ကပ္ပယ်အိတ် ရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာများ
- 09 Jan, 2020
- မျိုးဆက်ပွားကျန်းမာရေး
ကပ္ပယ်အိတ် ဆိုတာကတော့ အမျိုးသားတွေရဲ့ ဝှေးစေ့ကို ထိန်းထားပေးတဲ့ အရေးပြား အိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကြောင့် တစ်ခါတရံမှာ အပြင်းအထန် နာကျင်မှုကို ခံစားရမှာ ဖြစ်ပေမယ့် များသောအားဖြင့်တော့ နာကျင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ကင်ဆာရောဂါ ဖြစ်ပွားတဲ့ အခါမှာလည်း ခံစားရလေ့ ရှိတာကြောင့် ကပ္ပယ်အိတ် ရောင်ရမ်းခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကပ္ပယ်အိတ် ဆိုတာကတော့ အမျိုးသားတွေရဲ့ ဝှေးစေ့ကို ထိန်းထားပေးတဲ့
အရေးပြား အိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကြောင့် တစ်ခါတရံမှာ
အပြင်းအထန် နာကျင်မှုကို ခံစားရမှာ ဖြစ်ပေမယ့် များသောအားဖြင့်တော့ နာကျင်မှုကို ခံစားရမှာ
မဟုတ်ပါဘူး။ ဒါပေမယ့် ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ကင်ဆာရောဂါ ဖြစ်ပွားတဲ့ အခါမှာလည်း
ခံစားရလေ့ ရှိတာကြောင့် ကပ္ပယ်အိတ် ရောင်ရမ်းခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့
ဝှေးစေ့မှာ ဒဏ်ရာ ရရှိပြီး သွေးကြောများ ပိတ်ဆို့ကာ ကပ္ပယ်အိတ် လိမ်သွားခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မုတ္တရောဂါ (Hydrocele)
မုတ္တရောဂါ ဆိုတာကတော့ ကပ္ပယ်အိတ်အတွင်းမှာ တည်ရှိနေတဲ့ ဝှေးစေ့
ပတ်လည်မှာ အရည်များ စုဝေးလာပြီး ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ မုတ္တရောဂါကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ် ကြီးလာခြင်း၊ ကပ္ပယ်အိတ် နာကျင်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ရေအိတ်တည်ခြင်း (Cysts)
ရေအိတ်တည်ခြင်းကို ကပ္ပယ်အိတ် အရေပြားအပေါ် ဒါမှမဟုတ် ကပ္ပယ်အိတ်
အတွင်းမှာ ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ အဆိုပါ ရေအိတ် အရွယ်အစား ကြီးထွားလာပြီး
ကပ္ပယ်အိတ် အပေါ် ဖိထားသလို ဖြစ်စေတာကြောင့် ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ခံစားရမှာ
ဖြစ်ပါတယ်။
- ကပ္ပယ်အိတ်ရှိ သွေးပြန်ကြောများထုံးခြင်း (Varicocele)
ကပ္ပယ်အိတ်ရှိ သွေးပြန်ကြောများထုံးခြင်း ဆိုတာကတော့ ကပ္ပယ်အိတ်
အတွင်းမှာ တည်ရှိနေတဲ့ သွေးကြောများ ဖောင်းလာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ကပ္ပယ်အိတ်ရှိ
သွေးပြန်ကြောများထုံးခြင်းကို များသောအားဖြင့် လူပျိုဖော်ဝင်စ အချိန်မှာ ခံစားရလေ့
ရှိကြပါတယ်။ ဒါ့အပြင် ကပ္ပယ်အိတ်ရှိ သွေးပြန်ကြောများထုံးခြင်းကြောင့် ကပ္ပယ်အိတ် နာကျင်ခြင်း၊
ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်တဲ့အပြင် တစ်ခါတရံမှာ မျိုးပွားနှုန်း
ကျဆင်းခြင်းကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
- ထိခိုက်ဒဏ်ရာရခြင်း
အကြောင်းအမျိုးမျိုးကြောင့် ကပ္ပယ်အိတ်မှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့
အခါမှာလည်း ကပ္ပယ်အိတ် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်
ကပ္ပယ်အိတ် ရောင်ရမ်ခြင်းကို နှစ်ရက်ထက် ပိုပြီး ခံစားနေရမယ်ဆိုရင်တော့ သက်ဆိုင်ရာ
ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။
- အကျိတ်ဖြစ်ခြင်း
ဝှေးစေ့ကင်ဆာကို ခံစားရတဲ့ အခါမှာ ကင်ဆာဆဲလ်များ ဝှေးစေ့တစ်ဝိုက်
ပြန့်ပွားသွားပြီး ကပ္ပယ်အိတ်မှာ ကင်ဆာကျိတ်များ စုဝေးသွားခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
တစ်ခါတရံမှာ ကပ္ပယ်အိတ် အကျိတ်တည်ခြင်းကြောင့်လည်း ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။
- အကြောင်းပြချက်မရှိ ကပ္ပယ်အိတ် ဖောရောင်ခြင်း (Idiopathic
Swelling)
အကြောင်းပြချက်မရှိ ကပ္ပယ်အိတ် ဖောရောင်ခြင်းကို များသောအားဖြင့်
ကလေးငယ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ အကြောင်းပြချက်မရှိ ကပ္ပယ်အိတ် ဖောရောင်ခြင်းကို
ခံစားရတဲ့ အခါမှာ နာကျင်မှုတွေကို ခံစားရမှာ မဟုတ်တဲ့အပြင် တစ်ပတ်ခန့် အကြာမှာ အလိုအလျောက်
သက်သာ ပျောက်ကင်းသွားခြင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ် အရွယ်အစား
ကြီးထွားလာခြင်း၊ ကပ္ပယ်အိတ် နာကျင်ခြင်း၊ ကပ္ပယ်အိတ် အဖုပေါက်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကပ္ပယ်အိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါဝေဒနာအပေါ်
မူတည်ပြီး ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေလည်း တူညီနိုင်မှာ မဟုတ်တာကြောင့် သင့်အနေနဲ့
ကပ္ပယ်အိတ် ရောင်ရမ်းနေကြောင်း သံသယရှိနေပြီ ဆိုတာနဲ့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့
သွားရောက် ပြသသင့်ပါတယ်။
REF: MedicalNewsToday