ကိုယ်အလေးချိန် ကျဆင်းစေဖို့ အတွက် ရှောင်ကြဥ်သင့်တဲ့ အစားအစာများ

  • 20 Jan, 2020
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ကိုယ်အလေးချိန် မြင့်တက်ခြင်းကို အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ အစားမရှောင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အချို့သော အစားအစာတွေဖြစ်တဲ့ ဒိန်ချဥ်၊ အုန်းရည်၊ ကြက်ဥ၊ ဘဲဥတွေ အနေနဲ့ ကိုယ်အလေးချိန် ကျဆင်းစေဖို့ အတွက် အထောက်အကူပေးလေ့ ရှိပေမယ့် အသင့်စား အစားအစာတွေ၊ အရသာကောင်းမွန်အောင် ပြန်လည် ပြင်ဆင်ထားတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ကျဆင်းစေဖို့ အတွက် ရှောင်ကြဥ်သင့်တဲ့ အစားအစားတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် မြင့်တက်ခြင်းကို အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ အစားမရှောင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အချို့သော အစားအစာတွေဖြစ်တဲ့ ဒိန်ချဥ်၊ အုန်းရည်၊ ကြက်ဥ၊ ဘဲဥတွေ အနေနဲ့ ကိုယ်အလေးချိန် ကျဆင်းစေဖို့ အတွက် အထောက်အကူပေးလေ့ ရှိပေမယ့် အသင့်စား အစားအစာတွေ၊ အရသာကောင်းမွန်အောင် ပြန်လည် ပြင်ဆင်ထားတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ကျဆင်းစေဖို့ အတွက် ရှောင်ကြဥ်သင့်တဲ့ အစားအစားတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • အာလူးချောင်းကြော်

အာလူးတွေမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးကို ဖြစ်ပွားစေတဲ့ အာဟာရဓာတ် များစွာ ပါဝင်ပေမယ့် အာလူးချောင်းကြော်တွေကို အလွန်အကျွံ စားသုံးမယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ အာလူးချောင်းကြော်မှာ ကယ်လိုရီ အများအပြား ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေမှာ ဖြစ်သလို အာလူးကြော်၊ အာလူးဖုတ်၊ အာလူးကင်တွေကို အလွန်အကျွံ စားသုံးတဲ့ အခါမှာ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို မြင့်တက်စေမှာ ဖြစ်ပါတယ်။

  • သကြားဓာတ်လွန်ကဲသော ဖျော်ရည်များ

သကြားဓာတ် လွန်ကဲစွာ ပါဝင်တဲ့ ဖျော်ရည်တွေ၊ ဆိုဒါတွေ၊ အားဖြည့်အချိုရည်တွေဟာဆိုရင် ကျန်းမာရေး အတွက် များစွာသော ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်သလို ကိုယ်အလေးချိန်ကိုလည်း အလွန်အမင်း မြင့်တက်စေမှာ ဖြစ်ပါတယ်။

  • ပေါင်မုန့်ဖြူ

ပေါင်မုန့်ဖြူတွေဟာ အရသာ ကောင်းမွန်စေဖို့ အတွက် ပြန်လည် ပြုပြင်ထားတဲ့ ပေါင်မုန့်တွေ ဖြစ်တာနဲ့အညီ သကြားဓာတ်တွေ လွန်ကဲစွာ ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ပေါင်မုန့်ဖြူ နှစ်ချပ်ခန့် နေ့စဥ်ပုံမှန် စားသုံးပေးမယ်ဆိုရင် သာမန်လူတွေထက် (၄၀) ရာခိုင်နှုန်းထက် ကိုယ်အလေးချိန် ပိုမို မြင့်တက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • သကြားလုံးများ

သကြားလုံးတွေမှာ ကယ်လိုရီတွေ လွန်ကဲစွာ ပါဝင်တဲ့အပြင် သကြားတွေ၊ ဆီတွေ၊ အနံ့အရသာ ပြုပြင်ထားတဲ့ ဂျုံမှုန့်တွေ ပါဝင်တာကြောင့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အဝလွန်စေမှာ ဖြစ်သလို မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • ကွတ်ကီးနဲ့ ကိတ်မုန့်များ

ကွတ်ကီးတွေ၊ ကိတ်မုန့်တွေမှာ ဆိုရင်လည်း သကြားလုံးမှာလိုပဲ သကြားတွေ၊ အနံ့အရသာ ပြုပြင်ထားတဲ့ ဂျုံမှုန့်တွေ အလွန်အမင်း ပါဝင်ပါတယ်။ ဒါ့အပြင် ကွတ်ကီးတွေ၊ ကိတ်မုန့်တွေမှာ ပုံစံပြောင်း အဆီတွေ (Atrificial Trans Fats) ပါဝင်တာကြောင့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အဝလွန်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်တဲ့အပြင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း များစွာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • အရက်၊ ဘီယာ

အရက်၊ ဘီယာတွေမှာ ကစီဓာတ်၊ ပရိုတိန်းဓတ်တွေ ပါဝင်တယ် ဆိုပေမယ့်လည်း ကယ်လိုရီ ပါဝင်မှုက ပိုမို များပြားပါတယ်။ ဒါကြောင့် အရက်တွေ၊ ဘီယာတွေကို အလွန်အကျွံ သောက်သုံးခဲ့မယ် ဆိုရင်လည်း ကိုယ်အလေးချိန်ကို မြင့်တက်စေမှာ ဖြစ်ပါတယ်။

  • ရေခဲမုန့်

ရေခဲမုန့်ကို စားသုံးရတာ တကယ်ကို အရသာ ရှိပေမယ့်လည်း ရေခဲမုန့်မှာ ကယ်လိုရီတွေ မြောက်များစွာ ပါဝင်သလို သကြားဓာတ်တွေလည်း အလွန်အကျွံ ပါဝင်ပါတယ်။ ဒါကြောင့် ရေခဲမုန့်ကို စားသုံးခြင်းဖြင့်လည်း ကိုယ်အလေးချိန်ကို မြင့်တက်စေမှာ ဖြစ်ပါတယ်။

  • ပီဇာ

ပီဇာဆိုတာကတော့ အသင့်စား အစားအစာတွေ အထဲမှာ လူကြိုက်အများဆုံး အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီဇာမှာ ကယ်လိုရီတွေ မြောက်မြားစွာ ပါဝင်တဲ့အပြင် အနံ့၊ အရသာ ကောင်းမွန်စေဖို့ အတွက် ပြုပြင်ထားတဲ့ ဂျုံတွေ၊ အသားတွေ ပါဝင်တာကြောင့် အမြဲတမ်း စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကို မြင့်တက်စေမှာ ဖြစ်တဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.