နှလုံးသွေးကြောမကြီးကွဲခြင်း

  • 19 Dec, 2019
  • အဖြစ်များသောရောဂါများ

နှလုံးသွေးကြောမကြီး ဆိုတာကတော့ နှလုံးမှ ထုတ်လွှတ်ပေးလိုက်တဲ့ သွေးတွေကို ခန္ဓာကိုယ် နေရာ အနှံ့အပြားကို ပို့ဆောင် ပေးလျက်ရှိတဲ့ ပင်မသွေးကြော တစ်ခုပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောမကြီး ကွဲခြင်းကို သွေးကြောမကြီးရဲ့ နံရံတွေ အားနည်းနေတဲ့ အခါမျိုးတွေမှာ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။

နှလုံးသွေးကြောမကြီး ဆိုတာကတော့ နှလုံးမှ ထုတ်လွှတ်ပေးလိုက်တဲ့ သွေးတွေကို ခန္ဓာကိုယ် နေရာ အနှံ့အပြားကို ပို့ဆောင် ပေးလျက်ရှိတဲ့ ပင်မသွေးကြော တစ်ခုပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောမကြီး ကွဲခြင်းကို သွေးကြောမကြီးရဲ့ နံရံတွေ အားနည်းနေတဲ့ အခါမျိုးတွေမှာ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။

နှလုံးသွေးကြောမကြီး ကွဲခြင်းကို ခံစားရတဲ့ အခါမှာ နှလုံးသွေးကြောမကြီးရဲ့ အတွင်းလွှာနဲ့ အလယ်လွှာ စတင် ကွဲထွက်ပြီး သွေးများ လျှံထွက်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ နှလုံးသွေးကြောမကြီးရဲ့ အပြင်လွှာပါ ကွဲထွက်သွားခဲ့မယ် ဆိုရင်တော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

နှလုံးသွေးကြောမကြီးကွဲခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ 

  • အမျိုးအစား အေ (Type A)

နှလုံးအနီးမှာ တည်ရှိနေတဲ့ အတက် သွေးကြောမကြီး ကွဲထွက်ခြင်းကို ခံစားရတဲ့ အခါမှာ အမျိုးအစားအေ နှလုံးသွေးကြောမကြီးကွဲခြင်း အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးအစားအေ နှလုံးသွေးကြောမကြီး ကွဲခြင်းဟာ အမျိုးအစားဘီ နှလုံးသွေးကြောမကြီး ကွဲခြင်းထက် ပိုမို အဖြစ်များပါတယ်။

  • အမျိုးအစား ဘီ (Type B)

အဆင်း‌ သွေးကြောမကြီး ကွဲထွက်ခြင်းကို ခံစားရတဲ့ အခါမှာတော့ အမျိုးအစားဘီ နှလုံးသွေးကြောမကြီးကွဲခြင်း အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

နှလုံးသွေးကြောမကြီး ကွဲထွက်ခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အသက်ရှုမဝခြင်း
  • မူးဝေခြင်း
  • ချွေးထွက်လွန်ကဲခြင်း
  • ကိုယ်တစ်ခြမ်း အားနည်းခြင်း
  • စကားပြောရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း
  • ရင်ဘတ်၊ နောက်ကျော၊ ဝမ်းဗိုက်များ နာကျင်ကိုက်ခဲခြင်း
  • လှုပ်ရှားရခက်ခဲခြင်း 
  • အမြင်အာရုံဝေဝါးခြင်း
  • ခြေထောက်နာကျင်ခြင်း
  • သတိလစ်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း

နှလုံးသွေးကြောမကြီးကွဲခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်တာကြောင့် တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

နှလုံးသွေးကြောမကြီး ကွဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန် မြင့်တက်ခြင်း
  • ဆေးရွက်ကြီး သုံးစွဲခြင်း
  • ဆေးလိပ်သောက်ခြင်း
  • သွေးကြောမအဆို့ရှင် ပျက်စီးခြင်း
  • နှလုံး ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း
  • ရင်ဘတ်အကျိတ်ဖြစ်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • ကိုကိန်းအသုံးပြုခြင်း
  • အဆီပိတ်ရောဂါ ဖြစ်ပွားခြင်း
  • နှလုံးသွေးကြောကျဥ်းခြင်း

နှလုံးသွေးကြောမကြီး ကွဲခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အသီးအနှံများ စားသုံးပေးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • အငံများသော အစားအစာများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • နှလုံးစစ်ဆေးမှုများ ပြုလုပ်ခြင်း
  • ကိုယ်အလေးချိန် ထိန်းညှိခြင်း
REF: HealthLineMayoClinicMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.