လက်ပ်တို စပီရိုးစစ် (Leptospirosis) ရောဂါအကြောင်း သိထားသင့်တဲ့ အချက်များ
- 24 Jan, 2020
- အဖြစ်များသောရောဂါများ
လက်ပ်တို စပီရိုးစစ် ဆိုတာကတော့ တိရစ္ဆာန်တွေကနေ တစ်ဆင့် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ပ်တို စပီရိုးစစ် ရောဂါကို ခွေးတွေ၊ ရှဥ့်တွေ၊ ကြွက်တွေ၊ မွေးမြူရေး တိရစ္ဆာန်တွေရဲ့ ဆီးတွေကနေ တစ်ဆင့် ကူးစက်လေ့ ရှိကြပါတယ်။
လက်ပ်တို စပီရိုးစစ် ဆိုတာကတော့ တိရစ္ဆာန်တွေကနေ တစ်ဆင့်
ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
လက်ပ်တို စပီရိုးစစ် ရောဂါကို ခွေးတွေ၊ ရှဥ့်တွေ၊ ကြွက်တွေ၊ မွေးမြူရေး
တိရစ္ဆာန်တွေရဲ့ ဆီးတွေကနေ တစ်ဆင့် ကူးစက်လေ့ ရှိကြပါတယ်။
လက်ပ်တို စပီရိုးစစ် ရောဂါကို ခံစားရတဲ့ အခါမှာ
များသောအားဖြင့် တုပ်ကွေးရောဂါ ခံစားရသလို ဖျားနာခြင်းကို ခံစားရမှာ ဖြစ်ပေမယ့်
အသက်အန္တရာယ်ကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ လက်ပ်တို စပီရိုးစစ် ရောဂါကို
ဖြစ်ပွားစေတဲ့ ရောဂါပိုးကတော့ လက်ပ်တိုစပီရာ ဘက်တီးရီးယားပိုးပဲ ဖြစ်ပါတယ်။
သင့်အနေနဲ့ လက်ပ်တိုစပီရာ ဘက်တီးရီးယားပိုး တွယ်ကပ်နေတဲ့ တိရစ္ဆာန်ရဲ့
ကျင်ငယ်ရည်နဲ့ ထိတွေ့မိတဲ့ အခါမှာ လက်ပ်တို စပီရိုးစစ် ရောဂါကို ကူးစက်ခံရမှာ
ဖြစ်ပါတယ်။
တိရစ္ဆာန်တွေကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး
ဖြစ်တာနဲ့အညီ လယ်သမားတွေ၊ ငါးဖမ်းသမားတွေ၊ သားသတ်သမားတွေ၊ မိလ္လာသန့်ရှင်းရေး
ဝန်ထမ်းတွေ၊ တိရစ္ဆာန်တွေနဲ့ ထိတွေ့ ဆက်ဆံနေရသူတွေ အနေနဲ့ လက်ပ်တို စပီရိုးစစ်
ရောဂါကို အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။
လက်ပ်တို စပီးရိုးစစ် ရောဂါကို ခံစားရတဲ့ အခါမှာ -
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- အသားဝါခြင်း
- အော့အန်ခြင်း
- ဝမ်းပျက်ခြင်း
- အရေပြားမှာ အနီကွက်များ ထွက်ပေါ်ခြင်း
- ချောင်းဆိုးခြင်း
- ဖျားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
လက်ပ်တို စပီရိုးစစ် ရောဂါကို ခံစားနေရသူ အများစု အနေနဲ့
အဆိုပါ ရောဂါကို သက်သာ ပျောက်ကင်းအောင် ကုသရန် မလိုအပ်ဘဲ တစ်ပတ်ခန့် အကြာမှာ
အလိုအလျောက် သက်သာ ပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ အချို့သော လူပုဂ္ဂိုလ်တွေကတော့
ပုံမှန် လက်ပ်တို စပီရိုးစစ် ရောဂါကို ခံစားနေရာကနေ တစ်ဆင့် ပြင်းထန် လက်ပ်တို
စပီရိုးစစ် ရောဂါကို ပြောင်းလဲ ခံစားရလေ့ ရှိကြပါတယ်။
ပြင်းထန် လက်ပ်တို စပီရိုးစစ် ရောဂါကို ခံစားနေရပြီး
နှလုံး၊ ကျောက်ကပ်နဲ့ အသည်းတို့ကို လက်ပ်တိုစပီရာ ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့
အခါမှာ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း၊ ကြွက်သားများ
နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ရင်ဘတ်အောင့်ခြင်း၊
အစာစားချင်စိတ် မရှိခြင်း၊ အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ကို
ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ ပြင်းထန် လက်ပ်တို စပီရိုးစစ် ရောဂါကို
ခံစားနေရပြီး ဦးနှောက် ဒါမှမဟုတ် အာရုံကြောမကြီးကို လက်ပ်တိုစပီရာ
ဘက်တီးရီးယားပိုး ကူးစက်သွားတဲ့ အခါမှာ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊
အဖျားကြီးခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းညှိနိုင်ခြင်း၊ နေရောင်ခြည်နဲ့
တိုက်ရိုက် ထိတွေ့၍မရခြင်း၊ လည်ပင်းနာခြင်း၊ စကားပြောရ ခက်ခဲခြင်း၊ အော့အန်ခြင်း၊
စိတ်နေသဘောထား ပြောင်းလဲသွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
လက်ပ်တိုစပီရာ ဘက်တီးရီးယားပိုး အနေနဲ့ အဆုတ်ကို
ကူးစက်သွားတဲ့ အခါမှာတော့ အဖျားကြီးခြင်း၊ အသက်ရှူမဝခြင်း၊ သွေးအန်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်းထန် လက်ပ်တို စပီရိုးစစ် ရောဂါကို
ခံစားနေရပြီး သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အသက် အန္တရာယ်ကို
ထိခိုက်စေမှာ ဖြစ်တာကြောင့် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ပုံမှန် လက်ပ်တို စပီရိုးစစ် ရောဂါကို ကုသရာမှာ ဆရာဝန်
ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးဝါးတွေ သောက်သုံးပေးခြင်းဖြင့် သက်သာ
ပျောက်ကင်းစေမှာ ဖြစ်ပေမယ့် ပြင်းထန် လက်ပ်တို စပီရိုးစစ် ရောဂါကို ခံစားနေရမယ်
ဆိုရင်တော့ ဆေးရုံဆေးခန်းကို တက်ရောက်ပြီး စမ်းသပ်ကုသမှုတွေ ခံယူဖို့ လိုအပ်မှာ
ဖြစ်ပါတယ်။
REF: WebMD, MedicalNewsToday
