ဖိုအင်္ဂါကင်ဆာ (Penile Cancer) အကြောင်း သိကောင်းစရာများ
- 17 Jan, 2020
- ကင်ဆာရောဂါများ
ဖိုအင်္ဂါကင်ဆာ ဆိုတာကတော့ အမျိုးသားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရှားပါး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖိုအင်္ဂါကင်ဆာကို အမျိုးသားဦးရေ တစ်သိန်းမှာ တစ်ယောက်ခန့်သာ ခံစားရလေ့ ရှိကြပါတယ်။ ဖိုအင်္ဂါတစ်ဝိုက် အရေပြားတွေ၊ လိင်တံအတွင်း တစ်သျှူးတွေမှာ တည်ရှိလျက်ရှိတဲ့ ကျန်းမာနေတဲ့ ဆဲလ်တွေ ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ ဖိုအင်္ဂါကင်ဆာကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ဖိုအင်္ဂါကင်ဆာ ဆိုတာကတော့ အမျိုးသားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့
ရှားပါး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖိုအင်္ဂါကင်ဆာကို အမျိုးသားဦးရေ တစ်သိန်းမှာ
တစ်ယောက်ခန့်သာ ခံစားရလေ့ ရှိကြပါတယ်။ ဖိုအင်္ဂါတစ်ဝိုက် အရေပြားတွေ၊ လိင်တံအတွင်း
တစ်သျှူးတွေမှာ တည်ရှိလျက်ရှိတဲ့ ကျန်းမာနေတဲ့ ဆဲလ်တွေ ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲသွားတဲ့
အခါမှာ ဖိုအင်္ဂါကင်ဆာကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ဖိုအင်္ဂါကင်ဆာကို များသောအားဖြင့် လိင်အင်္ဂါထိပ် အရေပြား ဖြတ်ထားခြင်း
မရှိတဲ့ အမျိုးသားတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ လိင်အင်္ဂါထပ် အရေပြား ဖြတ်ထားခြင်း
မရှိတဲ့ အခါမှာ ဖိုအင်္ဂါကင်ဆာကို ခံစားရမှာ ဖြစ်သလို လိင်အင်္ဂါထိပ်ဖူး မပွင့်ခြင်း
(Phimosis) ၊ လိင်တံချေးတက်ခြင်း (Smegma) စတဲ့
ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
ဖိုအင်္ဂါကင်ဆာကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ် ကြီးမြင့်ခြင်း
- ဆေးလိပ်သောက်ခြင်း
- တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း
- လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါများ ခံစားနေရခြင်း
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
ခံစားနေရခြင်း
ဖိုအင်္ဂါကင်ဆာကို ခံစားနေရပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့
အချက်ကတော့ လိင်တံထိပ် အနာပေါက်ခြင်း၊ အကျိတ်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖိုအင်္ဂါကင်ဆာကို ခံစားရတဲ့အခါမှာ ယားယံခြင်း၊ နာကျင်ခြင်း၊ လိင်အင်္ဂါမှ
အရည်များထွက်ခြင်း၊ လိင်တံအရောင် ပြောင်းလဲခြင်း၊ လိင်တံအရေပြား ရောင်ရမ်းလာခြင်း၊
လိင်တံမှ သွေးယိုစိမ့်ခြင်း၊ ပေါင်ခြံတစ်ဝိုက် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ လိင်တံမှ
အနံ့ဆိုးထွက်ခြင်း၊ လိင်တံထိပ် အရေပြား ကွဲအက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဖိုအင်္ဂါကင်ဆာ
ခံစားနေရခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။
ဖိုအင်္ဂါကင်ဆာကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- လိင်အင်္ဂါထိပ် အရေပြား ဖြတ်ထုတ်ခြင်း
- လေဆာကုထုံးခံယူခြင်း
- ကီမိုဆေးသွင်း ကုသခြင်း
- ဓာတ်ကင်ကုသခြင်း
- နိုက်ထရိုဂျင်အရည်ကို အသုံးပြုပြီး ကျူမာကျိတ်ကို အေးခဲစေကာ
ဖယ်ရှားပစ်ခြင်း (Cryosurgery)
REF: HealthLine