တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း (Pelvic Floor Dysfunction)
- 17 Jan, 2020
- မျိုးဆက်ပွားကျန်းမာရေး
တင်ပါးဆုံတွင်းကြမ်းပြင်မှာ တည်ရှိနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ တစ်သျှူးတွေ အနေနဲ့ ဆီးအိတ်၊ စအိုနဲ့ လိင်အင်္ဂါနဲ့ သားအိမ်တွေ တည်ရှိနေသင့်တဲ့ နေရာမှာ တည်ရှိနေစေဖို့ အတွက် များစွာသော အထောက်အပံ့တွေကို ပေးစွမ်းလျက် ရှိကြပါတယ်။ တကယ်လို့ တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမျိုးတွေမှာ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တင်ပါးဆုံတွင်းကြမ်းပြင်မှာ တည်ရှိနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊
တစ်သျှူးတွေ အနေနဲ့ ဆီးအိတ်၊ စအိုနဲ့ လိင်အင်္ဂါနဲ့ သားအိမ်တွေ တည်ရှိနေသင့်တဲ့ နေရာမှာ
တည်ရှိနေစေဖို့ အတွက် များစွာသော အထောက်အပံ့တွေကို ပေးစွမ်းလျက် ရှိကြပါတယ်။ တကယ်လို့
တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမျိုးတွေမှာ
ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်တဲ့ အခါမှာ
တင်ပါးဆုံတွင်းမှာ တည်ရှိနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အောက်ကိုပြုတ်ကြသွားမှာဖြစ်ပြီး
ဆီးအိမ် ဒါမှမဟုတ် စအိုကို ဖိထားသလို ဖြစ်စေမှာ ဖြစ်တာကြောင့် ဆီးမထိန်းနိုင်ခြင်း၊
ဝမ်းမထိန်းနိုင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို တစ်ခါတရံမှာ ဆီးသွားရခက်ခဲခြင်း၊
ဝမ်းသွားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးမြင့်ခြင်း
- အဝလွန်ခြင်း
- အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း
- ခန္ဓာကိုယ် ဇီဝဗေဒစနစ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါများ ခံစားနေရခြင်း
- တင်ပါးဆုံရိုး၊ ဝမ်းဗိုက်စတဲ့ နေရာတွေကို ထိခိုက်စေနိုင်တဲ့
နာတာရှည်ရောဂါများ ခံစားနေရခြင်း
- ကိုယ်ဝန်ရှိခြင်း
- ဖွံ့ထွားတဲ့ သန္ဓေသားလောင်းကို ကိုယ်ဝန်ဆောင်ထားရခြင်း
တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်တဲ့ အခါမှာ တင်ပါးဆုံရိုး နာကျင်ခြင်း၊ တင်ပါးဆုံအောက်ပိုင်း ဖောင်းခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ချောင်းဆိုးလိုက်တိုင်း ဆီးထွက်ကျခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးကျန်ခြင်း၊ အူသိမ်အူမ လှုပ်ရှားမှု မူမမှန်ခြင်း၊ လိင်ဆက်ဆံရာမှာ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို တစ်ခုထက်ပိုပြီး ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသပြီး တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း ရှိမရှိနဲ့ ပတ်သတ်တဲ့ စမ်းသပ် ကုသမှုတွေကို အမြန်ဆုံး ခံယူသင့်ပါတယ်။
တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကို ကုသနိုင်မယ့်
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- စားသောက်မှု ပုံစံပြောင်းလဲခြင်း
အမျှင်များတဲ့ အစားအစာများ ပိုမို စားသုံးပေးခြင်း၊ ရေများများ
သောက်သုံးပေးခြင်း၊ အူသိမ်အူမ လှုပ်ရှားရ လွယ်ကူစေဖို့ အတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်း
ဆေးဝါးများ သောက်သုံးပေးခြင်းဖြင့် တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကို
သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ဝမ်းနှုတ်ဆေးသုံးစွဲခြင်း
ဝမ်းနှုတ်ဆေးသုံးစွဲခြင်းဖြင့် တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ
အလုပ်မလုပ်ခြင်းကြောင့် ခံစားနေရတဲ့ ဝမ်းသွားရ ခက်ခဲခြင်း ဝေဒနာကို သက်ကသာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်းနှုတ်ဆေး သုံးစွဲရာမှာ ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ
သုံးစွဲဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
- ဆေးဝါးများ သောက်သုံးခြင်း
ဆရာဝန် ညွှန်ကြားချက်အတိုင်း ကြွက်သားများ သန်မာစေမယ့် ဆေးဝါးများကို
သောက်သုံးပေးခြင်းဖြင့် တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကို
သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
တကယ်လို့ တင်ပါးဆုံတွင်းကြမ်းပြင် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကို
ခံစားနေရပြီး နေ့စဥ် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း
မရှိတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်း နည်းလမ်းကို ခံယူပြီး တင်ပါးဆုံတွင်းကြမ်းပြင်
ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
REF: MedicalNewsToday