အဆုတ်ကင်ဆာ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်များ
- 23 Dec, 2019
- ကင်ဆာရောဂါများ
အဆုတ်ကင်ဆာဆိုတာ ကင်ဆာရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆုတ်ကင်ဆာကြောင့် သေဆုံးမှု ရာခိုင်နှုန်းဟာ ဆိုရင်လည်း တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆုတ်ကင်ဆာ ရောဂါကို ဖြစ်ပွားစဥ် ကာလမှာ သိရှိခဲ့မယ်ဆိုရင် အလွယ်တကူ ကုသနိုင်မှာ ဖြစ်သလို ဘေးထွက်ဆိုးကျိုး အနည်းငယ်ကိုသာ ခံစားရမှာ ဖြစ်တာကြောင့် အဆုတ်ကင်ဆာ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အဆုတ်ကင်ဆာဆိုတာ ကင်ဆာရောဂါတွေ အထဲမှာ အဖြစ်များတဲ့
ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆုတ်ကင်ဆာကြောင့် သေဆုံးမှု
ရာခိုင်နှုန်းဟာ ဆိုရင်လည်း တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဆုတ်ကင်ဆာ ရောဂါကို ဖြစ်ပွားစဥ် ကာလမှာ သိရှိခဲ့မယ်ဆိုရင် အလွယ်တကူ
ကုသနိုင်မှာ ဖြစ်သလို ဘေးထွက်ဆိုးကျိုး အနည်းငယ်ကိုသာ ခံစားရမှာ ဖြစ်တာကြောင့်
အဆုတ်ကင်ဆာ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို
ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း
အဆုတ်ကင်ဆာ ရောဂါကို ခံစားနေရကြောင်း အလွယ်တကူ
သိရှိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်းပဲ
ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကင်ဆာရောဂါ ခံစားနေရသူ (၄၀) ရာခိုင်နှုန်း
အနေနဲ့ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်းကို ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။
အဆုတ်ကင်ဆာရောဂါအပြင် ခန္ဓာကိုယ် ခုခံအားစနစ် ပြောင်းလဲခြင်း၊ ဇီဝဗေဒဖြစ်စဥ်
ပြောင်းလဲခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အစာစားချင်စိတ်မရှိခြင်းစတဲ့
အကြောင်းအရင်းတွေကြောင့်လည်း ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်းကို ခံစားရမှာ
ဖြစ်ပါတယ်။
- အသက်ရှူမဝခြင်း
အဆုတ်ကင်ဆာ ရောဂါကို ခံစားရတဲ့ အခါမှာ အသက်ရှူမဝခြင်း၊
အသက်ရှူလိုက်စဥ် တဝှီဝှီအသံမြည်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို
အဆုတ်ကင်ဆာ ရောဂါကို စတင် ခံစားရစဥ် ကာလမှာ ချောင်းဆိုးခြင်း၊
ချေင်းဆိုးလိုက်တိုင်း သွေးပါခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- ပင်ပန်းနွမ်းနယ်ခြင်း
အဆုတ်ကင်ဆာကို
ခံစားရခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ သွေးနီးဥရာခိုင်နှုန်း
ကျဆင်းသွားမှာဖြစ်ပြီး သွေးအားနည်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ သွေးနီဥတွေ
အနေနဲ့ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေ သယ်ဆောင်ပေးလျက် ရှိတာကြောင့် သွေးနီဥ
နည်းပါးသွားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ဓာတ် နည်းပါးသွားမှာဖြစ်ပြီး
မောပန်းနွမ်းနယ်ခြင်း၊ ပင်ပန်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ရင်ဘတ်အောင့်ခြင်း၊ နောက်ကျောနာခြင်း
အဆုတ်ကင်ဆာ ရောဂါကို စတင်ခံစားရစဥ် ကာလမှာတော့
နာကျင်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကင်ဆာရောဂါ ရင့်လာတာနဲ့အမျှ
ရင်ဘတ်၊ နံရိုး၊ နောက်ကျော၊ ပုခုံး နာကျင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- အသံသြခြင်း
အဆုတ်တွင်း ကင်ဆာကျိတ်တွေ များပြားလာတဲ့ အခါမှာ
ရင်ဘတ်အတွင်းမှာ တည်ရှိနေတဲ့ (Laryngeal Nerve) အာရုံကြော အပေါ်ကို
ဖိထားသလို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ အခုလို Laryngeal Nerve အာရုံကြောအပေါ်
ကင်ဆာကျိတ်တွေ ဖိထားမိခြင်းကြောင့် အသံကြိုးရဲ့ လုပ်ငန်းဆောင်တာတွေကို
ထိခိုက်စေမှာဖြစ်ပြီး အသံသြခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
အဆုတ်ကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်း
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း
- ရေဒွန်ဓာတ်ငွေ့နဲ့ ထိတွေ့ခြင်း
- ဓာတုဗေဒပစ္စည်းများနဲ့ ထိတွေ့မိခြင်း
- လေထုညစ်ညမ်းခြင်း
- မျိုးရိုးလိုက်ခြင်း
REF: MedicalNewsToday
