လက်မောင်း ထုံကျဥ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 23 Dec, 2019
- အဖြစ်များသောရောဂါများ
တစ်ခါတရံမှာ အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် လက်မောင်း ထုံကျဥ်ခြင်းကို ဖြစ်ပွားစေနိုင်သလို နေထိုင်မှု ပုံစံကြောင့်လည်း လက်မောင်း ထုံကျဥ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် လက်မောင်း ထုံကျဥ်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
တစ်ခါတရံမှာ အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေကြောင့်
လက်မောင်း ထုံကျဥ်ခြင်းကို ဖြစ်ပွားစေနိုင်သလို နေထိုင်မှု ပုံစံကြောင့်လည်း လက်မောင်း
ထုံကျဥ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် လက်မောင်း ထုံကျဥ်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- သွေးလည်ပတ်မှု မကောင်းခြင်း
နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့ သွေးတွေကို သွေးကြောတွေကနေ တစ်ဆင့်
ခန္ဓာကိုယ် နေရာအနှံ့ကို ပို့ဆောင်ပေးလျက် ရှိပါတယ်။ တကယ်လို့ သွေးလည်ပတ်မှု မကောင်းတဲ့
အခါမှာ လက်မောင်း၊ လက်၊ ခြေထောက်၊ ခြေဖဝါးများ ထုံကျဥ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သွေးလည်ပတ်မှု မကောင်းခြင်းကြောင့် ခြေလက်များ အေးစက်ခြင်း၊ အသားအရေ ပြာနှမ်းခြင်း၊
ခြေချောင်း၊ လက်ချောင်းများ ရောင်ရမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
သွေးလည်ပတ်မှု မကောင်းခြင်းကို ဖြစ်ပွားစေတဲ့ ကျန်းမာရေးဆိုင်ရာ
ချို့ယွင်းချက်တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- သွေးကြောကျဥ်းခြင်း (Atherosclerosis)
- သွေးခဲခြင်း
- ဆီးချိုရောဂါဖြစ်ပွားခြင်း
- ပြင်ပသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
- အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)
အာရုံကြောအားနည်းခြင်းကို ဆီးချိုရောဂါ ခံစားရခြင်း၊ ခန္ဓာကိုယ်
ခုခံအားစနစ် ပြောင်းလဲခြင်း၊ အရိုးထိခိုက်ဒဏ်ရာရခြင်း၊ သွေးကြောကျဥ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊
အသည်းရောဂါ၊ ကျောက်ကပ် ရောဂါများ ခံစားနေရခြင်း၊ ဗီတာမင် (B12) လုံလောက်မှု မရှိခြင်း၊ ကင်ဆာရောဂါများ ခံစားနေရခြင်းစတဲ့ အကြောင်းအရင်းများကြောင့်
ဖြစ်ပွားစေနိုင်ပါတယ်။ အာရုံကြော အားနည်းခြင်းကို ခံစားရတဲ့ အခါမှာ လက်မောင်း၊ လက်၊
ခြေထောက်၊ ခြေဖဝါး ထုံကျဥ်ခြင်း၊ ကိုယ်အပူချိန် ပြောင်းလဲခြင်း၊ ကြွက်သားအားနည်းခြင်း၊
ချွေးထွက်လွန်ကဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- Thoracic Outlet Syndrome
(Thoracic Outlet Syndrome) ဆိုတာကတော့ ရင်ဘတ်ညှပ်ရိုးနဲ့ နံရိုးအကြား
သွေးကြောနဲ့ အာရုံကြောများ ဖိထားခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါအစုအဖွဲ့ တစ်ခုပဲ ဖြစ်ပါတယ်။
(Thoracic Outlet Syndrome) ကို ခံစားရတဲ့ အခါမှာ လက်မောင်း၊
လက်၊ လည်ပင်းများ ထုံကျဥ်ခြင်း၊ စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- လည်ပင်းရိုးဆစ်ကျဥ်းခြင်း (Cervical Spinal Stenosis)
လည်ပင်းရိုးဆစ်ကျဥ်းခြင်း ဆိုတာကတော့ လည်ပင်းမှာ တည်ရှိနေတဲ့
အာရုံကြောလမ်းကြောင်း ကျဥ်းမြောင်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
လည်ပင်းရိုးဆစ်ကျဥ်းခြင်းကို များသောအားဖြင့် အဆစ်ရောင်ရောဂါ ခံစားရခြင်း၊ လည်ပင်း
ဒါမှမဟုတ် နောက်ကျောမှာ ထိခိုက်ဒဏ်ရာရခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရနိုင်ပါတယ်။
လည်ပင်းရိုးဆစ်ကျဥ်းခြင်းကို ခံစားရတဲ့ အခါမှာ လက်မောင်း၊ ခြေချောင်းများ ထုံကျင်ကိုက်ခဲခြင်း၊
အားနည်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ခါးဆစ်ရိုးကျွံကျခြင်း (Herniated Disk)
ခါးဆစ်ရိုးကျွံကျခြင်း ဆိုတာကတော့ ခါးဆစ်ရိုးများ အကြားမှာ ခံထားပေးတဲ့
အချပ်ပြားများ ကျွံကျလာပြီး ဘေးပတ်လည်မှ အာရုံကြောတွေကို ဖိထားမိတဲ့ အခါမျိုးတွေမှာ
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခါးဆစ်ရိုးကျွံကျခြင်းကို ခံစားရတဲ့ အခါမှာ
လက်မောင်း ထုံကျဥ်ကိုက်ခဲခြင်း၊ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ခေါင်းတစ်ခြမ်းကိုက်ခြင်း
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရတဲ့ အခါမှာ ခေါင်းကိုက်ခြင်းအပြင်
ခန္ဓာကိုယ်တစ်ခြမ်း ထုံကျဥ်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို နာတာရှည် ခံစားရတဲ့အခါမှာ စိတ်ရှုပ်ထွေးခြင်း၊
မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ မူးဝေခြင်း၊ စိတ်ခံစားချက် ပြောင်းလဲခြင်းစတဲ့ ဝေဒနာတွေကိုလည်း
ခံစားရနိုင်ပါတယ်။
- နှလုံးဖောက်ခြင်း
နှလုံးအတွင်းမှာ လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏ ရရှိခြင်း မရှိတဲ့
အခါမျိုးတွေမှာ နှလုံးဖောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ နှလုံးဖောက်ခြင်းကို ခံစားရတဲ့အခါမှာ
လက်မောင်းများ နာကျင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊
နောက်ကျောနာကျင်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ချွေးထွက်လွန်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
REF: MedicalNewsToday