လက်ချောင်းများ ထုံကျဥ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 27 Jan, 2020
  • အဖြစ်များသောရောဂါများ

လက်ချောင်းလေးတွေ ထုံကျဥ်ကိုက်ခဲနေတာကို လူသားအများစု အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။ လက်ချောင်းများ ထုံကျဥ်ခြင်းကို အားနည်းတဲ့ အခါမှာ၊ ထိခိုက်ဒဏ်ရာရတဲ့ အခါမှာ ခံစားရလေ့ ရှိသလို အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် လက်ချောင်းများ ထုံကျဥ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လက်ချောင်းလေးတွေ ထုံကျဥ်ကိုက်ခဲနေတာကို လူသားအများစု အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။ လက်ချောင်းများ ထုံကျဥ်ခြင်းကို အားနည်းတဲ့ အခါမှာ၊ ထိခိုက်ဒဏ်ရာရတဲ့ အခါမှာ ခံစားရလေ့ ရှိသလို အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် လက်ချောင်းများ ထုံကျဥ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • နှလုံးဖောက်ခြင်း

နှလုံးအဓိက သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့မှုတွေ ဖြစ်ပွားလာတဲ့ အခါမျိုးတွေမှာ နှလုံးဖောက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ နှလုံးဖောက်ခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ ချွေးထွက်လွန်ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်မှာဖြစ်သလို ခြေချောင်း၊ လက်ချောင်းများ ထုံကျဥ်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

  • လေဖြတ်ခြင်း

ဦးနှောက် အနေနဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် လုံလောက်တဲ့ သွေးပမာဏ ပုံမှန် ရရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကို အကြောင်းအမျိုးမျိုးကြောင့် လုံလောက်တဲ့ သွေးပမာဏ ရရှိခဲ့ခြင်း မရှိဘူးဆိုရင် ခန္ဓဦကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေမှာဖြစ်တဲ့အပြင် လေဖြတ်ဝေဒနာကို ခံစားရနိုင်ပါတယ်။ လေဖြတ်ဝေဒနာရဲ့ ရှေ့ပြေး လက္ခဏာတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကိုယ်တစ်ခြမ်း ထုံကျဥ်ကိုက်ခဲခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • အမြင်အာရုံ ဝေဝါးခြင်း
  • စကားပြောရခက်ခဲခြင်း
  • ခန္ဓာကိုယ်ဟန်ချက် ထိန်းရခက်ခဲခြင်း
  • သွေးကြောများ ရောင်ရမ်းခြင်း (Vasculitis)

ခန္ဓာကိုယ် ခုခံအားစနစ် ဖောက်ပြန်ခြင်းကြောင့် သွေးကြောများ ရောင်ရမ်းတဲ့ အခါမှာလည်း မောပန်းနွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ချွေးထွက်လွန်ခြင်း၊ ခြေချောင်း၊ လက်ချောင်းများ ထုံကျဥ်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ရေးနော့ရောဂါ (Raynaud’s Disease)

ရေးနော့ရောဂါ ဆိုတာကတော့ ခြေချောင်း၊ လက်ချောင်းတွေကို တိုက်ရိုက် သွေးပို့လွှတ်ပေးလျက်ရှိတဲ့ သွေးလွှတ်ကြောတွေ ကျဥ်းမြောင်းသွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရေးနော့ရောဂါကို ခံစားရတဲ့ အခါမှာ ခြေချောင်း၊ လက်ချောင်းများ ထုံကျဥ်ခြင်း၊ အသားအရောင် ဖျော့တော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ကျောရိုးမ ထိခိုက်ဒဏ်ရာရခြင်း

ကျောရိုးမ ထိခိုက်ဒဏ်ရာရခြင်းကို ခံစားရတဲ့ အခါမှာလည်း ခြေ၊ လက်များ ထုံကျဥ်ကိုက်ခဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောရိုးမ ထိခိုက်ဒဏ်ရာရခြင်းကြောင့် လှုပ်ရှားရခက်ခဲခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း၊ ကျောရိုးတစ်ဝိုက် နာကျင်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • လည်ပင်းကျီးပေါင်းတက်ခြင်း (Cervical Spondylosis)

လည်ပင်းကျီးပေါင်းတက်ခြင်း ဆိုတာကတော့ လည်ပင်းတစ်ဝိုက် အဆစ်တွေ၊ အချပ်ပြားတွေ ယိုယွင်းလာခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လည်ပင်းကျီးပေါင်းတက်ခြင်းကို ခံစားရတဲ့ အခါမှာ ကြွက်သားများ အားနည်းခြင်း၊ လက်ချောင်းများ ထုံကျဥ်ကိုက်ခဲခြင်း၊ လက်ချောင်းများ နာကျင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပွားခြင်း၊ လှုပ်ရှားသွားလာရ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.