နှာခေါင်းဝ အနာပေါက်ခြင်း (Nasal Vestibulitis) အကြောင်း သိကောင်းစရာများ
- 08 Jan, 2020
- အဖြစ်များသောရောဂါများ
နှာခေါင်းဝ အနာပေါက်ခြင်း (Nasal Vestibulitis) ဆိုတာကတော့ နှာခေါင်းဝမှာ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှာခေါင်းဝ အနာပေါက်ခြင်းကို အလွယ်တကူ ကုသလို့ ရနိုင်မှာ ဖြစ်ပေမယ့် တကယ်လို့ ကုသခဲ့ခြင်း မရှိဘူးဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
နှာခေါင်းဝ အနာပေါက်ခြင်း (Nasal Vestibulitis) ဆိုတာကတော့ နှာခေါင်းဝမှာ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှာခေါင်းဝ အနာပေါက်ခြင်းကို အလွယ်တကူ ကုသလို့ ရနိုင်မှာ ဖြစ်ပေမယ့် တကယ်လို့ ကုသခဲ့ခြင်း မရှိဘူးဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။နှာခေါင်းဝ အနာပေါက်ခြင်းကို များသောအားဖြင့် (Staphylococcus) ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် နှာခေါင်းမွေးနှုတ်ခြင်း၊ မကြာခဏ နှာချေခြင်း၊ မကြာခဏ နှာခေါင်းနှိုက်ခြင်း၊ နှာခေါင်းအပေါက်ဖောက်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။
တစ်ခါတရံမှာ ရေယုန်ပေါက်ခြင်း၊ မကြာခဏနှာစေးခြင်း၊ အလာဂျစ်ဖြစ်ခြင်း၊
ဗိုင်းရပ်ပိုးကူးစက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း
နှာခေါင်းဝ အနာပေါက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကုသရာမှာ
အသုံးပြုလေ့ရှိတဲ့ အချို့သော ဆေးဝါးများကြောင့်လည်း နှာခေါင်းဝ အနာပေါက်ခြင်းကို ခံစားရနိုင်ပါတယ်။
နှာခေါင်းဝ အနာပေါက်ခြင်းကို ခံစားရတဲ့ အခါမှာ -
- နှာခေါင်းတွင်း ရောင်ရမ်းခြင်း
- နှာခေါင်းမွေးများ အကြား အနာများ ထွက်ပေါ်လာခြင်း
- နှာခေါင်းခြောက်ခြင်း
- နှာခေါင်းယားခြင်း
- နှာခေါင်းသွေးယိုခြင်း
- နှာခေါင်းတွင်း အရေပြား ကွဲအက်ခြင်း
- နှာခေါင်းအနီးတစ်ဝိုက် နာကျင်ခြင်း
- နှာခေါင်းတွင်း အဖုပေါက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
နှာခေါင်းဝ အနာပေါက်ခြင်းကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်းမရှိဘူးဆိုရင်
အရေပြားရောင်ရမ်းခြင်း (Cellulitis) ၊ (Cavernous Sinus Thrombosis) ရောဂါစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါဝေဒနာတွေကို ခံစားရပြီ ဆိုတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး
ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
နှာခေါင်းဝ အနာပေါက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း
- မကြာခဏ နှာခေါင်းနှိုက်ခြင်းကို ရှောင်ကြဥ်ခြင်း
- နှာခေါင်းတွင်း အနာများကို ကုတ်ဖဲ့မှုအား ရှောင်ကြဥ်ခြင်း
- နှာခေါင်းတွင်း ဝက်ခြံများ ညှစ်ထုတ်မှုကို ရှောင်ကြဥ်ခြင်း
REF: HealthLine