မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Vaginosis) အကြောင်း သိကောင်းစရာများ
- 23 Jan, 2020
- အမျိုးသမီးကျန်းမာရေး
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်တွင်း ဘက်တီးရီးယားတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ မိန်းမကိုယ် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အမျိူးသမီးတွေ အနေနဲ့ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို သက်လတ်ပိုင်း အရွယ်မှာ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်တွင်း ဘက်တီးရီးယားတွေ အလွန်အမင်း
များပြားလာတဲ့ အခါမှာ မိန်းမကိုယ် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အမျိူးသမီးတွေ
အနေနဲ့ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို သက်လတ်ပိုင်း အရွယ်မှာ ပိုမို ခံစားရလေ့
ရှိကြပါတယ်။ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါရောဂါ
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဆီးသွားရာမှာ နာကျင်ခြင်း
- မိန်းမကိုယ်မှ အဖြူဆင်းခြင်း
- မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း
- မိန်းမကိုယ် ရောင်ရမ်းခြင်း
- မိန်းမကိုယ် ယားယံခြင်း
- မိန်းမကိုယ် နာကျင်ခြင်း
မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်း ဆိုတာကတော့ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို
ခံစားနေရပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်မှာ
ဘက်တီးရီးယား ပိုးဝင်ခြင်းကို ခံစားနေရပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မယ်ဆိုရင် မိန်းမကိုယ်
အနံ့ဆိုးထွက်ခြင်းကို ပြင်းပြင်းထန်ထန် ခံစားရမှာ ဖြစ်ပါတယ်။
မိန်းမကိုယ် ပိုးဝင်ခြင်းကို ခံစားနေရပြီး ကုသခဲ့ခြင်း မရှိဘူးဆိုရင်
ခုခံအားကျဆင်းမှုရောဂါ၊ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါတွေကို ခံစားရမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ မိန်းမကိုယ် ပိုးဝင်ခြင်းကို ခံစားခဲ့ရမယ်ဆိုရင်
သတ်မှတ်ချိန်ထက် စောမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ရေမွှာစေပေါက်ခြင်း၊ သားအိမ်ရောင်ရမ်းခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
မိန်းမကိုယ် အတွင်းမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးကို ဖြစ်ပွားစေတဲ့
ဘက်တီးရီးယားတွေ၊ ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားတွေ တည်ရှိနေလျက် ရှိပါတယ်။
တကယ်လို့ မိန်းမကိုယ် အတွင်းမှာ ကောင်းကျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားတွေ နည်းပါးသွားပြီး
ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားတွေ အလွန်အမင်း များပြားလာခဲ့မယ်ဆိုရင် မိန်းမကိုယ်
ဘက်တီးရီးယား ပိုးဝင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
မိန်းမကိုယ် ဘက်တီးရီးယား ပိုးဝင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မိန်းမကိုယ်ကို မသန့်ရှင်းသောရေများဖြင့် ဆေးကြောခြင်း
- လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
- အမွေးရနံ့ပါသော ပစ္စည်းများဖြင့် မိန်းမကိုယ်ကို ဆေးကြောသန့်စင်ခြင်း
- ဆေးလိပ်သောက်ခြင်း
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- ကိုယ်ဝန်ရှိခြင်း
- အတွင်းခံတွေကို အနံ့ပြင်းတဲ့ ဆပ်ပြာများဖြင့် လျှော်ဖွပ်ခြင်း
တစ်ခါတရံမှာ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို ကုသရန်
မလိုအပ်ဘဲ ပျောက်ကင်းသွားလေ့ ရှိပမေယ့် များသောအားဖြင့်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း
ပိုးသတ်ဆေးတွေ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးတွေကို နှစ်ရက်၊ သုံးရက်ခန့်
သောက်သုံးခဲ့ပေမယ့် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းခဲ့ခြင်း မရှိဘူးဆိုရင်တော့
ဆရာဝန်နဲ့ ပြန်လည် ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- ပဋိဇီဝပိုးမွှားတွေ ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်ဆေးဝါးတွေ
စားသုံးခြင်း
- မိန်းမကိုယ် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း
- ချည်သား အတွင်းခံများ ဝတ်ဆင်ခြင်း
- အနံ့မပါတဲ့ ဆပ်ပြာများ အသုံးပြုပြီး မိန်းမကိုယ်ကို ဆေးကြောခြင်း
REF: HealthLine, MedicalNewsToday