သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (Hyperthyroidism) အကြောင်း သိကောင်းစရာများ

  • 18 Dec, 2019
  • အဖြစ်များသောရောဂါများ

သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (Hyperthyroidism) ဆိုတာကတော့ သွိုင်းရွိုက်ဂလင်းတွေ အလွန်အမင်း အလုပ်လုပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်းတွေ များပြားလာခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်း အနေနဲ့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖြစ်စဥ်နဲ့ ဇီဝဗေဒလုပ်ငန်းစဥ်ကို ထိန်းချုပ်ထားတာကြောင့် တကယ်လို့ ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲလာခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစုမှာ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (Hyperthyroidism) ဆိုတာကတော့ သွိုင်းရွိုက်ဂလင်းတွေ အလွန်အမင်း အလုပ်လုပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်းတွေ များပြားလာခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်း အနေနဲ့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖြစ်စဥ်နဲ့ ဇီဝဗေဒလုပ်ငန်းစဥ်ကို ထိန်းချုပ်ထားတာကြောင့် တကယ်လို့ ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲလာခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစုမှာ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဂရေ့ရောဂါ (Grave Disease)

ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတေ့ ဂရေ့ရောဂါ (Grave Disease) ခံစားရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဂရေ့ရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း ထုတ်လွှတ်မှု လွန်ကဲလာမှာ ဖြစ်သလို ကိုယ်အလေးချိန်ကျဆင်းခြင်း၊ သွိုင်းရွိုက်ဂလင်းများ ကြီးထွားလာခြင်း၊ မျက်လုံးပြူးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • သွိုင်းရွိုက်အကျိတ်ဖြစ်ခြင်း (Nodular Thyroid Disease)

သွိုင်းရွိုက်ဂလင်း အတွင်းမှာ အကျိတ်ဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ သွိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း ထုတ်လွှတ်မှု လွန်ကဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ သွိုင်းရွိုက်ဂလင်း အကျိတ်ဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ သွိုင်းရွိုက်ဂလင်းများ ကြီးထွားလာခြင်း၊ အသက်ရှူမဝခြင်း၊ အစာစားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • အိုင်အိုဒင်းဓာတ် လွန်ကဲခြင်း

သွိုင်းရွိုက်ဟော်မုန်း ထုတ်လွှတ်ဖို့ အတွက် အိုင်အိုဒင်းဓာတ်ကို လိုအပ်ပါတယ်။ ဒါပေမယ့် အိုင်အိုဒင်း ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်အားဆေးတွေကို အလွန်အမင်း သုံးစွဲခဲ့မယ်ဆိုရင် ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော နှလုံးရောဂါကို ကုသရာမှာ သောက်သုံးရလေ့ရှိတဲ့ ဆေးဝါးတွေမှာ အိုင်အိုဒင်းဓာတ် အလွန်အမင်း ပါဝင်လေ့ ရှိကြပါတယ်။ ဒါကြောင့် အဆိုပါ ဆေးဝါးတွေ သောက်သုံးမိတဲ့ အခါမှာလည်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သွိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း၊ သားဥအိမ်၊ ဝှေးစေ့တို့မှာ အကျိတ်ဖြစ်ခြင်း၊ သွိုင်းရွိုက်ဟော်မုန်း ထုတ်လွှတ်မှုကို မြင့်တက်စေတဲ့ ဆေးဝါးများ သောက်သုံးနေရခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

သွိုင်းရွိုင်ဟော်မုန်း လွန်ကဲခြင်းကို ခံစားရတဲ့ အခါမှာ လည်ပင်းရောင်ရမ်းခြင်း၊ စိတ်ခံစားချက်များ ပြောင်းလဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အမျိုးသားများ ရင်သားကြီးထွားလာခြင်း၊ ဝမ်းပျက်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ချွေးထွက်လွန်ကဲခြင်း၊ တက်ကြွလွန်ခြင်း၊ အပူဒဏ်မခံနိုင်ခြင်း၊ အစာစားချင်စိတ် လွန်ကဲခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မျိုးပွားနိုင်စွမ်း ကျဆင်းခြင်း၊ လိင်စိတ်နည်းပါးခြင်း၊ အရေပြား ယားယံခြင်း၊ ရာသီစက်ဝန်း မူမမှန်ခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်ခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း၊ ခြေတုန်၊ လက်တုန်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ဝေဒနာတွေကို ခံစားနေရတဲ့အပြင် မူးဝေခြင်း၊ အသက်ရှူနှုန်း မူမမှန်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း၊ သတိလစ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင် လေဖြတ်ခြင်း၊ နှလုံးအလုပ်မလုပ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် ကုသမှုတွေ ခံယူသင့်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.