ဆံသားပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းများ
- 27 Jan, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ဆံသားပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းတို့ကို သက်သာပျောက်ကင်းစေဖို့ နိုင်ငံခြားဖြစ် ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေ အသုံးပြုပြီး ကုသနိုင်သလို အိမ်သုံးဆေးဖက်ဝင် ပစ္စည်းများ အသုံးပြုပြီးတော့လည်း အလွယ်တကူ ကုသနိုင်ပါတယ်။
ဆံသားပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းတို့ကို
သက်သာပျောက်ကင်းစေဖို့ နိုင်ငံခြားဖြစ် ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေ အသုံးပြုပြီး
ကုသနိုင်သလို အိမ်သုံးဆေးဖက်ဝင် ပစ္စည်းများ အသုံးပြုပြီးတော့လည်း အလွယ်တကူ
ကုသနိုင်ပါတယ်။
တစ်ခါတရံမှာ နိုင်ငံခြားဖြစ် ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေ
အသုံးပြုခြင်းကြောင့် ဦးရေဖျားနဲ့ ဓာတ်မတည့်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး
ဆံသားများ ပိုမို ပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဆံသားပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းတို့ကို အလွယ်တကူ
သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ထောပတ်သီး
အစေ့ထုတ်ထားတဲ့ ထောပတ်သီးနဲ့ ကြက်ဥ ဒါမှမဟုတ် ဘဲဥတစ်လုံးကို
ရောနှောပြီး ဦးခေါင်းမှာ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီး
ရေဖြင့်ဆေးကြောပေးခြင်းဖြင့် ဆံသားပျက်ဆီးခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။
ထောပတ်ထီးမှာ ဗီတာမင်၊ ဖက်တီးအက်စစ် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့်
ဆံသားပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းတို့ကို အလွယ်တကူ သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
- ထောပတ်
သင့်အနေနဲ့ ဆံသားခြောက်သွေ့ခြင်းကို ခံစားနေရမယ်ဆိုရင်
ထောပတ်အနည်းငယ်ခန့် လိမ်းကျံပေးပြီး တစ်နာရီခန့် အကြာမှာ ပြန်လည်
ဆေးကြောပေးခြင်းဖြင့် ဆံသားခြောက်သွေ့ခြင်းကို သက်သာစေမှာဖြစ်ပြီး ဆံပင်များကို
နက်မှောင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။
- သံလွင်ဆီ
ဆံသား ခြောက်သွေ့မှုကို ခံစားရတဲ့ အခါမှာ သံလွင်ဆီကို
ဆံသားအပေါ်မှာ ၄၅ မိနစ်ခန့် လိမ်းကျံပေးပြီး စင်ကြယ်အောင်
ဆေးကြောပေးခြင်းဖြင့်လည်း ဆံသားများကို ပြန်လည် နက်မှောင် သန်စွမ်းစေမှာ
ဖြစ်ပါတယ်။
- ရေနွေးကြမ်း
ရေနွေးကြမ်းကို လည်ချောင်းနာခြင်းကို ကုသရာမှာ အသုံးပြုလေ့
ရှိပေမယ့် ဆံကေသာ နက်မှောင်သန်စွမ်းစေဖို့ အတွက် ရေနွေးကြမ်း
အသုံးပြုနိုင်ကြောင်းကို လူအများစု အနေနဲ့ သိရှိခြင်း မရှိကြပါဘူး။ ပုံမှန်
ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပြီးတဲ့ အချိန်မှာ အချိုမပါတဲ့ ရေနွေးကြမ်းဖြင့်
ဆံကေသာကို ဆေးကြောပေးခြင်းဖြင့် ဆံပင်များကို ပြန်လည် နက်မှောင်စေမှာ ဖြစ်ပါတယ်။
- ဆံပင် အမြဲတမ်း စည်းထားခြင်းကို ရှောင်ကြဥ်ခြင်း
ဆံပင်ကို အမြဲတမ်း စည်းထားခဲ့မယ် ဆိုရင်လည်း ဆံကေသာ
ပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းတို့ကို ခံစားရနိုင်တာကြောင့် ဆံပင် အမြဲတမ်း
စည်းထားခြင်းကို တတ်နိုင်သလောက် ရှောင်ကြဥ်သင့်ပါတယ်။
- Omega-3 ဖြည့်စွက်အာဟာရများ စားသုံးပေးခြင်း
Omega-3 ဖက်တီးအက်စစ် ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်အားဆေးတွေ
တစ်နေ့ကို ၂၅၀ မီလီဂရမ်ခန့် စားသုံးပေးခြင်းဖြင့် ဆံကေသာကို အမြဲတမ်း
စိုစွတ်တောက်ပြောင် နေစေမှာ ဖြစ်သလို ဆံသား ခြောက်သွေ့ခြင်း၊
ပျက်စီးခြင်းတို့ကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: ReadersDigest