အမြဲတမ်းနီးပါး ရေဆာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 18 Dec, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

အစပ်စားလိုက်တဲ့ အခါမှာ၊ နေပူထဲကနေ ပြန်လာတဲ့ အခါမျိုးတွေ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်ပြီးတဲ့ အခါမှာ ရေဆာခြင်းကို ခံစားရတာ ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ အကြောင်းပြချက်မရှိ မကြာခဏ ရေဆာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် အမြဲတမ်းနီးပါး ရေဆာခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

အစပ်စားလိုက်တဲ့ အခါမှာ၊ နေပူထဲကနေ ပြန်လာတဲ့ အခါမျိုးတွေ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်ပြီးတဲ့ အခါမှာ ရေဆာခြင်းကို ခံစားရတာ ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ အကြောင်းပြချက်မရှိ မကြာခဏ ရေဆာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် အမြဲတမ်းနီးပါး ရေဆာခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဆီးချိုရောဂါ ခံစားနေရခြင်း

ဆီးချိုရောဂါ အမျိုးအစား (၁) ၊ အမျိုးအစား (၂) တို့ကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ရေဓာတ် ခမ်းခြောက်ခြင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သွေးတွင်း သကြားပမာဏ များပြားလာတဲ့ အခါမှာ ကျောက်ကပ်နေတဲ့ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပစ်လေ့ ရှိကြပါတယ်။ မကြာခဏ ဆီးသွားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုနဲ့ ရင်ဆိုင်ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ မကြာခဏ ရေဆာခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ဆီးချိုရောဂါ ခံစားနေရခြင်း ရှိမရှိ သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးသင့်ပါတယ်။

  • ခန္ဓာကိုယ်တွင်း အငံဓာတ် လွန်ကဲခြင်း

သင့်အနေနဲ့ အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို စားသုံးတဲ့ အခါမှာလည်း မကြာခဏ ဆီးသွားခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ မကြာခဏ ဆီးသွားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်ခြင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး မကြာခဏ ရေဆာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ခံတွင်းခြောက်ခြင်း

ပါးစပ်အတွင်းမှာ တည်ရှိနေတဲ့ တံတွေးဂလင်းတွေ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း မရှိတဲ့ အခါမှာ ခံတွင်းခြောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ခံတွင်းခြောက်ခြင်းကြောင့် ခံတွင်းအနံ့ဆိုးထွက်ခြင်း၊ အစာစားရခက်ခဲခြင်း၊ မကြာခဏရေဆာခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အသက်အရွယ်ကြီးမြင့်ခြင်း၊ ဆေးခြောက်သုံးစွဲခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း၊ အချို့သော ဆေးဝါးများ သုံးစွဲခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံတွင်းခြောက်ခြင်းကို ခံစားရနိုင်ပါတယ်။

  • သွေးအားနည်းခြင်း

နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးဖို့ အတွက် ကျန်းမာသန်စွမ်းတဲ့ သွေးနီဥတွေ တည်ရှိနေဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးနီဥ အရေအတွက် နည်းပါးနေခဲ့မယ်ဆိုရင် သွေးအားနည်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးအားနည်းခြင်းကြောင့် မကြာခဏရေဆာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • သွိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း

သွိုင်းရွိုက်ဂလင်းမှာ ပြဿနာ တစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးတွေမှာ ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းနဲ့ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။ သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကြောင့် အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်အပူချိန်ကျဆင်းခြင်း၊ ဝမ်းလျှောခြင်း၊ မကြာခဏရေဆာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • နွေရာသီဖြစ်ခြင်း

ပူပြင်းတဲ့ နွေရာသီမှာ လှုပ်ရှားသွားလာရတဲ့ အခါမျိုးတွေမှာ ပုံမှန်ထက် ပိုပြီးချွေးထွက်လွန်ကဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ချွေးထွက်လွန်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်လာတဲ့ အခါမျိုးတွေမှာလည်း မကြာခဏ ရေဆာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

REF: Prevention

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.