ညအခါ ခံတွင်းခြောက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 27 Jan, 2020
  • ကျန်းမာသောနေထိုင်မှုပုံစံ

ခံတွင်းခြောက်ခြင်းကို ခံစားရတဲ့အခါမှာ အရသာ ကောင်းမွန်စွာ ခံစားနိုင်စွမ်း မရှိခြင်း၊ မကြာခဏ ရေဆာခြင်း၊ ခံတွင်းအနံ့ဆိုးထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို သွားကိုက်ခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ခံတွင်းခြောက်ခြင်းကို တစ်နေ့တာ ကာလပတ်လုံး ခံစားရလေ့ ရှိပေမယ့် အချို့သော လူပုဂ္ဂိုလ်တွေကတော့ ညအခါမှသာ ခံတွင်းခြောက်ခြင်းကို ခံစားရ‌လေ့ ရှိကြပါတယ်။ ဒါကြောင့် ညအခါ ခံတွင်းခြောက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ခံတွင်းခြောက်ခြင်းကို ခံစားရတဲ့အခါမှာ အရသာ ကောင်းမွန်စွာ ခံစားနိုင်စွမ်း မရှိခြင်း၊ မကြာခဏ ရေဆာခြင်း၊ ခံတွင်းအနံ့ဆိုးထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို သွားကိုက်ခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ခံတွင်းခြောက်ခြင်းကို တစ်နေ့တာ ကာလပတ်လုံး ခံစားရလေ့ ရှိပေမယ့် အချို့သော လူပုဂ္ဂိုလ်တွေကတော့ ညအခါမှသာ ခံတွင်းခြောက်ခြင်းကို ခံစားရ‌လေ့ ရှိကြပါတယ်။ ဒါကြောင့် ညအခါ ခံတွင်းခြောက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • တံတွေးထုတ်လွှတ်မှု နည်းပါးခြင်း

လေ့လာတွေ့ရှိချက်တွေအရ တံတွေးဂလင်းတွေ အနေနဲ့ တံတွေးထုတ်လွှတ်မှုကို နေ့ဘက်တွေမှာ ပိုမို လုပ်ဆောင်လေ့ရှိပြီး ညဘက်တွေမှာတော့ တံတွေးထုတ်လွှတ်မှု နည်းပါးသွားလေ့ ရှိတယ်လို့ သိရပါတယ်။ အခုလို ညဘက်တွေမှာ တံတွေးထုတ်လွှတ်မှု နည်းပါးသွားခြင်းကြောင့် ခံတွင်းခြောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ရေဓာတ်ခမ်းခြောက်ခြင်း

ညအခါ ခံတွင်းခြောက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခံတွင်းခြောက်ခြင်းကို သက်ကြီးရွယ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိပါတယ်။

  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း

ညဘက်တွေမှာ ဆေးဝါးများ သောက်သုံးခြင်းကြောင့်လည်း ညအခါ ခံတွင်းခြောက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ သွေးပေါင်ကျဆေးတွေ၊ ပါကင်ဆန်ရောဂါ ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေ၊ ဓတ်မတည့်မှုကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေ၊ စိတ်ငြိမ်ဆေးတွေ သောက်သုံးခြင်းကြောင့် ညအခါ ခံတွင်းခြောက်ခြင်းကို ခံစားရလေ့ ရှိကြသလို ကီမိုဆေးသွင်းကုသခြင်း၊ ဓာတ်ကင်ကုသခြင်းစတဲ့ ကုထုံးတွေ ခံယူခြင်းကြောင့်လည်း ညအခါ ခံတွင်းခြောက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • ပါးစပ်ဖြင့် အသက်ရှူခြင်း

လူအချို့ အနေနဲ့ ညအချိန် တစ်ရေးနိုးလာတဲ့ အခါမှာ ခံတွင်း အလွန်အမင်း ခြောက်သွေ့နေခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ တစ်ရေးနိုး ခံတွင်း‌ခြောက်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ပါးစပ်ဖြင့် အသက်ရှူခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်း ကျဥ်းမြောင်းခြင်း၊ လေပြွန်အပေါ်ပိုင်း ရောဂါပိုး ကူးစက်ခြင်း၊ အိပ်ပျော်နေစဥ် အသက်ရှူကျပ်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ညအခါ ခံတွင်းခြောက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • ရှိုးဂရန်းဆင်ဒရုန်း (Sjogren’s Syndrome)

ရှိုးဂရန်းဆင်ဒရုန်း ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းရှိ မျက်ရည်ဂလင်းတွေ၊ တံတွေးဂလင်းတွေကို ခန္ဓာကိုယ် ခုခံအားစနစ်က ပြန်လည် တိုက်ခိုက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရှိုးဂရန်းဆင်ဒရုန်းကို ခံစားရတဲ့ အခါမှာ ခံတွင်းခြောက်ခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် အစာမျိုရခက်ခဲခြင်း၊ ပါးစပ်နာခြင်း၊ စကားပြောရခက်ခဲခြင်း၊ မျက်လုံးခြောက်ခြင်း၊ နှာခေါင်းခြောက်ခြင်း၊ လည်ချောင်းခြောက်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်းစဲ့ ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

ညအခါ ခံတွင်းခြောက်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ကဖိန်းဓာတ် ပါဝင်တဲ့ အစားအစာများကို ညအခါမှာ စားသုံးခြင်းကို ရှောင်ကြဥ်ခြင်း
  • ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
  • တံတွေးထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့ ချိုချဥ်တွေ၊ ပီကေတွေ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ရေဓာတ် ပြန်လည် ဖြည့်တင်းပေးခြင်း
  • ခံတွင်းသန့်ရှင်းမှုကို ဂရုတစိုက် လုပ်ဆောင်ပေးခြင်း

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.