သန္ဓေသားကြီးမားခြင်း (Fetal Macrosomia) အကြောင်း သိကောင်းစရာများ

  • 21 Jan, 2020
  • ကလေးကျန်းမာရေး

သာမန်မွေးကင်းစ ကလေးငယ်တွေရဲ့ ပုံမှန် ကိုယ်အလေးချိန်ဟာ (၅) ပေါင်၊ (၈) အောင်စကြားကနေ (၈) ပေါင်၊ (၁၃) အောင်စ အကြားမှာ တည်ရှိလျက်ရှိပါတယ်။ တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်အလေးချိန်က (၈) ပေါင်၊ (၁၃) အောင်စထက် ကြီးမားနေခဲ့မယ်ဆိုရင် သန္ဓေသားကြီးမားခြင်း (Fetal Macrosomia) ကို ခံစားနေရပြီ ဖြစ်တယ်လို့ သိရပါတယ်။

သာမန်မွေးကင်းစ ကလေးငယ်တွေရဲ့ ပုံမှန် ကိုယ်အလေးချိန်ဟာ (၅) ပေါင်၊ (၈) အောင်စကြားကနေ (၈) ပေါင်၊ (၁၃) အောင်စ အကြားမှာ တည်ရှိလျက်ရှိပါတယ်။ တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်အလေးချိန်က (၈) ပေါင်၊ (၁၃) အောင်စထက် ကြီးမားနေခဲ့မယ်ဆိုရင် သန္ဓေသားကြီးမားခြင်း (Fetal Macrosomia) ကို ခံစားနေရပြီ ဖြစ်တယ်လို့ သိရပါတယ်။

သန္ဓေသားကြီးမားခြင်းကို ခံစားရတဲ့ အခါမှာ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ရိုးရိုးမွေးဖွားဖို့ စွမ်းဆောင်နိုင်တော့မှာ မဟုတ်ဘဲ ခွဲမွေးခြင်း နည်းလမ်းကို အသုံးပြုမှသာ အဆင်ပြေပြေ မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သန္ဓေသား ကြီးမားခြင်းကြောင့် မွေးဖွားပြီး နောက်ပိုင်းမှာလည်း ကလေးငယ် အနေနဲ့ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

သန္ဓေသားကြီးမားခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆီးချိုရှိခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ဆီးချိုဖြစ်လာခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ်ဝန်မဆောင်ခင် ကာလကတည်းက ဆီးချိုဖြစ်နေခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးငယ် အနေနဲ့ သန္ဓေသား ကြီးမားခြင်းကို ခံစားရနိုင်ပါတယ်။

  • ကြီးမားတဲ့ သန္ဓေသား မွေးဖွားဖူးခြင်း

ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ယခင်အချိန်တုန်းက ကိုယ်အလေးချိန် (၈) ပေါင်၊ (၁၃) အောင်စထက် ကြီးမားတဲ့ ကလေးငယ်ကို မွေးဖွားခဲ့ဖူးမယ်ဆိုရင် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်တဲ့ အခါမှာလည်း သန္ဓေသား ကြီးမားခြင်းကို ခံစားရနိုင်ပါတယ်။

  • အဝလွန်ခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ကိုယ်အလေးချိန် အဆမတန် မြင့်တက်လာခဲ့မယ် ဆိုရင်လည်း သန္ဓေသား ကြီးမားခြင်းကို ခံစားရနိုင်ပါတယ်။

  • မွေးရက်လွန်ခြင်း

မွေးဖွားဖို့ သတ်မှတ်ထားတဲ့ ကာလထက် နှစ်ပတ်ခန့် ကျော်လွန်ပြီးမှသာ ကလေးမီးဖွားခဲ့မယ် ဆိုရင်လည်း သန္ဓေသား ကြီးမားခြင်းကို ခံစားရနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် အသက်အရွယ် ကြီးမြင့်ခြင်း

ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အရွယ်ဟာ (၃၅) နှစ်ထက် ကျော်လွန်နေခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးငယ် အနေနဲ့ သန္ဓေသား ကြီးမားခြင်းကို ခံစားရနိုင်ပါတယ်။

ကြီးမားတဲ့ သန္ဓေသားကို ကိုယ်ဝန်ဆောင်ထားရတဲ့ အခါမှာ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ အောက်ပါ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

  • သားအိမ်ခုံး အမြင့်ကြီးခြင်း (Large Fundal Height)

တကယ်လို့ ကိုယ်ဝန်ဆောင် မိခင်ရဲ့ ဆီးခုံရိုးနဲ့ သားအိပ်ထိပ်ကြား အကွာအဝေးက ပုံမှန် ကိုယ်ဝန်ဆောင်တွေမှာ ရှိနေသင့်တဲ့ သားအိမ်ခုံး အမြင့်ထက် မြင့်မားနေခဲ့မယ်ဆိုရင် သန္ဓေသား ကြီးထွားခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • ရေမြွှာရည် ပုံမှန်ထက်များနေခြင်း (Excessive Amniotic Fluid)

ကိုယ်ဝန်ဆောင် မိခင်ရဲ့ သားအိမ်အတွင်းမှာ တည်ရှိနေတဲ့ သန္ဓေသားလောင်းကို ကာကွယ်ပေးနေတဲ့ ရေမြွှာရည်တွေ သာမန်ထက် ပိုမို များပြားနေခဲ့မယ် ဆိုရင်လည်း သန္ဓေသား ကြီးထွားခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ မွေးကင်းစ ကလေးငယ် အနေနဲ့ သန္ဓေသား ကြီးထွားခြင်းကို ခံစားခဲ့ရမယ်ဆိုရင် သွေးတွင်းသကြားဓာတ် နည်းပါးခြင်း၊ အဝလွန်ခြင်း၊ ဇီဝဖြစ်စဥ် ပြောင်းလဲမှုဆိုင်ရာ ရောဂါများ ခံစားရခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.