ခြေမအဆစ်လွဲခြင်း (Turf Toe) ဆိုတာ ဘာလဲ
- 21 Jan, 2020
- အဖြစ်များသောရောဂါများ
ခြေမအဆစ်လွဲခြင်း ဆိုတာကတော့ ခြေမအတွင်းမှာ တည်ရှိနေတဲ့ အရွတ်တစ်ခုခု စုတ်ပြဲသွားခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခြေမအဆစ်လွဲခြင်းကို များသောအားဖြင့် ဘောလုံးသမားတွေ အနေနဲ့ ခံစားရလေ့ ရှိကြပေမယ့် တစ်ခါတရံမှာ အခြားသော ကစားသမားတွေ အနေနဲ့လည်း ခံစားရလေ့ ရှိကြပါတယ်။
ခြေမအဆစ်လွဲခြင်း ဆိုတာကတော့ ခြေမအတွင်းမှာ တည်ရှိနေတဲ့ အရွတ်တစ်ခုခု
စုတ်ပြဲသွားခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ ခြေမအဆစ်လွဲခြင်းကို များသောအားဖြင့် ဘောလုံးသမားတွေ အနေနဲ့ ခံစားရလေ့ ရှိကြပေမယ့်
တစ်ခါတရံမှာ အခြားသော ကစားသမားတွေ အနေနဲ့လည်း ခံစားရလေ့ ရှိကြပါတယ်။
ခြေမအဆစ်လွဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- အပြင်းအထန် အားကစား ပြုလုပ်ခြင်း
- ဒေါက်မြင့်ဖိနပ်စီးခြင်း
- ခြေမကိုဖိပြီး လမ်းလျှောက်လေ့ရှိခြင်း
- မြက်ခင်းတုကွင်းများတွင် ဘောလုံးကန်ခြင်း
- ခြေထောက် အရွယ်အစားနဲ့ မသင့်တော်တဲ့ ဖိနပ်များစီးခြင်း
ခြေမအဆစ်လွဲခြင်းကို စတင် ခံစားရစဥ် အချိန်မှာ ရောဂါဝေဒနာတွေကို
သိသိသာသာ ခံစားရမှာ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရောဂါဝေဒနာတွေကို ပိုမိုခံစားရမှာ
ဖြစ်ပါတယ်။ ခြေမအဆစ်လွဲခြင်းကို ခံစားရတဲ့ အခါမှာ ခြေမတစ်ဝိုက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို ခြေမလှုပ်ရှားရ ခက်ခဲခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
များသောအားဖြင့် ခြေမအဆစ်လွဲခြင်းကို ခံစားရတဲ့ အခါမှာ သက်တောင့်သက်သာ အနားယူခြင်းဖြင့်
ပြန်လည် သက်သာစေမှာ ဖြစ်ပါတယ်။
ခြေမအဆစ်လွဲခြင်းကို သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခြေချောင်းများကို မလှုပ်ရှားဘဲ သက်တောင့်သက်သာ အနားယူခြင်း
- ခြေမကို (၁၅) မိနစ်၊ မိနစ် (၂၀) ခန့် ရေအိတ် ကပ်ပေးခြင်း
- ခြေမကို အကာအကွယ် ပေးနိုင်မယ့် ခြေအိတ်၊ ဖိနပ်များ စီးခြင်း
သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့်
ရောဂါဝေဒနာတွေ သက်သာ ပျောက်ကင်းသွားခြင်း မရှိတဲ့အပြင် အပြင်းအထန် ခံစားနေရမယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း၊
ခွဲစိတ်ကုသခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခြေမအဆစ်လွဲခြင်းကို အပြီးပိုင် သက်သာပျောက်ကင်းစေဖို့
အချိန်ကာလ သုံးပတ်ကနေ ခြောက်ပတ်အကြား လိုအပ်မှာ ဖြစ်တာကြောင့် အဆိုပါ ကာလအတွင်းမှာ
ခြေမအနီးတဝိုက် ထိခိုက်မှု မရှိအောင် ဂရုတစိုက် စောင့်ကြည့်ပေးဖို့ လိုအပ်မှာ ဖြစ်သလို
လေ့ကျင့်ခန်းများ အပြင်းအထန် ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်းစတဲ့
အပြုအမူတွေကို ရှောင်ကြဥ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
REF: HealthLine, MedicalNewsToday
