ဘောလုံးကန်ခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 18 Dec, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ဘောလုံး အားကစားဟာဆိုရင် ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး အားကစားတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဘောလုံးကန်ရတာ ပျော်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း အကျိုးကျေးဇူး များစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးကန်ခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဘောလုံး အားကစားဟာဆိုရင် ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး အားကစားတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဘောလုံးကန်ရတာ ပျော်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း အကျိုးကျေးဇူး များစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးကန်ခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • နှလုံးကျန်မာရေးကို အထောက်အကူဖြစ်စေခြင်း

ဘောလုံးတစ်ပွဲကန်မယ်ဆိုရင် ကစားသမား တစ်ဦးအနေနဲ့ ပျမ်းမျှ (၅) မိုင်ကနေ (၇) မိုင်ခန့်အထိ ပြေးလွှား လှုပ်ရှားရမှာ ဖြစ်ပါတယ်။ အခုလို တရစပ် ပြေးလွှားလှုပ်ရှားရခြင်းကြောင့် နှလုံးစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မှာ ဖြစ်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးကန်ခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်မှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • အဆီကျစေခြင်း

ဘောလုံးကစားခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို ‌လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးကန်တဲ့ အခါမှာ ပြေးလွှားလှုပ်ရှားရခြင်း၊ အမြင့်ခုန်ရခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ကြွက်သားများကိုလည်း ကျစ်လစ်ခိုင်မာစေမှာ ဖြစ်ပါတယ်။

  • အရိုးများကို ကြံ့ခိုင်သန်စွမ်း‌စေခြင်း

အသက်ကြီးလာတာနဲ့အမျှ လူသားတွေရဲ့ အရိုးသန်စွမ်းမှုတွေ ကျဆင်းသွားလေ့ ရှိကြပါတယ်။ ဘောလုံးကစားတဲ့ အခါမှာ ခန္ဓာကိုယ် တစ်ခုလုံးကို လှုပ်ရှားမှုတွေ ပြုလုပ်ရမှာ ဖြစ်တာကြောင့် အရိုးများကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်သလို အသက်ကြီးလာရင် ခံစားရလေ့ရှိတဲ့ အရိုးနဲ့ သက်ဆိုင်တဲ့ ဝေဒနာများ ခံစားရခြင်းကိုလည်း ကာကွယ်နိုင်မယ်မှာ ဖြစ်ပါတယ်။

  • ဦးနှောက် စွမ်းဆောင်ရည် မြင့်တက်လာခြင်း

ဘောလုံးကန်တဲ့ အခါမှာ တစ်ဖက် ကစားသမားတွေရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ကို အလျင်အမြန် ချမှတ်ကာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို၊ တစ်ဖက် ကစားသမားတွေရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ်သွားအောင် အာရုံစူးစိုက်ပြီး စောင့်ကြည့်နေဖို့ လိုအပ်မှာ ဖြစ်တာကြောင့် ဦးနှောက် စွမ်းဆောင်ရည်လည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

  • စိတ်ဝေဒနာများ ခံစားရမှုကို ကာကွယ်ပေးခြင်း

ဘောလုံးကန်ခြင်းကြောင့် ကိုယ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်သလို စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးကစားနည်းဟာ တစ်ဦးတစ်ယောက် အပေါ် မှီခိုတဲ့ ကစားနည်းမဟုတ်တဲ့အပြင် လူအများနဲ့ လိုက်လျောညီထွေ ဆက်ဆံတက်ဖို့ လိုအပ်တဲ့ ကစားနည်းတစ်ခုဖြစ်တာကြောင့် သူငယ်ချင်း အပေါင်းအသင်း အသစ်များ ရရှိခြင်း၊ လူမှုဆက်ဆံ‌ရေး ကောင်းမွန်လာခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးကစားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း စိတ်ပျော်ရွှင် ဟော်မုန်းတွေ ထွက်ရှိလာမှာ ဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေမှာ ဖြစ်ပါတယ်။

REF: CoachUp

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.