ဦးနှောက် ပြည်တည်ခြင်း အကြောင်း သိထားသင့်တဲ့ အချက်များ
- 22 Jan, 2020
- အဖြစ်များသောရောဂါများ
ဦးနှောက် ပြည်တည်ခြင်း ဆိုတာကတော့ ဦးနှောက်အတွင်း ရောဂါပိုး ကူးစက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဦးနှောက် ပြည်တည်ခြင်းကို ကိုယ်ခံအားနည်းသူတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိပေမယ့် တစ်ခါတရံမှာ ကျန်းမာသန်စွမ်းသူတွေ အနေနဲ့လည်း ခံစားရလေ့ ရှိကြပါတယ်။
ဦးနှောက် ပြည်တည်ခြင်း ဆိုတာကတော့ ဦးနှောက်အတွင်း ရောဂါပိုး
ကူးစက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ ဦးနှောက် ပြည်တည်ခြင်းကို ကိုယ်ခံအားနည်းသူတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိပေမယ့် တစ်ခါတရံမှာ
ကျန်းမာသန်စွမ်းသူတွေ အနေနဲ့လည်း ခံစားရလေ့ ရှိကြပါတယ်။
ဦးနှောက် ပြည်တည်ခြင်းကို မှိုပိုး၊ ဗိုင်းရပ်စ်ပိုး၊
ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ် တစ်နေရာရာကနေ ဦးနှောက်အတွင်း ဝင်ရောက်
သွားတဲ့အခါမှာ ဒါမှမဟုတ် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ အခါမှာ ခံစားရလေ့
ရှိကြပါတယ်။ ဦးနှောက် ပြည်တည်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
- ကင်ဆာရောဂါ
- နာတာရှည်ကူးစက်ရောဂါ
- မွေးရာပါ နှလုံးရောဂါ
- ဦးခေါင်းခွံ ကွဲအက်ခြင်း
- ဦးနှောက်အမြှေးရောင်ရောဂါ
- ကီမိုဆေးသွင်း ကုသမှု ခံယူဖူးခြင်း
ဦးနှောက် ပြည်တည်ခြင်းကို စတင် ခံစားရတဲ့ အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန် ကြာလာတာနဲ့အမျှ -
- ခေါင်းကိုက်ခြင်း
- ဖျားနာခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- စကားပြောနိုင်စွမ်း ကျဆင်းခြင်း
- အာရုံခံနိုင်စွမ်း ကျဆင်းခြင်း
- အမြင်နှစ်ထပ်ဖြစ်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားခြင်း
- အုန်းလွဲခြင်း
- ကိုမာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင်ဦးနှောက် ပြည်တည်ခြင်းကို ကုသခဲ့ခြင်း မရှိဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဦးနှောက် ပြည်တည်ခြင်းကို စတင် ခံစားနေရစဥ် အချိန်မှာ သိရှိခဲ့မယ်ဆိုရင် ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးများ သောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ တကယ်လို့ ပိုးသတ်ဆေးများ သောက်သုံးပေမယ့် ဦးနှောက် ပြည်တည်ခြင်းကို ဆက်လက် ခံစားနေရမယ် ဆိုရင်တော့ ခွဲစိတ်ကုသခြင်း နည်းလမ်းကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine
