ရစ်ကတ်‌ (Ricket) ရောဂါအကြောင်း သိကောင်းစရာများ

  • 14 Jan, 2020
  • ကလေးကျန်းမာရေး

ရစ်ကတ်ဆိုတာကတော့ ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အရိုးပျော့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရစ်ကစ် အရိုးပျော့ရောဂါကို ဗီတာမင်ဒီ လုံလောက်မှု မရှိခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဗီတာမင်ဒီ အနေနဲ့ ကယ်ဆီယမ်နဲ့ ဖော့စ်ဖရက်ဓာတ် (Phosphorus) စုပ်ယူရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။

ရစ်ကတ်ဆိုတာကတော့ ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အရိုးပျော့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရစ်ကစ် အရိုးပျော့ရောဂါကို ဗီတာမင်ဒီ လုံလောက်မှု မရှိခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဗီတာမင်ဒီ အနေနဲ့ ကယ်ဆီယမ်နဲ့ ဖော့စ်ဖရက်ဓာတ် (Phosphorus) စုပ်ယူရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။

ခန္ဓာကိုယ်တွင်း ဗီတာမင်ဒီ နည်းပါးနေတဲ့ အခါမှာ ကယ်ဆီယမ်ဓာတ် စုပ်ယူနိုင်စွမ်း ကျဆင်းသွားမှာဖြစ်ပြီး အရိုးပျော့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များကြောင့်လည်း ကလေးငယ်တွေ အနေနဲ့ ရစ်ကတ် အရိုးပျော့ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။

ရစ်ကတ်အရိုးပျော့ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသက်အရွယ် ငယ်ရွယ်ခြင်း

ရစ်ကတ်အရိုးပျော့ရောဂါကို များသောအားဖြင့် (၃) နှစ်ကနေ (၆) နှစ်အတွင်း ကလေးငယ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ အဆိုပါ အသက်အရွယ် အတွင်းမှာ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်မှာ အလျင်အမြန် ကြီးထွားမှုတွေ ဖြစ်ပေါ်လျက် ရှိတာကြောင့် အရိုးပျော့ရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် ကြီးထွားမှုပိုင်းမှာ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

  • သားသတ်လွတ် စားသုံးခြင်း

တကယ်လို့ အသားငါးတွေ၊ ဥတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်း မရှိဘဲ အသီးအရွက် သီးသန့်ကိုသာ နို့တိုက်မိခင်က စားသုံးခဲ့မယ်ဆိုရင် ကလေးငယ် အနေနဲ့ ဗီတာမင်ဒီ လုံလောက်မှု မရှိခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် ရစ်ကတ် အရိုးပျော့ရောဂါကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • အသားညိုခြင်း/ အသားမည်းခြင်း

အသားညိုသူတွေ၊ အသားမည်းသူတွေရဲ့ အရေပြားဟာ နေရောင်ခြည်ကနေ ဗီတာမင်ဒီဓာတ်ကို စုပ်ယူရာမှာ အသားဖြူသူတွေလောက် စုပ်ယူနိုင်ခြင်း မရှိတာကြောင့် အသားညိုသူ/ အသားမည်းသူတွေ အနေနဲ့ ရစ်ကတ် အရိုးပျော့ရောဂါကို အသားဖြူသူတွေထက် ပိုမို ခံစားရလေ့ ရှိကြပါတယ်။

ဒါ့အပြင် သတ်မှတ်ချိန် မတိုင်ခင် မွေးဖွားခြင်း၊ အချို့သော ဆေးဝါးများ သောက်သုံးနေရခြင်း၊ ဂလူတန်နဲ့ ဓာတ်မတည့်သော ရောဂါ (Celiac Disease)၊ အူရောင်ရောဂါ (Inflammatory Bowel Disease)၊ မျိုးရိုးလိုက် အဆုတ်ရောဂါ (Cystic Fibrosis)၊ ကျောက်ကပ်ရောဂါစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာလည်း ရစ်ကတ် အရိုးပျော့ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

ကလေးငယ်တွေ အနေနဲ့ ရစ်ကတ်ရောဂါကို ခံစားရတဲ့ အခါမှာ -

  • ခန္ဓာကိုယ် ကြီးထွားနှုန်း ကျဆင်းခြင်း
  • လှုပ်ရှားသွားလာမှု နှောင့်နှေးခြင်း
  • အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • သွားအပေါက်ဖြစ်ခြင်း
  • အရိုးကျိုးလွယ်ခြင်း
  • ကြီးထွားနှုန်း ကျဆင်းခြင်း
  • ခြေလက်များ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ ရစ်ကတ် အရိုးပျော့ ရောဂါကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် မကြာခဏ သတိလစ်ခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှု မရှိခြင်း၊ အရိုးမူးမမှန်ခြင်း၊ ကျောရိုးမကြီး ခုံးထွက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.