အစာရေမျိုပြွန်ရောင်ခြင်း (Esophagitis) အကြောင်း သိကောင်းစရာများ

  • 20 Dec, 2019
  • အဖြစ်များသောရောဂါများ

အစာရေမျိုပြွန် ဆိုတာကတော့ ပါးစပ်မှ ဝင်လာတဲ့ အစာတွေ၊ ရေတွေကို လည်ချောင်းကနေ တစ်ဆင့် အစာအိမ်ကို ရောက်ရှိအောင် ပို့ဆောင်ပေးရတဲ့ ကြွက်သားပြွန် တစ်ခုပဲ ဖြစ်ပါတယ်။ အစာရေမျိုပြွန် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အစာရေမြိုပြွန် တစ်သျှူးတွေ ပျက်စီးခြင်းကို ခံစားရမှာဖြစ်ပြီး အစာရေမျိုပြွန်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အစာရေမျိုပြွန် ဆိုတာကတော့ ပါးစပ်မှ ဝင်လာတဲ့ အစာတွေ၊ ရေတွေကို လည်ချောင်းကနေ တစ်ဆင့် အစာအိမ်ကို ရောက်ရှိအောင် ပို့ဆောင်ပေးရတဲ့ ကြွက်သားပြွန် တစ်ခုပဲ ဖြစ်ပါတယ်။ အစာရေမျိုပြွန် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အစာရေမြိုပြွန် တစ်သျှူးတွေ ပျက်စီးခြင်းကို ခံစားရမှာဖြစ်ပြီး အစာရေမျိုပြွန်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အစာရေမျိုပြွန်ရောင်ခြင်းကို အမျိုးအစားအားဖြင့် လေးမျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Eosinophilic အစာရေမျိုပြွန်ရောင်ခြင်း

Eosinophil ဆိုတာကတော့ သွေးဖြူဥ အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ အစာရေမျိုပြွန် အတွင်းမှာ Eosinophil တွေ များပြားလာတဲ့ အခါမှာ Eosinophilic အစာရေမျိုပြွန်ရောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အစာရေမျိုပြွန် အတွင်း Eosinophil အမျိုးအစား သွေးဖြူဥတွေ များပြားလာခြင်းကို ဓာတ်မတည့်ခြင်းကြောင့် ခံစားရလေ့ ရှိပါတယ်။ Eosinophilic အစာရေမျိုပြွန်ရောင်ခြင်းကို နွားနို့၊ ပဲနို့၊ ကြက်ဥ၊ ဘဲဥ၊ ဂျုံ၊ မြေပဲ၊ အစေ့အဆံများ၊ ငါးများနဲ့ ဓာတ်မတည့်ခြင်း၊ ဝတ်မှုန်နဲ့ ဓာတ်မတည့်ခြင်းတို့ကြောင့် ခံစားရလေ့ ရှိကြပါတယ်။

  • အက်စစ်ဓာတ်ပြန်တက်ခြင်းကြောင့် အစာရေမျိုပြွန်ရောင်ခြင်း (Reflux Esophagitis)

အစာရေမျိုပြွန်အောက်ပိုင်းမှာ တည်ရှိနေတဲ့ အဆို့ရှင် အနေနဲ့ အစာအိမ် အတွင်းမှ အက်စစ်များ အစာရေမျိုပြွန်အတွင်း ပြန်တက်လာခြင်း မရှိစေရန် ကာကွယ်ပေးလျက် ရှိပါတယ်။ တကယ်လို့ အစာရေမျိုပြွန် အဆို့ရှင် မလုံတဲ့ အခါမျိုးတွေမှာ အစာရေမျိုပြွန်အတွင်း အက်စစ်များ ပြန်တက်လာပြီး အစရေမျိုပြွန်ရောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • ဆေးဝါးများကြောင့် အစာရေမျိုပြွန်‌ရောင်ခြင်း (Drug-Induced Esophagitis)

သင့်အနေနဲ့ ဆေးဝါးများကို ရေအနည်းငယ်နဲ့သာ တွဲဖက်ပြီး သောက်သုံးမိတဲ့ အခါမျိုးတွေမှာ ဒါမှမဟုတ် ဆေးသီးသန့် မျိုချလိုက်တဲ့ အခါမှာ အစာရေမျိုပြွန်ကနေ အစာအိမ်ကို ပို့ဆောင်ရန် အတွက် အချိန်ပိုမို ကြာမြင့်စွာ ဖြစ်ပါတယ်။ အခုလို ဆေးဝါးများ အစာရေမျိုပြွန်အတွင်းမှာ အချိန်ကြာမြင့်စွာ တည်ရှိနေခြင်းကြောင့်လည်း အစာအိမ်ရေမျိုပြွန်ရောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ပိုးမွှားများကြောင့် အစာရေမျိုပြွန်ရောင်ခြင်း

ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းနေတဲ့ အခါမှာ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးတွေ အနေနဲ့ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ အခုလို ရောဂါပိုးတွေ အစာရေမျိုပြွန်ကို ကူးစက်ခံရတဲ့ အခါမှာ အစာရေမျိုပြွန်ရောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

အစာရေမျိုပြွန်‌ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ အစာမျိုရခက်ခဲခြင်း၊ အစာမျိုစဥ်နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ အသံအက်ခြင်း၊ နှလုံးအောင့်ခြင်း၊ အက်စစ်ပြန်တက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ရက်သတ္တပတ် အနည်းငယ်ခန့် ခံစားနေရတဲ့အပြင် အစာစားလိုက်တိုင်း ရင်ဘတ်အောင့်ခြင်း၊ အစာနင်ခြင်း၊ ရေသောက်လိုက်တာနဲ့ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ်ကုသမှု ခံယူသင့်ပါတယ်။

အစာရေမျိုပြွန် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခုခံအားကျဆင်းခြင်း
  • အစာအိမ်ကျွံခြင်း (Hiatal Hernia)
  • ကီမိုဆေးသွင်းခြင်း
  • ဓာတ်ကင်ကုသခြင်း
  • ရင်ဘတ်တစ်ဝိုက် ခွဲစိတ်ကုသမှုခံယူခြင်း
  • အချို့သော ဆေးဝါးများ သောက်သုံးရခြင်း
  • နာတာရှည် အော့အန်ခြင်း
  • အဝလွန်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • အရက်၊ ဆေးလိပ် အလွန်အကျွံ သုံးစွဲခြင်း
  • မျိုးရိုးလိုက်ခြင်း

အစာရေမျိုပြွန်ရောင်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဗိုင်းရပ်စ်သတ်ဆေးများ သောက်သုံးခြင်း
  • မှိုသတ်ဆေးများ သောက်သုံးခြင်း
  • အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
  • အစာအိမ်မှ အက်စစ်ထွက်ခြင်းကို ပိတ်ဆို့စေသော ဆေးဝါးများ သောက်သုံးခြင်း
REF: HealthlineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.