သွားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ
- 10 Jan, 2020
- သွားနှင့်ခံတွင်း
နေ့စဉ်ပုံမှန် ပါးစပ်ဆေး၊ သွားတိုက်ခြင်း မရှိခဲ့ဘူးဆိုရင် သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာကို လူတိုင်းနီးပါး သိထားကြမှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ လူသားတွေ နေ့စဉ်လုပ်ဆောင်နေကြ အချို့သော အပြုအမူတွေကလည်း သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
နေ့စဉ်ပုံမှန် ပါးစပ်ဆေး၊ သွားတိုက်ခြင်း မရှိခဲ့ဘူးဆိုရင် သွားနှင့်ခံတွင်း
ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာကို လူတိုင်းနီးပါး သိထားကြမှာပါ။ ဒါပေမယ့်လည်း
ကျွန်တော်တို့ လူသားတွေ နေ့စဉ်လုပ်ဆောင်နေကြ အချို့သော အပြုအမူတွေကလည်း သွားနှင့်ခံတွင်းကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ပစ္စည်းများကို သွားဖြင့် ကိုက်ဖောက်ခြင်း
လူအများစု အနေနဲ့ ပုလင်းတွေ၊ ရေသန့်ဘူးတွေ၊ မုန့်ထုတ်တွေကို
သွားဖြင့်ကိုက်ပြီး ဖောက်လေ့ရှိကြပါတယ်။ မကြာခဏ ပစ္စည်းများကို သွားဖြင့်ကိုက်ဖောက်ခြင်းကြောင့်
သွားတွေရဲ့ ခံနိုင်ရည်နဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာမှာ ဖြစ်တဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ
သွားကျိုးခြင်း၊ သွားပဲ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ဆေးလိပ်သောက်ခြင်း
ဆေးလိပ်မှာ ပါဝင်တဲ့ ဆေးရွက်ကြီး အနေနဲ့ သွားဖုံးရောဂါတွေကို
ဖြစ်ပွားစေနိုင်သလို ခံတွင်းကင်ဆာကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးရွက်ကြီး
အနေနဲ့ သွားတွေမှာ အချိန်ကာလ ကြာမြင့်စွာ စွဲကပ်နေနိုင်တာကြောင့် ဆေးလိပ်နဲ့ ဆေးရွက်ကြီး
ပါဝင်တဲ့ ထုတ်ကုန်တွေကို အသုံးပြုခြင်းဖြင့် သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိခိုက်စေမှာ
ဖြစ်ပါတယ်။
- လက်သည်းကိုက်ခြင်း
လက်သည်းကိုက်ခြင်းကြောင့် သွားပဲ့ခြင်း၊ သွားကျိုးခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်သလို မကြာခဏ လက်သည်းကိုက်ခြင်းကြောင့် မေးရိုးလုပ်ရှားမှု မူမမှန်ခြင်းကိုလည်း
ခံစားရမှာ ဖြစ်ပါတယ်။
- သွားတိုက်ကြမ်းခြင်း
သွားတိုက်ရာမှာ ခပ်ကြမ်းကြမ်းလေး ဖိတိုက်ပေးခြင်းဖြင့် သွားများကို
ဖြူစင်ဝင်းမွတ်စေမှာ ဖြစ်သလို သွားတွေ အပေါ်မှာ တွယ်ကပ်နေတဲ့ ဘက်တီးရီးယားတွေကိုလည်း
ဖယ်ရှားနိုင်မယ်လို့ လူသားအများစုက ထင်ထားလေ့ရှိကြပါတယ်။ တကယ်တမ်းတော့ မဟုတ်ပါဘူး။
သွားတိုက်ကြမ်းခြင်းကြောင့် သွားတွေကို ဖြူစင်ဝင်းမွတ်စေမှာ မဟုတ်သလို၊ သွားဖုံးနဲ့
သွားအပေါ်ယံ ကြွေသွားလွှာကို ပျက်စီးစေနိုင်ပါတယ်။
- ရေခဲဝါးခြင်း
ရေခဲတုံးတွေ ဝါးစားရတာကို လူသားအများစု အနေနဲ့ ကြိုက်နှစ်သက်လေ့
ရှိကြပါတယ်။ ဒါပေမယ့်လည်း ရေခဲဝါးခြင်းကြောင့် သွားအပေါ်ယံ ကြွေသွားလွှာကို ပျက်စီးစေနိုင်သလို
သွားပဲ့ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
- အချဥ်ဓာတ် လွန်ကဲသော အစားအစာများ စားသုံးခြင်း
အချဥ်ဓာတ် လွန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမယ်ဆိုရင်
အဆိုပါ အစားအစာတွေမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် သွားအပေါ်ယံ ကြွေသွားလွှာကို ပျက်စီးစေမှာ
ဖြစ်သလို သွားကျဥ်ခြင်း၊ သွားကိုက်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- အရက်သောက်ခြင်း
အယ်လ်ကိုဟောမှာလည်း အက်စစ်ဓာတ် ပါဝင်တာကြောင့် သွားအပေါ်ယံ ကြွေသွားလွှာကို
ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရက်သောက်လိုက်တဲ့ အခါမှာ ပါးစပ်အတွင်း တံထွေးထွက်ရှိမှု
နည်းပါးသွားမှာ ဖြစ်တာကြောင့် ပါးစပ်ခြောက်ခြင်း၊ ခံတွင်းအနံဆိုးထွက်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။
- သကြားအစားများခြင်း
သကြားဓာတ် လွန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးတဲ့ အခါမှာ
ပါးစပ်အတွင်း ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ဖွားနှုန်းလည်း ပိုမို မြင့်တက်လာမှာဖြစ်ပြီး
ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
REF: HawaiiFamilyDental