မြေပဲထောပတ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 20 Dec, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

မြေပဲထောပတ်ကို လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ စားသုံးကြလေ့ ရှိကြပါတယ်။ မြေပဲထောပတ်ကို စားသုံးရတာ အရသာရှိသလို ဗီတာမင်တွေ၊ ပရိုတိန်းတွေ၊ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် မြေပတ်ထောပတ်ကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

မြေပဲထောပတ်ကို လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ စားသုံးကြလေ့ ရှိကြပါတယ်။ မြေပဲထောပတ်ကို စားသုံးရတာ အရသာရှိသလို ဗီတာမင်တွေ၊ ပရိုတိန်းတွေ၊ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် မြေပတ်ထောပတ်ကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

မြေပဲထောပတ်မှာ ပရိုတိန်း၊ အဆီနဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် တစ်ခါစားလိုက်ရုံနဲ့ အချိန်ကြာမြင့်တဲ့အထိ အစာစားချင်စိတ် ထပ်မံ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အစားအစာတွေ မကြာခဏ စားချင်စိတ် ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် ကိုယ်အလေးချိန် မြင့်တက်လာခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေပဲထောပတ်မှာ ပရိုတိန်းဓာတ် ပါဝင်တာကြောင့် ကြွက်သားများကိုလည်း ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။

  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

မြေပဲထောပတ်မှာ မဂ္ဂနီဆီယမ်၊ ဗီတာမင် ENiacin စတဲ့ ဓာတ်တွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေမှာ ဖြစ်သလို သွေးပေါင်ချိန် မြင့်တက်ခြင်း၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

မြေပဲထောပတ်မှာ ကာဘိုဟိုက်ဒရိတ် (Carbohydrate) ပါဝင်မှု နည်းပါတဲ့အပြင် ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေတဲ့ အဆီဓာတ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် မြေပဲထောပတ်ကို စားသုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ထိန်းညှိပေးနိုင်မှာ ဖြစ်တဲ့အပြင် ဆီးချိုရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ မြေပဲထောပတ်ကို ငယ်စဥ်ကတည်းက စားသုံးခဲ့မယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • ကျောက်ကပ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

မြေပဲထောပတ်မှာ ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ပင်မအာရုံကြောစနစ်ကိုလည်း အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။

  • အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

မြေပဲထောပတ်မှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားများ တောင့်တင်းခိုင်မာလာအောင် တည်ဆောက်ရာမှာ အထောက်အကူ ပေးစွမ်းနိုင်မှာ ဖြစ်သလို အရိုးများကိုလည်း ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးခြင်း

မြေပဲထောပတ်မှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အန်တီအောက်ဆီဒန့်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် မြေပဲထောပတ်ကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ် ခုခံစွမ်းအားကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.