
ခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ ဗီတာမင်ဓာတ် လုံလောက်မှု
မရှိခြင်းကြောင့် စောစီးစွာ ဆံပင်ဖြူခြင်းကို ခံစားနေရမယ် ဆိုရင်တော့ ဆရာဝန်
ညွှန်ကြားချက်အတိုင်း ဗီတာမင် ဖြည့်စွက်ဆေးများ သောက်သုံးပေးသင့်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့ သင့်မိဘတွေ၊ ဘိုးဘွားတွေ အနေနဲ့ ငယ်ရွယ်စဥ်
ကာလကတည်းက ဆံပင်ဖြူခြင်းကို ခံစားခဲ့ရမယ်ဆိုရင် သင်လည်းပဲ စောစီးစွာ
ဆံပင်ဖြူခြင်းကို ခံစားရနိုင်ပါတယ်။ မျိုးရိုးလိုက်ခြင်းကြောင့် စောစီးစွာ
ဆံပင်ဖြူခြင်းကို ခံစားနေရမယ် ဆိုရင်တော့ သက်သာ ပျောက်ကင်းအောင် ကုသနိုင်မယ့်
နည်းလမ်းရှိမှာ မဟုတ်ပါဘူး။
- စိတ်ဖိစီးခြင်း
စိတ်ဖိစီးခြင်းကို လူသားအများစု အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။
တကယ်လို့ နာတာရှည် စိတ်ဖိစီးခြင်းကို ခံစားနေရမယ်ဆိုရင် အိပ်မပျော်ခြင်း၊
စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊
သွေးပေါင်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် စောစီးစွာ
ဆံပင်ဖြူခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
- ခုခံအားစနစ် မူမမှန်ခြင်း
ခုခံအားစနစ် မူမမှန်ခြင်း ဆိုတာကတော့ ခုခံအားစနစ်က
ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို ပြန်လည် တိုက်ခိုက်တဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ရောဂါ
တစ်မျိုးပဲ ဖြစ်ပါတယ်။ ခုခံအားစနစ် မူမမှန်ခြင်းကို ခံစားရတဲ့ အခါမှာလည်း
စောစီးစွာ ဆံပင်ဖြူခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- သွိုင်းရွိုက်မူမမှန်ခြင်း
သွိုင်းရွိုက်ဂလင်း ဆိုတာကတော့ လည်ပင်းအောက်ခြေမှာ
တည်ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ
သွိုင်းရွိုက်ဂလင်းကနေ ထွက်ရှိလာတဲ့ သွိုင်းရွိုက်ဟော်မုန်း အနေနဲ့ ခန္ဓာကိုယ်ရဲ့
ဇီဝဗေဒဖြစ်စဥ်ကို မျှခြေမှာ တည်ရှိနေအောင် ထိန်းညှိပေးထားတာကြောင့်
ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း၊ သွိုင်းရွိုက်ဟော်မုန်း
နည်းပါးခြင်းတို့နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ စောစီးစွာ ဆံပင်ဖြူခြင်းကို
ခံစားရနိုင်ပါတယ်။
- ဆေးလိပ်သောက်ခြင်း
ဆေးလိပ်နဲ့ ဆေးရွက်ကြီးတို့ကို ကာလရှည် စွဲမြဲစွာ သုံးစွဲခဲ့မယ်ဆိုရင်
နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို
ခံစားရနိုင်သလို သွေးကြောကျဥ်းခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် ဆံပင်ဆဲလ်တွေကို
သွေးပို့လွှတ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို ဆံပင်ကျွတ်ခြင်း၊
စောစီးစွာ ဆံပင်ဖြူခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
REF: HealthLine