သွိုင်းရွိုက်ကင်ဆာအကြောင်း သိကောင်းစရာများ
- 19 Dec, 2019
- ကင်ဆာရောဂါများ
သွိုင်းရွိုက်ဂလင်း ဆိုတာကတော့ ဟော်မုန်းစနစ် အစုအဖွဲ့ အတွင်းမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သွိုင်းရွိုက်ဂလင်းကနေ တစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွိုင်းရွိုက်ဟော်မုန်းများကို ထုတ်လွှတ် ပေးလျက်ရှိပြီး သွိုင်းရွိုက်ဂလင်းကို လည်းပင်ရဲ့ တစ်ဖက်တစ်ချက်စီမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သွိုင်းရွိုက်ဂလင်း ဆိုတာကတော့ ဟော်မုန်းစနစ် အစုအဖွဲ့ အတွင်းမှာ
တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သွိုင်းရွိုက်ဂလင်းကနေ တစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
သွိုင်းရွိုက်ဟော်မုန်းများကို ထုတ်လွှတ် ပေးလျက်ရှိပြီး သွိုင်းရွိုက်ဂလင်းကို လည်းပင်ရဲ့
တစ်ဖက်တစ်ချက်စီမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သွိုင်းရွိုက်ဟော်မုန်း အနေနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဥ်၊ သွေးပေါင်ချိန်၊
နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် အပူချိန်၊ ခန္ဓာကိုယ် အလေးချိန်စတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဥ်တွေကို
ထိန်းညှိပေးလျက် ရှိတာကြောင့် သွိုင်းရွိုက်ဂလင်းမှာ ပြဿနာ တစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့
အခါမှာ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သွိုင်းရွိုက်ကင်ဆာဆိုတာ
ဟော်မုန်းစနစ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာရောဂါတွေ အထဲမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ
တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွိုင်းရွိုက်ကင်ဆာအကြောင်း သိထားသင့်တဲ့ အချက်တွေကို
ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
သွိုင်းရွိုက်ကင်ဆာကို အမျိုးအစားအားဖြင့် ငါးမျိုးသတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- Papillary Thyroid Cancer
- Medullary Thyroid Cancer
- Follicular Thyroid Cancer
- Anaplastic Thyroid Cancer
- Thyroid Lymphoma
သွိုင်းရွိုက်ကင်ဆာကို ခံစားရတဲ့ အခါမှာ လည်ပင်းမှာ အဖုထွက်ခြင်း၊
ချောင်းဆိုးခြင်း၊ အသံအက်ခြင်း၊ လည်ချောင်းတစ်ဝိုက် နာကျင်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊
လည်ပင်းပြန်ရည်ကျိတ်များ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့
အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာပျောက်ကင်းခဲ့ခြင်း
မရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
သွိုင်းရွိုက်ကင်ဆာကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- အမျိုးသမီးဖြစ်ခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- ရင်သားကင်ဆာဖြစ်ဖူးခြင်း
- ဓာတ်ကင်ကုသမှုခံယူဖူးခြင်း
- မျိုးရိုးလိုက်ခြင်း
- အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း
သွိုင်းရွိုက်ကင်ဆာကို ခွဲစိတ်ကုသခြင်း၊ သွိုင်းရွိုက်ဟော်မုန်း
ကုထုံးခံယူခြင်း၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများကို အသုံးပြုပြီး ကုသခြင်း၊ ဓာတ်ကင်ကုသခြင်း၊
ကီမိုဆေးသွင်းကုသခြင်းစတဲ့ နည်းလမ်းများ အသုံးပြုပြီး သက်သာပျောက်ကင်းအောင် ကုသနိုင်မှာ
ဖြစ်ပါတယ်။
REF: HealthLine, MayoClinic, WebMD
