အထိုင်များခြင်းရဲ့ ဆိုးကျိုးများ

  • 24 Jan, 2020
  • ကျန်းမာသောနေထိုင်မှုပုံစံ

လူသားတွေ အနေနဲ့ တစ်နေ့တာ ကာလပတ်ရဲ့ အချိန် သုံးပုံ နှစ်ပုံခန့်ကို ထိုင်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ ရှိကြတယ်လို့ သိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အထိုင်များခြင်းကြောင့် ကိုယ်ကျန်းမာရေးကို ထိခိုက်စေရုံအပြင် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အထိုင်များခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လူသားတွေ အနေနဲ့ တစ်နေ့တာ ကာလပတ်ရဲ့ အချိန် သုံးပုံ နှစ်ပုံခန့်ကို ထိုင်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ ရှိကြတယ်လို့ သိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အထိုင်များခြင်းကြောင့် ကိုယ်ကျန်းမာရေးကို ထိခိုက်စေရုံအပြင် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အထိုင်များခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ကယ်လိုရီ လောင်ကျွမ်းမှုကို ထိခိုက်စေခြင်း

သင့်အနေနဲ့ နေ့စဥ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူး ဆိုရင်တောင် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းမှု အပိုင်းမှာ များစွာသော အထောက်အကူတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ တကယ်လို့ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းစတဲ့ လုပ်ငန်းဆောင်တွေကိုလည်း လုပ်ဆောင်တဲ့ အချိန်ထက် ထိုင်နေတဲ့ အချိန်က ပိုမို များပြားနေခဲ့မယ် ဆိုရင်တော့ ကယ်လိုရီ လောင်ကျွမ်းမှု အပိုင်းမှာ ထိခိုက်စေမှာ ဖြစ်ပါတယ်။

  • အဝလွန်ခြင်း

အထိုင်များခြင်းကြောင့် ကယ်လိုရီ လောင်ကျွမ်းမှု အပိုင်းမှာ ထိခိုက်စေမှာ ဖြစ်တာကြောင့် ခန္ဓာကိုယ်တွေ ကယ်လိုရီ ပမာဏ မြင့်တက်လာပြီး အဝလွန်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရတာ နှစ်သက်ခြင်း မရှိတဲ့အပြင် အချိန်ကြာမြင့်စွာ ထိုင်နေရတာကို နှစ်သက်ခဲ့မယ် ဆိုရင်တော့ အဝလွန်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

  • အရွယ်မတိုင်ခင် သေဆုံးခြင်း

လေ့လာတွေ့ရှိချက်တွေအရ အထိုင်များတဲ့ လူပုဂ္ဂိုလ်တွေဟာ ပုံမှန် လူပုဂ္ဂိုလ်တွေထက် စောစီးစွာ သေဆုံးလေ့ ရှိကြတယ်လို့ သိရပါတယ်။ အထိုင်များခြင်းနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်း အကြား ဆက်နွယ်မှုကို လက်ရှိအချိန်ထိ အတိအကျ သိရှိရခြင်း မရှိပေးပေမယ့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားကြပါတယ်။

  • စိတ်ကျဝေဒနာ ခံစားရခြင်း

အထိုင်များခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေမှာ ဖြစ်သလို စိတ်ပျော်ရွှင် ဟော်မုန်းများ ထုတ်လွှတ်မှု အပိုင်းမှာလည်း ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း စိတ်ပျော်ရွှင်ဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားတဲ့ အခါမှာ စိတ်ကျဝေဒနာကို ခံစားရမှာ ဖြစ်ပါတယ်။

  • ကြွက်သားများ အားနည်းခြင်း

ကြွက်သားတွေကို အသုံးပြုခဲ့ခြင်း မရှိဘူးဆိုရင် ကြွက်သားတွေရဲ့ စွမ်းဆောင်ရည်ဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာလေ့ ရှိပါတယ်။ အထိုင်များတဲ့ အခါမှာ ကြွက်သား လှုပ်ရှားမှု နည်းပါးသွားမှာ ဖြစ်တာကြောင့် ကြွက်သားများ အားနည်းခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အရိုးပွခြင်း

သက်ကြီးရွယ်အိုတွေ အနေနဲ့ အထိုင်များတဲ့ အခါမှာ အရိုးပွခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ အရိုးအဆစ်တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတဲ့အပြင် အထိုင်များခြင်းကြောင့် အရိုးပွခြင်း၊ အရိုးအက်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

REF: TheActiveTimes

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.