သည်းခြေပြွန် ကျောက်တည်ခြင်း (Choledocholithiasis) အကြောင်း သိကောင်းစရာများ

  • 22 Jan, 2020
  • အဖြစ်များသောရောဂါများ

သည်းခြေပြွန် ဆိုတာကတော့ သည်းခြေအိတ်ကနေ အူအတွင်းကို သည်းခြေရည်တွေ ပို့ဆောင်ပေးလျက်ရှိတဲ့ သေးငယ်တဲ့ ပြွန်လေးတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ သည်းခြေပြွန် အတွင်းမှာ သည်းခြေကျောက်တွေ ပိတ်ဆို့သွားတဲ့အခါမှာ သည်းခြေပြွန် ကျောက်တည်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

သည်းခြေပြွန် ဆိုတာကတော့ သည်းခြေအိတ်ကနေ အူအတွင်းကို သည်းခြေရည်တွေ ပို့ဆောင်ပေးလျက်ရှိတဲ့ သေးငယ်တဲ့ ပြွန်လေးတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ သည်းခြေပြွန် အတွင်းမှာ သည်းခြေကျောက်တွေ ပိတ်ဆို့သွားတဲ့အခါမှာ သည်းခြေပြွန် ကျောက်တည်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

သည်းခြေပြွန် ကျောက်တည်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အမျိုးသမီးဖြစ်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • ဟော်မုန်းအစားထိုး ကုသမှု ခံယူဖူးခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အဝလွန်ခြင်း
  • ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း
  • ခန္ဓာကိုယ်တွင်း ကယ်လိုရီ ပမာဏ မြင့်တက်ခြင်း
  • ဆီးချိုရောဂါ ခံစားရခြင်း
  • အသည်းခြောက်ရောဂါ ခံစားရခြင်း
  • သည်းခြေပြွန် ကူးစက်ရောဂါ ခံစားဖူးခြင်း
  • သွေးအားနည်းရောဂါ ခံစားနေရခြင်း

သည်းခြေပြွန်အတွင်း ကျောတည်ခြင်းကို စတင် ခံစားရစဥ် အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဗိုက်အောင့်ခြင်း
  • ဖျားနာခြင်း
  • အသားဝါခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ချမ်းတုန်ခြင်း
  • ဆီးအနက်များသွားခြင်း
  • ဝမ်းအရောင် ဖျော့တော့ခြင်း

သည်းခြေပြွန်အတွင်း ကျောက်တည်ခြင်းကြောင့် ဗိုက်အောင့်ခြင်းကို ခံစားရတဲ့ အခါမှာ အပြင်းအထန် ခံစားရမှာ မဟုတ်ပေမယ့် မကြာခဏ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သည်းခြေကျောက်တွေ သည်းခြေပြွန် အတွင်း ပိတ်ဆို့သွားတဲ့ အခါမှာ ဘက်တီးရီးယားပိုး ကူးစက်ခံရဖို့ ပိုမို လွယ်ကူမှာ ဖြစ်ပါတယ်။

အခုလို ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာ အသည်းခြောက်ရောဂါ၊ မုန့်ချိုအိတ်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်တဲ့အပြင် တစ်ခါတရံမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သည်းခြေပြွန် ကျောက်တည်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သံသယ ရှိလာခဲ့ပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ်ကုသမှုတွေ ခံယူသင့်ပါတယ်။

 REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.