နှလုံးစည်းချက် မမှန်ခြင်းအကြောင်း သိကောင်းစရာများ

  • 14 Jan, 2020
  • အဖြစ်များသောရောဂါများ

နှလုံးစည်းချက် မမှန်ခြင်း ဆိုတာကတော့ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်စောခြင်း၊ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်းစတဲ့ ဝေဒနာတွေ ခံစားနေရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို ထိန်းညှိပေးထားတဲ့ လျှပ်စစ် လှုံ့ဆော်မှုစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမှာ နှလုံးစည်းချက် မမှန်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

နှလုံးစည်းချက် မမှန်ခြင်း ဆိုတာကတော့ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်စောခြင်း၊ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်းစတဲ့ ဝေဒနာတွေ ခံစားနေရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို ထိန်းညှိပေးထားတဲ့ လျှပ်စစ် လှုံ့ဆော်မှုစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမှာ နှလုံးစည်းချက် မမှန်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • နှလုံးစည်းချက် မမှန်ခြင်းကို အမျိုးအစားအားဖြင့် လေးမျိုးခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
  • နှလုံးခုန်နှေးခြင်း (Bradycardia)
  • နှလုံးခုန်မြန်ခြင်း (Tachycardia)
  • နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (Irregular Heartbeat)
  • နှလုံးခုန်စောခြင်း (Early Heartbeat)

နှလုံးစည်းချက် မမှန်ခြင်းကို အရက်အလွန်အကျွံ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဆီးချိုရောဂါ ခံစားနေရခြင်း၊ ကော်ဖီအလွန်အကျွံ သောက်သုံးခြင်း၊ နှလုံးရောဂါ ခံစားနေရခြင်း၊ အသက်အရွယ် ကြီးမြင့်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (Hyperthyroidism)၊ စိတ်ဖိစီးမှုများပြားခြင်း၊ နှလုံးဖွဲ့စည်းပုံ ပြောင်းလဲခြင်း၊ နှလုံးမှာ အမာရွတ်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အချို့သော ဆေးဝါးများ သောက်သုံးခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။

နှလုံးစည်းချက်မမှန်ခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အသက်ရှူမဝခြင်း
  • မူးဝေခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အားနည်းခြင်း
  • ရင်ဘတ်နာခြင်း
  • သတိလစ်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အာရုံစူးစိုက်ရ ခက်ခဲခြင်း
  • ရင်တုန်ခြင်း
  • ချွေးထွက်လွန်ကဲခြင်း

နှလုံးစည်းချက် မမှန်ခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ‌လေဖြတ်ခြင်း၊ နှလုံး အလုပ်မလုပ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ်ကုသမှုတွေ ခံယူသင့်ပါတယ်။

နှလုံးစည်းချက် မမှန်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့‌ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစားအစာများ စားသုံးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း
  • ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
  • ကော်ဖီအလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
  • စိတ်ဖိစီးမှုကို လျော့ချခြင်း
REF: MayoClinicMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.