အမျိုးသားများ ရင်သားကြီးခြင်း အကြောင်း သိကောင်းစရာများ

  • 20 Dec, 2019
  • အဖြစ်များသောရောဂါများ

ပုံမှန်မဟုတ်ဘဲ ရင်သားကြီးခြင်းကို အမျိုးသမီးများ အပြင် အမျိုးသားများ အနေနဲ့လည်း ခံစားရလေ့ ရှိကြပါတယ်။ အမျိုးသားတွေမှာ ကျားဟော်မုန်း (Testosterone) နည်းပါးသွားတဲ့ အခါမျိုးတွေမှာ ပုံမှန်မဟုတ်ဘဲ ရင်သားကြီးခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ကျားဟော်မုန်း အနေနဲ့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ကြီးထွားမှုဆိုင်ရာမှာ များစွာသော အထောက်အပံ့တွေကို ပေးလျက်ရှိပါတယ်။

ပုံမှန်မဟုတ်ဘဲ ရင်သားကြီးခြင်းကို အမျိုးသမီးများ အပြင် အမျိုးသားများ အနေနဲ့လည်း ခံစားရလေ့ ရှိကြပါတယ်။ အမျိုးသားတွေမှာ ကျားဟော်မုန်း (Testosterone) နည်းပါးသွားတဲ့ အခါမျိုးတွေမှာ ပုံမှန်မဟုတ်ဘဲ ရင်သားကြီးခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ကျားဟော်မုန်း အနေနဲ့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ကြီးထွားမှုဆိုင်ရာမှာ များစွာသော အထောက်အပံ့တွေကို ပေးလျက်ရှိပါတယ်။

တကယ်လို့ ကျားဟော်မုန်း နည်းပါးသွားတဲ့ အခါမှာ အမျိုးသားများ အနေနဲ့ ပုံမှန်မဟုတ်တဲ့ ရင်သားကြီးခြင်း အပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း အမျိုးသမီးတွေမှာလို ရင်သားဂလင်းတွေ တည်နေရှိပေမယ့် ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့ ရင်သားဂလင်းတွေဟာ အမျိုးသမီးတွေရဲ့ ရင်သားဂလင်းတွေလို ကြီးထွားလာလေ့ မရှိကြပါဘူး။

ပုံမှန်မဟုတ်ပဲ ရင်သားကြီးခြင်းကို ဟော်မုန်းပြောင်းလဲကာစ မွေးကင်းစ ကလေးငယ်တွေ၊ လူပျိုဖော်ဝင်စ အမျိုးသားတွေ၊ သက်ကြီးရွယ်အိုတွေ အနေနဲ့ များသောအားဖြင့် ခံစားရလေ့ ရှိပါတယ်။ အမျိုးသားများ ရင်သားကြီးခြင်းကို ခံစားရတဲ့ အခါမှာ ရင်သားတစ်သျှူးများ ရောင်ရမ်းခြင်း၊ ရင်သားများ နာကျင်ခြင်း၊ သားမြတ်ခေါင်းမှ အရည်များထွက်ခြင်း၊ ရင်သားများ အလွန်အမင်း ကြီးထွားလာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အမျိုးသားများ ရင်သားကြီးထွားခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • အသက်အရွယ်ကြီးမြင့်ခြင်း
  • မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
  • ဆေးခြောက်သုံးခြင်း
  • အရက်သောက်ခြင်း
  • ကင်ဆာရောဂါ ကုထုံးများ ခံယူဖူးခြင်း
  • ကင်ဆာရောဂါများ ခံစားနေရခြင်း
  • ကျောက်ကပ်ရောဂါ ခံစားနေရခြင်း
  • အသည်းရောဂါ ခံစားနေရခြင်း
  • ဝှေးစေ့ အကျိတ်ဖြစ်ခြင်း
  • အာဟာရဓာတ် မပြည့်ဝခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရခြင်း
  • နှလုံးရောဂါ ခံစားနေရခြင်း
  • အသည်းခြောက်ခြင်း
  • ကျားဟော်မုန်းနည်းပါးခြင်း
  • မဟော်မုန်းလွန်ကဲခြင်း

‌အမျိုးသားများ ရင်သားကြီးထွားခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခွဲစိတ်ကုသခြင်း

ရင်သားတွင်း ပိုလျှံနေတဲ့ အဆီတစ်သျှူးတွေ၊ ရင်သားဂလင်းတစ်သျှူးတွေကို ခွဲစိတ် ဖယ်ရှားပစ်ခြင်းဖြင့် အမျိုးသားများ ရင်သားကြီးထွားခြင်းကို ကုသနိုင်မှာ ဖြစ်ပါတယ်။

  • ဆေးဝါးများ သောက်သုံးခြင်း

ဆေးဝါးများသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဟော်မုန်း မမျှတမှုကို သက်သာစေမှာဖြစ်ပြီး ရင်သားများ ကြီးထွားခြင်းကို ကုသနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားများ ရင်သားကြီးထွားခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း၊ အရက်အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော ဆေးဝါးတွေ သောက်သုံးတဲ့ အခါမှာလည်း ရင်သားများ ကြီးထွားခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် သင့်အနေနဲ့ ဆေးဝါးများ သောက်သုံးခြင်းကြောင့် ရင်သားကြီးထွားခြင်းကို ခံစားနေရမယ်ဆိုရင် ဆေးဝါးများ ပြောင်းလဲပေးရန် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြန်လည် တိုင်ပင်သင့်ပါတယ်။

REF: MedicalNewsTodayMayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.