သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်း (Avascular Necrosis)

  • 22 Jan, 2020
  • အဖြစ်များသောရောဂါများ

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်း (AVN) ဆိုတာကတော့ အရိုးတစ်သျှူးအတွင်း သွေးစီးဆင်းမှု မရှိခြင်းကြောင့် အရိုးတစ်သျှူး သေဆုံးသွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ခံစားရတဲ့အခါမှာ အရိုးတွင်း တစ်သျှူးများ တဖြည်းဖြည်းနဲ့ ပျက်စီးသွားပြီး နောက်ဆုံးမှာ အရိုးတစ်ချောင်းလုံး ပျက်စီးသွားမှာ ဖြစ်ပါတယ်။

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်း (AVN) ဆိုတာကတော့ အရိုးတစ်သျှူးအတွင်း သွေးစီးဆင်းမှု မရှိခြင်းကြောင့် အရိုးတစ်သျှူး သေဆုံးသွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ခံစားရတဲ့အခါမှာ အရိုးတွင်း တစ်သျှူးများ တဖြည်းဖြည်းနဲ့ ပျက်စီးသွားပြီး နောက်ဆုံးမှာ အရိုးတစ်ချောင်းလုံး ပျက်စီးသွားမှာ ဖြစ်ပါတယ်။

အရိုးကျိုးတဲ့ အခါမှာ၊ အဆစ်အမြစ်တွေ နေရာ လွဲချော်သွားတဲ့ အခါမှာ အရိုးတစ်သျှူးတွင်း သွေးစီးဆင်းရာမှာ အနှောင့်အယှက်တွေကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်း (AVN) ကို ခံစားရမှာ ဖြစ်ပါတယ်။

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် တင်ပါးဆုံရိုးနဲ့ ဒူးခေါင်းရိုးနေရာမှာ ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ပုခုံး၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ ခြေချောင်း၊ လက်ချောင်းစတဲ့ နေရာတွေမှာလည်း ခံစားရလေ့ ရှိကြပါတယ်။

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို စတင် ခံစားရတဲ့ အခါမှာ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပေမယ့် အရိုးတွင်း တစ်သျှူးတွေ သေဆုံးသွားတဲ့ အခါမှာ ရောဂါလက္ခဏာတွေကို စတင် ခံစားရမှာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ပေါင်ခြံကနေ ဒူးခေါင်းအထိ နာကျင်ကိုက်ခဲခြင်း၊ လှုပ်ရှားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရမယ်ဆိုရင် နောက်ဆုံးမှာ အရိုးတစ်ချောင်းလုံး ပျက်စီးခြင်းကို ခံစားရမှာ ဖြစ်တာကြောင့် (AVN) ရောဂါကို ခံစားနေရပြီလို့ ထင်မြင် ယူဆခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသပြီး (AVN) ရောဂါ ခံစားနေရခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို များသောအားဖြင့် အသက် (၃၀) နဲ့ (၆၀) အကြား လူပုဂ္ဂိုလ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • အရိုး ဒါမှမဟုတ် အဆစ်မှာ အကျိတ်ဖြစ်ခြင်း
  • သွေးကြောတွင်း အဆီများလာခြင်း
  • သွေးအားနည်းရောဂါ ခံစားနေရခြင်း
  • (Gaucher) ရောဂါ ခံစားနေရခြင်း
  • အရက်အလွန်အကျွံ သောက်သုံးခြင်း
  • ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်း

ဒါ့အပြင် သွေးတွင်း နိုက်ထရိုက်ဂျင်ဓာတ် လွန်ကဲခြင်း၊ အရိုးကင်ဆာရောဂါ ဖြစ်ပွားဖူးခြင်း၊ ကီမိုဆေးသွင်း ကုသမှု ခံယူဖူးခြင်း၊ ဓာတ်ကင် ကုသမှု ခံယူဖူးခြင်း၊ ကိုလက်စထရောပမာဏ မြင့်တက်ခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ ကျောက်ကပ်အစားထိုး ကုသမှု ခံယူဖူးခြင်း၊ လူးပက်စ် (Lupus) ရောဂါ ခံစားနေရခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်း၊ မုန့်ချိုအိတ်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာလည်း သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ခံစားရနိုင်ပါတယ်။

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို တတ်နိုင်သလောက် လျော့ချခြင်း၊ လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း၊ တစ်သျှူးအသေများကို ခွဲစိတ် ဖယ်ရှားခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

သွေးလည်ပတ်မှု မရှိခြင်းကြောင့် အရိုးပျက်စီးခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အရက်‌အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
  • ခန္ဓာကိုယ်တွင်း ကိုလက်စထရော ပမာဏကို ထိန်းညှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
  • စတီးရွိုက်ဆေးဝါးများ မလိုအပ်ဘဲ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.