နာတာရှည် ဒူးနာခြင်းအကြောင်း သိထားသင့်တဲ့ အချက်များ
- 09 Jan, 2020
- အဖြစ်များသောရောဂါများ
နာတာရှည် ဒူးနာခြင်း ဆိုတာကတော့ လူသား အများစု ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာတာရှည် ဒူးနာခြင်းကို သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ နာတာရှည် ဒူးနာခြင်းကို ဒူးခေါင်း နှစ်ဖက်လုံး ဒါမှမဟုတ် ဒူးခေါင်း တစ်ဖက်တည်းမှာ ခံစားရမှာဖြစ်ပြီး ဒူးနာခြင်းကို ခံစားရတဲ့ အခါမှာ ဒူးခေါင်း အနီးတစ်ဝိုက် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
နာတာရှည် ဒူးနာခြင်း ဆိုတာကတော့ လူသား အများစု
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာတာရှည် ဒူးနာခြင်းကို
သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ နာတာရှည် ဒူးနာခြင်းကို
ဒူးခေါင်း နှစ်ဖက်လုံး ဒါမှမဟုတ် ဒူးခေါင်း တစ်ဖက်တည်းမှာ ခံစားရမှာဖြစ်ပြီး
ဒူးနာခြင်းကို ခံစားရတဲ့ အခါမှာ ဒူးခေါင်း အနီးတစ်ဝိုက် ရောင်ရမ်းခြင်း၊
နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
နာတာရှည် ဒူးနာခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အရိုးအဆစ်ရောင်ခြင်း (Osteoarthritis)
- အရွတ်ရောင်ခြင်း (Tendinitis)
- အရိုးအရည်အိတ်ရောင်ရမ်းခြင်း (Bursitis)
- ဒူးခေါင်းအရိုးနုပျော့ခြင်း (Chondromalacia
Patella)
- ဂေါက်ရောဂါ
- ဒူးခေါင်းအနောက် အရည်အိတ်တည်ခြင်း (Baker’s Cyst)
- သွေးလေးဘက်နာ (Rheumatoid Arthritis)
- ဒူးရိုးဆစ်လွဲခြင်း
- ဒူးအရွတ်ပြားပြဲခြင်း (Knee Meniscus Tear)
- ဒူးခေါင်းအရွတ်ပြဲခြင်း (Torn Ligament)
- အရိုးကျူမာဖြစ်ခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- ဒူးခေါင်း အနီးတစ်ဝိုက် ထိခိုက်ဒဏ်ရာရဖူးခြင်း
- လေ့ကျင့်ခန်း အပြင်းအထန် လုပ်ဆောင်ခြင်း
နာတာရှည်ဒူးနာခြင်းကို ခံစားရတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦး
ခံစားရလေ့ရှိတဲ့ ဝေဒနာတွေ တူညီခြင်း မရှိကြပါဘူး။ များသောအားဖြင့် နာတာရှည်
ဒူးနာခြင်းကို ခံစားရတဲ့ အခါမှာ မကြာခဏ ဒူးခေါင်း အနီးတစ်ဝိုက် ကိုက်ခဲခြင်း၊
တဆစ်ဆစ် နာကျင်ခြင်း၊ လှုပ်ရှားလိုက်တိုင်း မခံမရပ်နိုင်အောင် နာကျင်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။
နာတာရှည် ဒူးနာခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရုပ်ပိုင်းဆိုင်ရာကုထုံး ခံယူခြင်း (Physical
Therapy)
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- ခွဲစိတ်ကုသခြင်း
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးထိုးကုသမှု ခံယူခြင်း (Injection)
ဒါ့အပြင် တစ်နာရီခြားတစ်ခါ (၁၅) မိနစ်ခန့် ရေခဲအိတ် ကပ်ပေးခြင်းဖြင့်လည်း ဒူးနာခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ နာတာရှည် ဒူးနာခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- လေ့ကျင့်ခန်း မလုပ်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
- ကိုယ်အလေးချိန် ထိန်းညှိခြင်း
- နေ့စဥ်ပုံမှန် လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
- သက်ဆိုင်ရာ ဆရာဝန်နဲ့ (၆) လတစ်ကြိမ်ခန့် စမ်းသပ် စစ်ဆေးမှု
ခံယူခြင်း
REF: HealthLine