ပုခုံးအေးခဲခြင်း (Frozen Shoulder) အကြောင်း သိကောင်းစရာများ
- 21 Jan, 2020
- အဖြစ်များသောရောဂါများ
ပုခုံးအေးခဲခြင်း ဆိုတာကတော့ ပုခုံးဆစ် အတွင်းရှိ တစ်သျှူးတွေ တောင့်တင်းလာပြီး အမာရွတ် တစ်သျှူးများ အဖြစ် ပြောင်းလဲကာ ပုခုံးနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပုခုံးအေးခဲခြင်းကို များသောအားဖြင့် အသက် (၄၀) နဲ့ (၆၀) အကြားမှာ ခံစားရလေ့ ရှိကြပါတယ်။
ပုခုံးအေးခဲခြင်း ဆိုတာကတော့ ပုခုံးဆစ် အတွင်းရှိ
တစ်သျှူးတွေ တောင့်တင်းလာပြီး အမာရွတ် တစ်သျှူးများ အဖြစ် ပြောင်းလဲကာ
ပုခုံးနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းကို ဖြစ်ပွားစေတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပုခုံးအေးခဲခြင်းကို များသောအားဖြင့် အသက် (၄၀) နဲ့
(၆၀) အကြားမှာ ခံစားရလေ့ ရှိကြပါတယ်။
ပုခုံးအေးခဲခြင်းကို ဟော်မုန်းမျှတမှုခြင်း၊ ဆီးချိုရောဂါ
ဖြစ်ပွားခြင်း၊ ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း၊ ဖျားနာခြင်း၊
အမျိုးသမီးဖြစ်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိသလို
ပုခုံးထိခိုက်ဒဏ်ရာရခြင်း၊ ပုခုံးခွဲစိတ်ကုသမှု ခံယူဖူးခြင်းစတဲ့
အကြောင်းအရင်းများကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် -
- လေဖြတ်ခြင်း
- သွိုင်းရွိုက်ဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
- ဆီးချိုရောဂါ
- ပါကင်ဆန်ရောဂါ
- နှလုံးသွေးကြောဆိုင်ရာ ရောဂါ
- တီဘီရောဂါစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ပုခုံးအေးခဲခြင်းကို
ခံစားရနိုင်ပါတယ်။
ပုခုံးအေးခဲခြင်းကို ခံစားရတဲ့ အခါမှာ ပုခုံးအနီးတစ်ဝိုက်
နာကျင်ကိုက်ခဲခြင်း၊ ပုခုံးကြွက်သားများ တောင့်တင်းခြင်း၊
ပုခုံးလှုပ်ရှားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ပုခုံးအေးခဲခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ဝေဒနာတွေကို ညအခါမှာ ပိုမိုခံစားရလေ့
ရှိတာကြောင့် တစ်ခါတရံမှာ အိပ်ရေးပျက်ခြင်းကိုပါ ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
ပုခုံးအေးခဲခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရုပ်ပိုင်းဆိုင်ရာကုထုံး ခံယူခြင်း
ပုခုံးအေးခဲခြင်းကို ကုသရာမှာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို
အဓိကအားဖြင့် အသုံးပြုလေ့ ရှိကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံး ဆိုတာကတော့
ပုခုံးလှုပ်ရှားမှု ပြန်လည် ကောင်းမွန်လာစေရန်၊ ပုခုံးနာကျင်မှုတွေ
သက်သာပျောက်ကင်းစေရန် အတွက် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းများကို ဆိုလိုတာပဲ
ဖြစ်ပါတယ်။
- ဆေးဝါးများ သောက်သုံးခြင်း
ပုခုံးအနီးတစ်ဝိုက် နာကျင်နေတာတွေ၊ ရောင်ရမ်းနေတာတွေကို
သက်သာပျောက်ကင်းစေဖို့ အတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးတွေ
သောက်သုံးပေးမယ်ဆိုရင်လည်း ပုခုံးအေးခဲခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။
- ရေခဲအိတ်ကပ်ခြင်း/ ရေနွေးအိပ်ကပ်ခြင်း
ပုခုံးအနီးတစ်ဝိုက် နာကျင်နေတဲ့ နေရာတွေကို ရေခဲအိတ်၊
ရေနွေးအိတ်တို့ဖြင့် (၁၅) မိနစ်ခန့် မကြာခဏ ကပ်ပေးခြင်းဖြင့်လည်း
ပုခုံးအေးခဲခြင်းကြောင့် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ခဲ့ပေမယ့်
ပုခုံးအေးခဲခြင်းကို ဆက်လက် ခံစားနေရမယ် ဆိုရင်တော့ ခွဲစိတ်ကုသခြင်း နည်းလမ်းကို
အသုံးပြုပြီး ပုခုံးအတွင်းမှ အမာရွတ်တစ်သျှူးတွေကို ခွဲစိတ်ဖယ်ရှားပစ်ဖို့
လိုအပ်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine
