အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ
- 17 Jan, 2020
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အားဖြည့်အချိုရည်တွေ သောက်လိုက်တဲ့ အခါမှာ ပင်ပန်းထားသမျှတွေ ပျောက်ကင်းသွားပြီး လန်းဆန်း တက်ကြွသွားတာကို လူတိုင်းနီးပါး ခံစားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း အားဖြည့်အချိုရည်တွေမှာ သကြားနဲ့ ကဖိန်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အားဖြည့်အချိုရည်တွေ သောက်လိုက်တဲ့ အခါမှာ ပင်ပန်းထားသမျှတွေ
ပျောက်ကင်းသွားပြီး လန်းဆန်း တက်ကြွသွားတာကို လူတိုင်းနီးပါး ခံစားဖူးကြမယ် ထင်ပါတယ်။
ဒါပေမယ့်လည်း အားဖြည့်အချိုရည်တွေမှာ သကြားနဲ့ ကဖိန်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့်
အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ရေဓာတ်ခမ်းခြောက်ခြင်း
အားဖြည့်အချိုရည်တွေမှာ ကဖိန်းဓာတ် အလွန်အကျွံ ပါဝင်တာကြောင့်
မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားဖြည့်အချိုရည်တွေ
အလွန်အကျွံ သောက်သုံးတဲ့ အခါမှာ မကြာခဏ ဆီးသွားခြင်းကို ခံစားရမှာဖြစ်ပြီး ရေဓာတ်ပြန်လည်
ဖြည့်တင်းခဲ့ခြင်း မရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်ခြင်းကို ခံစားရမှာ
ဖြစ်ပါတယ်။
- နှလုံးခုန်နှုန်းကို မြင့်တက်စေခြင်း
အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ် အနေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကို
ဖြစ်ပွားစေတဲ့အပြင် နှလုံးခုန်နှုန်းကိုလည်း မြင့်တက်စေမှာ ဖြစ်သလို ရင်တုန်ခြင်းကိုလည်း
ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ နှလုံးရောဂါအခံ ရှိနေခဲ့မယ်ဆိုရင် အားဖြည့်အချိုရည်
သောက်သုံးခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- သွားကျန်းမာရေးကို ထိခိုက်စေခြင်း
အားဖြည့်အချိုရည်တွေမှာ ဆစ်ထရစ်အက်စစ် (Citric Acid) ပါဝင်တာကြောင့် အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် သွားအပေါ်ယံ ကြွေသွားလွှာကို
ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အားဖြည့်အချိုရည်တွေမှာ သကြားဓာတ် အလွန်အကျွံ ပါဝင်တာကြောင့်
သွားကျန်းမာရေးအပြင် ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။
- ခေါင်းကိုက်ခြင်း
အားဖြည့်အချိုရည်တွေမှာ ကဖိန်းဓာတ်အပြင် အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့
(Guarana) လို့အမည်ရတဲ့ အပင်တစ်မျိုးလည်း ပါဝင်ပါတယ်။ အဆိုပါ (Guarana) အနေနဲ့ အစာစားချင်စိတ်ကို လျော့ချပေးသလို လန်းဆန်းတက်ကြွစေတဲ့ စိတ်ခံစားချက်မျိုးကို
ပေးစွမ်းပေမယ့် အားဖြည့်အချိုရည်တွေ အလွန်အကျွံ သောက်သုံးတဲ့ အခါမှာ ခေါင်းကိုက်ခြင်း၊
အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
REF: TheHealthy