နို့ရည်စိမ့်ခြင်း (Galactorrhea) အကြောင်း သိထားသင့်တဲ့ အချက်များ
- 17 Dec, 2019
- အမျိုးသမီးကျန်းမာရေး
နို့ရည်စိမ့်ခြင်းဆိုတာကတော့ ကိုယ်ဝန်ဆောင်နေစဥ်ကာလ ဒါမှမဟုတ် မီးဖွားပြီးချိန်ကာလ မဟုတ်ဘဲ သားမြတ်ခေါင်းမှ နို့ရည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နို့ရည်စိမ့်ထွက်ခြင်းကို အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး အနေနဲ့ ခံစားရနိုင်ပေမယ့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေ အနေနဲ့ ပိုမို ခံစားရမှာ ဖြစ်ပါတယ်။ နို့ရည်စိမ့်ခြင်းကို ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက် တစ်ခုခုကို ခံစားရတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။
နို့ရည်စိမ့်ခြင်းဆိုတာကတော့ ကိုယ်ဝန်ဆောင်နေစဥ်ကာလ ဒါမှမဟုတ်
မီးဖွားပြီးချိန်ကာလ မဟုတ်ဘဲ သားမြတ်ခေါင်းမှ နို့ရည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်းကို
ဆိုလိုတာပဲ ဖြစ်ပါတယ်။ နို့ရည်စိမ့်ထွက်ခြင်းကို အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး
အနေနဲ့ ခံစားရနိုင်ပေမယ့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေ အနေနဲ့ ပိုမို ခံစားရမှာ
ဖြစ်ပါတယ်။ နို့ရည်စိမ့်ခြင်းကို ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက် တစ်ခုခုကို ခံစားရတဲ့
အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။
နို့ရည်စိမ့်ထွက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အချက်တော့ နို့ထွက်ခြင်းကို
ဖြစ်ပွားစေတဲ့ (Prolactin) ဟော်မုန်း အလွန်အမင်း များပြားလာခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း (Prolactin) ဟော်မုန်း များပြားလာတဲ့
အခါမှာ နို့ရည်စိမ့်ထွက်ခြင်းအပြင် အမျိုးသမီးတွေ အနေနဲ့ ရာသီထိမ်ခြင်း၊ ရာသီချိန်မမှန်ခြင်း၊
လိင်စိတ်ကျဆင်းခြင်း၊ အမွေးအမျှင်ထူထပ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ
ဖြစ်သလို အမျိုးသားတွေ အနေနဲ့ လိင်စိတ်ကျဆင်းခြင်း၊ သုက်ထုတ်လွှတ်မှု နည်းပါးခြင်းစတဲ့
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း၊
သွေးပေါင်ကျဆေးများ သောက်သုံးခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါများ ခံစားနေရခြင်း၊ အဆုတ်ကင်ဆာ
ခံစားနေရခြင်း၊ စိတ်ကျဝေဒနာ သက်သာစေတဲ့ဆေးများ သောက်သုံးခြင်း၊ အသည်းခြောက်ခြင်း၊ မူးယစ်ဆေးဝါး
သုံးစွဲခြင်း၊ ကျောရိုးမမှာ ထိခိုက်ဒဏ်ရာရခြင်း၊ ကျောရိုးမ ခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊
ကျားဟော်မုန်း နည်းပါးခြင်း၊ အာရုံကြောဝေဒနာများ ခံစားနေရခြင်း၊ လိင်ဆက်ဆံစဥ် ရင်သားကို
နှိုးဆွမှု လွန်ကဲခြင်း၊ စိတ်ဖိစီးမှု များပြားခြင်း၊ သန္ဓေတားဆေးများ သုံးစွဲဖူးခြင်းစတဲ့
အကြောင်းအရင်းတွေကြောင့်လည်း နို့ရည်စိမ့်ထွက်ခြင်းကို ခံစားရနိုင်ပါတယ်။
နို့ရည်စိမ့်ခြင်းရဲ့ လက္ခဏတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- သားမြတ်ခေါင်းမှ နို့ရည်များ မကြာခဏ ဒါမှမဟုတ် အမြဲတမ်း စိမ့်ထွက်နေခြင်း
- နို့ရည်ပြွန် အများအပြားမှ နို့ရည်များ စိမ့်ထွက်နေခြင်း
- အလိုအလျောက် နို့ရည်များ စိမ့်ထွက်နေခြင်း
- သားမြတ်ခေါင်းကို ဖိလိုက်တာနဲ့ နို့ရည်များ စိမ့်ထွက်လာခြင်း
- သားမြတ် တစ်ဖက်တည်းမှ ဒါမှမဟုတ် နှစ်ဖက်လုံးမှ နို့ရည်များ စိမ့်ထွက်ခြင်း
- ရာသီချိန် မမှန်ခြင်း
- လိင်စိတ်ထကြွမှု မရှိခြင်း
- ရင်သားများ နာကျင်ခြင်း
- ရာသီထိမ်ခြင်း
- ခေါင်းကိုက်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို
ခံစားနေရတဲ့အပြင် ကိုယ်ဝန်လည်းမရှိ၊ နို့ချိုတိုက်ကျွေးစရာ ကလေးငယ်လည်း မရှိဘဲ သားမြတ်
တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှ နို့ရည် စိမ့်ထွက်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။
နို့ရည်စိမ့်ထွက်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- နို့ရည်စိမ့်ထွက်ခြင်းကို ဖြစ်ပွားစေတဲ့ ဆေးဝါးများ သောက်သုံးမှုကို
ရှောင်ကြဥ်ခြင်း
- Prolactin ဟော်မုန်း ထွက်ရှိမှုကို လျော့ချပေးတဲ့ ဆေးဝါးများ သောက်သုံးခြင်း
- သွိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှု မြင့်တက်စေရန် ဆေးဝါးများ
သောက်သုံးခြင်း
- ကျားဟော်မုန်း အစားထိုး ကုသမှု ခံယူခြင်း
- နို့ရည်စိမ့်ခြင်းကို ဖြစ်ပွားစေတဲ့ ကျူမာအကျိတ်များကို ခွဲစိတ်
ဖယ်ရှားခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ချင်တယ်
ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားမှုအတိုင်းသာ လုပ်ဆောင်သင့်ပါတယ်။
REF: MedicalNewsToday, HealthLine