နှလုံးခုန်နှေးခြင်း (Bradycardia) အကြောင်း သိထားသင့်တဲ့ အချက်များ

  • 24 Jan, 2020
  • အဖြစ်များသောရောဂါများ

လူသားတွေ အသက်ကြီးလာတဲ့ အခါမှာ နှလုံးခုန်နှုန်း နှေးကွေးသွားလေ့ ရှိကြသလို အနားယူနေချိန်မှာလည်း နှလုံးခုန်နှုန်း နှေးကွေးသွားလေ့ ရှိကြပါတယ်။ တကယ်လို့ အနားယူနေချိန်မှာ တစ်မိနစ်ကို အကြိမ် ၆၀ အောက်သာ နှလုံးခုန်ခဲ့မယ်ဆိုရင် နှလုံးခုန်နှေးခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လူသားတွေ အသက်ကြီးလာတဲ့ အခါမှာ နှလုံးခုန်နှုန်း နှေးကွေးသွားလေ့ ရှိကြသလို အနားယူနေချိန်မှာလည်း နှလုံးခုန်နှုန်း နှေးကွေးသွားလေ့ ရှိကြပါတယ်။ တကယ်လို့ အနားယူနေချိန်မှာ တစ်မိနစ်ကို အကြိမ် ၆၀ အောက်သာ နှလုံးခုန်ခဲ့မယ်ဆိုရင် နှလုံးခုန်နှေးခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

နှလုံးခုန်နှေးခြင်းကို ခံစားရတဲ့ အခါမှာ မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခန္ဓာကိုယ် ဟန်ချက် မထိန်းနိုင်ခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

နှလုံးခုန်နှေးခြင်းကို ခံစားနေရပြီး သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac Arrest) ၊ ရင်ဘတ်အောင့်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးအလုပ်မလုပ်တော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

နှလုံးခုန်နှေးခြင်းကို သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမိုခံစားရ‌လေ့ ရှိကြပါတယ်။ အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ နှလုံးရဲ့ စွမ်း‌ဆောင်ရည် ကျဆင်းသွားတာကြောင့် နှလုံးခုန်နှေးခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။ နှလုံးခုန်နှေးခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • သွေးပေါင်တက်ခြင်း
  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း
  • သွိုင်းရွိုက်ရောဂါများ ခံစားနေရခြင်း
  • လေဖြတ်ခြင်း
  • နှလုံးခုန်စည်းချက် မမှန်ခြင်း
  • အိပ်ပျော်နေစဥ် အသက်ရှူကြပ်ခြင်း

နှလုံးခုန်နှေးခြင်းကို ကုသရာမှာ နှလုံးခုန်နှေးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းအပေါ် မူတည်ပြီး ကုသတဲ့ နည်းလမ်းတွေလည်း ကွဲပြား ခြားနားမှာ ဖြစ်ပါတယ်။ အချို့သော ဆေးဝါးများ သောက်သုံးခြင်း ဒါမှမဟုတ် ဓာတုပစ္စည်းများနဲ့ ထိတွေ့မိခြင်းတို့ကြောင့် နှလုံးခုန်နှေးခြင်းကို ခံစားခဲ့ရမယ်ဆိုရင် ဆေးဝါးများ သောက်သုံးခြင်း နည်းလမ်းဖြင့် ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်စက် ထည့်သွင်းပေးခြင်းဖြင့်လည်း နှလုံးခုန်နှုန်းခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

နှလုံးခုန်နှေးခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
  • အဆီများတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ခြင်း
  • သွေးတွင်းသကြားဓာတ် မြင့်တက်လာမှုကို ထိန်းညှိခြင်း
REF: HealthLineWebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.