အသံအိုးရောင်ရမ်းခြင်း (Laryngitis)

  • 18 Dec, 2019
  • သွားနှင့်ခံတွင်း

အသံအိုးရောင်ရမ်းခြင်း ဆိုတာကတော့ လည်မျိုအတွင်းမှာ တည်ရှိနေတဲ့ အသံအိုး ဒါမှမဟုတ် အသံကြိုးကို အလွန်အမင်း အသုံးပြုခြင်း၊ ရောဂါပိုးဝင်ခြင်းတို့ကြောင့် ခံစားရ‌လေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အသံအိုးရောင်ရမ်းခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

အသံအိုးရောင်ရမ်းခြင်း ဆိုတာကတော့ လည်မျိုအတွင်းမှာ တည်ရှိနေတဲ့ အသံအိုး ဒါမှမဟုတ် အသံကြိုးကို အလွန်အမင်း အသုံးပြုခြင်း၊ ရောဂါပိုးဝင်ခြင်းတို့ကြောင့် ခံစားရ‌လေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အသံအိုးရောင်ရမ်းခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • ခဏတာ အသံအိုးရောင်ရမ်းခြင်း (Acute Laryngitis)

အသံအိုးရောင်ရမ်းခြင်းကို အများဆုံး သုံးပတ်သာ ခံစားရမယ် ဆိုရင်တော့ ခဏတာ အသံအိုးရောင်ရမ်းခြင်း အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ခဏတာ အသံအိုး ရောင်ရမ်းခြင်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ စကားပြောဆိုရာမှာ အော်ဟစ်ပြောဆိုလေ့ရှိခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။

  • နာတာရှည် အသံအိုးရောင်ရမ်းခြင်း (Chronic Laryngitis)

နာတာရှည် အသံအိုး‌ရောင်ရမ်းခြင်းကိုတော့ မီးခိုးငွေ့တွေ၊ ဓါတုဗေဒဓာတ်ငွေ့တွေကို ကာလရှည် ရှူရှိုက်မိခြင်း၊ မကြာခဏ ထိပ်ကပ်နာရောဂါကို ခံစားနေရခြင်း၊ ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း၊ လည်မျိုတွင်း မှိုစွဲခြင်းစတဲ့ အကြောင်းအရင်းများကြောင့် နာတာရှည် အသံအိုးရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

အသံအိုးရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အသံမထွက်ခြင်း
  • အသံအားပျော့ခြင်း
  • လည်ချောင်းနာခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • အပျော့စားဖျားနာခြင်း
  • မကြာခဏ ချောင်းဆိုးခြင်း
  • စကားပြောရခက်ခဲခြင်း
  • လည်ချောင်းယားခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေအပြင် အသံအိုးမှာ အနာများဖြစ်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ ချောင်းဆိုရာသွေးပါခြင်း၊ အပြင်းဖျားခြင်း၊ လည်ချောင်းတွင်း အပြင်းအထန် နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါတယ်။

အသံအိုးရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မှုကို ရှောင်ကြဥ်ခြင်း
  • လက်ကိုပုံမှန်ဆေးကြောခြင်း
  • ခန္ဓာကိုယ်ကို အဆိပ်သင့်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းများ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဥ်ခြင်း
  • နှလုံးအောင့်ခြင်း၊ အစာမကျေခြင်းကို ဖြစ်စေနိုင်တဲ့ အစားအစာများ စားသုံးမှုကို ‌ရှောင်ကြဥ်ခြင်း
  • အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
  • ရေဓာတ် ပုံမှန်ဖြည့်တင်းပေးခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.