အီစထရိုဂျင်ဟော်မုန်း နည်းပါးခြင်းအကြောင်း သိကောင်းစရာများ
- 27 Jan, 2020
- အမျိုးသမီးကျန်းမာရေး
အီစထရိုဂျင်ဟော်မုန်း ဆိုတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက ထောက်ပံ့ပေးလျက်ရှိတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းကို ပျိုဖော်ဝင်စ အချိန်က စတင်ပြီး ထုတ်လွှတ်ပေးလျက်ရှိပြီး အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ အီစထရိုဂျင်ဟော်မုန်း ထုတ်လွှတ်မှု ပမာဏလည်း ကျဆင်းသွားလေ့ ရှိပါတယ်။ အီစထရိုဂျင်ဟော်မုန်းရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
အီစထရိုဂျင်ဟော်မုန်း ဆိုတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်
ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက ထောက်ပံ့ပေးလျက်ရှိတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။
အီစထရိုဂျင်ဟော်မုန်းကို ပျိုဖော်ဝင်စ အချိန်က စတင်ပြီး ထုတ်လွှတ်ပေးလျက်ရှိပြီး အသက်အရွယ်
ကြီးမြင့်လာတာနဲ့အမျှ အီစထရိုဂျင်ဟော်မုန်း ထုတ်လွှတ်မှု ပမာဏလည်း ကျဆင်းသွားလေ့ ရှိပါတယ်။
အီစထရိုဂျင်ဟော်မုန်းရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်း
- သားအိမ်နံရံ အထူအပါးကို ထိန်းညှိပေးခြင်း
- ရင်သားကြီးထွားမှုကို အထောက်အပံ့ပေးခြင်း
- အရိုးဖွံ့ဖြိုးမှုကို အထောက်အကူပေးခြင်း
- ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဥ် ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် အထောက်အပံ့ပေးခြင်း
အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်တွင်း အီထရိုဟော်မုန်း နည်းပါးမှုကို
ပျိုဖော်မဝင်ခင် အချိန်နဲ့ သွေးဆုံးပြီးစဥ် အချိန်ကာလာတွေမှာ များသောအားဖြင့် ခံစားရလေ့
ရှိကြပေမယ့် တစ်ခါတရံမှာ အသက်ကြီးငယ်မရွေး အီစထရိုဂျင်ဟော်မုန်း နည်းပါးမှုကို ခံစားရလေ့
ရှိကြပါတယ်။
အမျိုးသမီးတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အီစထရိုဂျင် ဟော်မုန်းကို
သားဥအိမ်တွေကနေ တစ်ဆင့် အဓိက ထုတ်လွှတ်ပေးလျက် ရှိပါတယ်။ တကယ်လို့ သားဥအိမ်မှာ ပြဿနာ
တစ်စုံတစ်ရာ ရှိနေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်တွင်း အီစထရိုဂျင် ဟော်မုန်း နည်းပါးမှုကို
ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်း နည်းပါးမှုကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်ခြင်း
- စားသောက်မှုပုံစံ မူမမှန်ခြင်း
- ဦးနှောက်အောက်ခြေရှိ အဆီကျိတ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
- တာနာရောဂါ ခံစားနေရခြင်း (Turner’s Syndrome)
- နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- သားဥအိမ် ရေအိတ်တည်ခြင်း (Ovarian Cysts)
ခန္ဓာကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း နည်းပါးလာတဲ့ အခါမှာ လိင်ဆက်ဆံရာမှာ
နာကျင်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ဆီးလမ်းကြောင်း ကူးစက်ရောဂါများ ခံစားရခြင်း၊
ရာသီထိမ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း၊
အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီစက်များထွက်ခြင်း၊
အိပ်မပျော်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း နည်းပါးခြင်းကြောင့်
အရိုး သိပ်သည်းဆ ကျဆင်းသွားတတ်ပြီး အရိုးအက်ခြင်း၊ အရိုးကျိုးလွယ်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်သလို မျိုးပွားနိုင်စွမ်း ကျဆင်းခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
အီစထရိုဂျင်ဟော်မုန်း နည်းပါးခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အီစထရိုဂျင်ကုထုံး ခံယူခြင်း
- ဟော်မုန်းအစားထိုး ကုသမှု ခံယူခြင်း
- လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်မှုကို ရှောင်ကြဥ်ခြင်း
- ကိုယ်အလေးချိန် ထိန်းညှိခြင်း
- ဆရာဝင် ညွှန်ကြားချက်အတိုင်း ပဲပုပ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးများ
သောက်သုံးခြင်း
REF: MedicalNewsToday, HealthLine