အသားပုပ်ခြင်း (Gangrene) အကြောင်း သိကောင်းစရာများ
- 17 Dec, 2019
- အဖြစ်များသောရောဂါများ
အသားပုပ်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း အချို့သော အစိတ်အပိုင်းမှ တစ်သျှူးများ သေဆုံးသွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု စနစ်များ အနေနဲ့ အဆိုများ တစ်သျှူးများဆီကို လုံလောက်တဲ့ သွေးပို့လွှတ်မှု မရှိတဲ့ အခါမှာ တစ်သျှူးများ သေဆုံးခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
အသားပုပ်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း အချို့သော အစိတ်အပိုင်းမှ
တစ်သျှူးများ သေဆုံးသွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု
စနစ်များ အနေနဲ့ အဆိုများ တစ်သျှူးများဆီကို လုံလောက်တဲ့ သွေးပို့လွှတ်မှု မရှိတဲ့
အခါမှာ တစ်သျှူးများ သေဆုံးခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
အသားပုပ်ခြင်းကို နှလုံးနဲ့ ဝေးကွာတဲ့ နေရာတွေမှာ ခံစားရလေ့ရှိပြီး
များသောအားဖြင့် ခြေချောင်း၊ လက်ချောင်းတွေမှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အသားပုပ်ခြင်း
ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေမှာလည်း ခံစားရလေ့ ရှိကြပါတယ်။
အသားပုပ်ခြင်းကို အမျိုးအစားအားဖြင့် သုံးမျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- Dry Gangrene (ခြောက်သွေ့အသားပုပ်ခြင်း)
ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန်
အတွက် အောက်ဆီဂျင်ဓာတ်ကို မဖြစ်မနေ လိုအပ်ပါတယ်။ အဆိုပါ အောက်ဆီဂျင်ဓာတ်ကို သွေးလွှတ်ကြောတွေကနေ
တစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့ကို ပို့လွှတ်ပေးလျက် ရှိပါတယ်။ ခြောက်သွေ့အသားပုပ်ခြင်းကို
အောက်ဆီဂျင်ဓာတ် အလုံအလောက် ရရှိခြင်း မရှိတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။
- Wet Gangrene (အစိုအသားပုပ်ခြင်း)
အစိုအသားပုပ်ခြင်း ဆိုတာကတော့ ဘက်တီးရီးယား ရောဂါပိုး ကူးစက်ခြင်းကြောင့်
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုး ကူးစက် ဝင်ရောက်ခြင်းကြောင့်
ရောဂါပိုး ကူးစက်ခံရတဲ့ နေရာမှ တစ်သျှူးများ သေဆုံးသွားပြီး အသားပုပ်ခြင်းကို ခံစားရမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် အစိုအသားပုပ်ခြင်းကို ခန္ဓာကိုယ် အစိတ်အပိုင်း တစ်နေရာမှာ ခံစားရတဲ့
အခါမှာ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ကူးစက်သွားလေ့ရှိတာကြောင့် အမြန်ဆုံး
ကုသမှု ခံယူသင့်ပါတယ်။
- Gas Gangrene (ဂက်စ်အသားပုပ်ခြင်း)
(Clostridia) ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် တစ်သျှူးများ
သေဆုံးပြီး အသားပုပ်ခြင်းကို ခံစားရတဲ့ အခါမှာ ဂက်စ်အသားပုပ်ခြင်း အဖြစ် သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။ ဂက်စ်အသားပုပ်ခြင်းဟာ အဖြစ်နည်းတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် အသက်သေဆုံးမှုကို
ဖြစ်ပွားစေနိုင်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
အသားပုပ်ခြင်းကို ဆီးချိုရောဂါ ဖြစ်ပွားခြင်း၊ သွေးခဲခြင်း၊
အူအတက်ရောင်ခြင်း၊ အူကျခြင်း၊ ရေးနော့ဒ်ရောဂါ (Raynaud’s Disease) ခံစားနေရခြင်း၊
သွေးကြောကျဥ်းခြင်း၊ ခုခံအားကျဆင်းခြင်း၊ ခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊ အပြင်းအထန် ထိခိုက်ဒဏ်ရာ
ရရှိဖူးခြင်း၊ ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊
အဝလွန်ခြင်း၊ ကင်ဆာရောဂါ ကုထုံးများ ခံယူဖူးခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့
ရှိကြပါတယ်။
အသားပုပ်ခြင်းကို ခံစားရတဲ့ အခါမှာ အသားအရေ ခြောက်သွေ့ခြင်း၊
အသားအရေ ပြာနှမ်းခြင်း၊ ထုံကျဥ်ခြင်း၊ အေးစက်ခြင်း၊ နာကျင်ခြင်း၊ ဖျားနာခြင်း၊ ပြည်တည်ခြင်း၊
နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းမူးခြင်း၊ အသားအရောင်
ဖျော့တော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသားပုပ်ခြင်းကြောင့်
ခြေလက်အင်္ဂါများ လှုပ်ရှား၍မရခြင်း၊ အသက်သေဆုံးခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့်
အသားပုပ်ခြင်းကို ခံစားရတာနဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
အသားပုပ်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းများကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ပိုးသတ်ဆေးများ သုံးစွဲခြင်း
- သွေးကြော ခွဲစိတ်ကုသခြင်း
- အောက်ဆီဂျင်ကုထုံး ခံယူခြင်း
- တစ်သျှူးများ ခွဲစိတ်ဖယ်ရှားခြင်း
REF: HealthLine, WebMD
